၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ လူစစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ လူစစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်နိုင်ရန်အတွက် ၂၉-၄-၂၀၂၄ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်၌ လူစစ်ဆေးခြင်းနှင့် နံနက် ၁၀:၀၀ နာရီအချိန်တွင် အဆိုပါပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကို ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး ၊ မြို့နယ်အလိုက်အားကစားမှူးများနှင့် တာဝန်ခံများ ၊ နည်းပြ/အုပ်ချုပ်အဖွဲ့ဝင်များ ၊ အသင်းကိုယ်စားလှယ်များ ၊ ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ခဲ့ကြကြောင်းသိရှိခဲ့ရပြီး အဆိုပါပြိုင်ပွဲကို ၃၀-၄-၂၀၂၄ ရက်နေ့မှ ၇-၅-၂၀၂၄ ရက်နေ့ထိ ပြည်နယ်အားကစားရုံတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပိုက်ကျော်ခြင်းအားကစားနည်းကို စိတ်ပါဝင်စားသူ […]
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တောင်ကြီးမြို့၊ ဧပြီလ(၂၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၂၉-၄-၂၀၂၄ ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြာရေးမှူး ဒေါ်နော်မေရီမိုးနှင့် ပြိုင်ပွဲဝင်အားကစားသမား ၂၄၀ ဦးတို့က တက်ရောက်ခဲ့ကြပြီး လူငယ်များအထွေထွေဗဟုသုတနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းနိုင်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း ၊ ဒေါက်တာ မေမင်းသိမ့်က အဟာရအကြောင်းသိကောင်းစရာ ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ ပြည်နယ်ပတ်ဝန်းကျင်နှင့်သဘာဝထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးကျော်က မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇော်အောင်က မြန်မာနိုင်ငံရှိတိုင်းရင်းသားမျိုးနွယ်စုများအကြောင်းသိကောင်းစရာ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများအား […]
“လူ့အခွင့်အရေးဆိုင်ရာ အညွှန်းကိန်းများနှင့်စပ်လျဉ်း၍ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR)”၏ ဆွေးနွေးပွဲသို့ လူငယ်ရေးရာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့က Virtual စနစ်ဖြင့်တက်ရောက်

“လူ့အခွင့်အရေးဆိုင်ရာ အညွှန်းကိန်းများနှင့်စပ်လျဉ်း၍ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR)”၏ ဆွေးနွေးပွဲသို့ လူငယ်ရေးရာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့က Virtual စနစ်ဖြင့်တက်ရောက် နေပြည်တော်၊ ဧပြီလ (၂၉)။ အင်ဒိုနီးရှားနိုင်ငံ၊ အာဆီယံအစိုးရများဆိုင်ရာလူ့အခွင့်အရေးကော်မရှင်(Indonesia AICHR) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့နှင့် (၃၀)ရက်နေ့များတွင် အင်ဒိုနီးရှားနိုင်ငံ၊ Tangerang မြို့တွင်လည်းကောင်း၊ virtual စနစ်ဖြင့်လည်းကောင်း Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့သည့် “လူ့အခွင့်အရေးဆိုင်ရာ အညွှန်းကိန်းများနှင့်စပ်လျဉ်း၍ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR)”၏ ဆွေးနွေးပွဲသို့ လက်ရှိအာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ ဥက္ကဋ္ဌ (SOMY Chair)ဖြစ်သူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပထမနေ့ ဆွေးနွေးပွဲကို ယနေ့နံနက် (၀၈:၀၀)နာရီမှ […]
(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဧပြီ (၂၉)။ (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည် တော်၊ ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဇွန်(၁)ရက်မှ (၉)ရက်အထိ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဗိုဗီနမ်နှင့်ရေကူး အားကစားနည်း(၂)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်း၊ (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အဆင့်အတန်းမီမီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြိုင်ပွဲကာလနီးကပ်လာပြီဖြစ်သည့်အတွက် အားကစားသမားများ ထိခိုက်ဒဏ်ရာ မရရှိစေရန် နည်းပြများမှ အနီးကပ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ […]
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဧပြီ ၃၀။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၂၉.၄.၂၀၂၄)ရက်နေ့၊ ညနေ (၁၅း၀၀) နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသော အသင်းများနှင့် အကောင်းဆုံးဆုရရှိသော အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီ နာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။
၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၁ဝ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၁ဝ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ မော်လမြိုင်၊ ဧပြီ ၃၀။ ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၁ဝ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ၂၉.၄.၂၀၂၄ ရက်နေ့ နံနက် ၈ နာရီ အချိန် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။ ဆုပေးပွဲအခမ်းအနားတွင် အမျိုးသား ၃ယောက်တွဲ […]
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း (၁၃)ကြိမ်မြောက် အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည့်သတင်း
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း (၁၃)ကြိမ်မြောက် အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည့်သတင်း
၂၀၂၄ခုနှစ် နွေရာသီလက်ဝှေ့အခြေခံသင်တန်းဆင်းပွဲနှင့်လက်ရည်စမ်းပွဲကျင်းပ

၂၀၂၄ခုနှစ် နွေရာသီလက်ဝှေ့အခြေခံသင်တန်းဆင်းပွဲနှင့်လက်ရည်စမ်းပွဲကျင်းပ ရန်ကုန်၊ဧပြီ(၂၇)ရက်။ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေပြီး အားကစားကို ဝါသနာပါလာစေရန်၊ဗလငါးတန်းနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်သည့် လူငယ် /လူရွယ်များ ဖြစ်ပေါ်လာစေရန်နှင့် မိမိဝါသနာပါရာ အားကစားနည်းကို လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့်ကျွမ်းကျင်တတ်မြောက်ကာ စဉ်ဆက်မပြတ် လေ့ကျင့်ပြီး နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ၊ မြန်မာနိင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ ၂၀၂၄ ခုနှစ် နွေရာသီလက်ဝှေ့အခြေခံသင်တန်းဆင်းပွဲနှင့် လက်ရည်စမ်းပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် လူငယ်လေ့ကျင့်ရေးစခန်းရှိ (YTC) မြန်မာနိင်ငံလက်ဝှေ့အဖွဲ့ချုပ်တွင်ကျင်းပခဲ့သည်။ ဦးစွာလက်ရည်စမ်းပြိုင်ပွဲများတွင် ၂၅ကီလို၊၂၆ကီလို၊၂၈ကီလို၊၄၉ကီလို၊၅၃ကီလို အထူးပွဲစဥ်များနှင့်၄၉ကီလို၊၅၃ကီလို၊၆၃ကီလို၊၇၃ကီလို၊၇၅ကီလိုတန်းများစုစုေပါင်းပွဲစဥ်(၁၅)ပွဲယှဉ်ပြိုင်ကြပြီး ပထမနှင့်ဒုတိယ ဆုရရှိသူများကိုမြန်မာနိင်ငံလက်ဝှေ့အဖွဲ့ချုပ်မှဒုတိယဥက္ကဌဦးလင်းဇာနည်ရွှေနှင့်တာဝန်ရှိပုဂ္ဂိုလ်များကဆုများ ၊ သင်တန်းဆင်းလက်မှတ်များအသီးသီးပေးအပ်ချီးမြင့်ခဲ့ကြသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား(၄၂)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။
ယူအေဘီဘဏ် ကြက်တောင်ဂျူနီယာချန်ပီယံရှစ်အမျိုးသား၊အမျိုးသမီးကြက်တောင်ပြိုင်ပွဲကျင်းပမည်

ယူအေဘီဘဏ် ကြက်တောင်ဂျူနီယာချန်ပီယံရှစ်အမျိုးသား၊အမျိုးသမီးကြက်တောင်ပြိုင်ပွဲကျင်းပမည် ရန်ကုန်၊ဧပြီ(၂၆ )ရက်။ မြန်မာနိုင်ငံကြက်တောင်အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ ကြက်တောင်အားကစားအောင်နိုင်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် စနစ်တကျဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နှင့်ပူးပေါင်း၍ Uab Bank Badminton Junior Championship 2024 ကြက်တောင်ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်က ပြုလုပ်သည့်စာနယ်ဇင်ရှင်းလင်းပွဲမှ သိရသည်။ ဦးစွာအားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားမူး မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးဘရန်မိုင်က အမှာစကားပြောကြားပြီးUABမှတာ၀န်ရှိသူဒေါ်ယဉ်သွယ်ဌေးကပြိုင်ပွဲအားအဓိကပံ့ပိုးပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါပြိုင်ပွဲတွင် အသက်(၉)နှစ်အောက်၊ (၁၁)နှစ်အောက်၊ (၁၃)နှစ်အောက်၊ (၁၅)နှစ်အောက်၊ (၁၇)နှစ်အောက်၊အသက်(၁၉)နှစ်အောက် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများ၊ အသက်(၁၅)နှစ်အောက်၊ အသက်(၁၇)နှစ်အောက်၊ အသက်(၁၉) နှစ်ေအာက်အမျိုးသားနှစ်ယောက်တွဲပြိုင် ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲအား မေ ၁ ရက်မှ ၄ ရက်နေ့အထိ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်အမျိုးသားကြက် တောင်အားကစားခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ခင်းကျင်းပြသထားသည့်ပြခန်းအား လိုက်လံကြည့်ရှုလေ့လာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ခင်းကျင်းပြသထားသည့်ပြခန်းအား လိုက်လံကြည့်ရှုလေ့လာ နေပြည်တော်၊ ဧပြီ (၂၇)။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ လူရည်ချွန်မောင်မယ်များ၊ ကင်းထောက်လူငယ်များ၊ ရေကျောင်းလူငယ်များ၊ လေကျောင်းလူငယ်များ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲအခမ်းအနားနှင့် ဝန်ကြီးဌာနများအလိုက် ခင်းကျင်းပြသထားသော ပြခန်းများအနက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ခင်းကျင်းပြသထားသည့် ပြခန်းတွင် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများ၏ ပုံတူရုပ်တုများ၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိခဲ့သည့် မှတ်တမ်းဓါတ်ပုံများ၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွင့်လှစ် သင်ကြားပေးခဲ့သည့် သင်တန်းမှတ်တမ်းဓါတ်ပုံများနှင့် […]