လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တောင်ကြီးမြို့၊ မေလ(၁၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ တောင်ကြီးခရိုင်လူငယ်ရေးရာကော်မတီ ၊ သားဖွားသင်တန်းကျောင်းတို့ပူးပေါင်းကျင်းပပြုလုပ်သည့် “ လူငယ်စကားဝိုင်း” နှင့် “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ၁၇.၅.၂၀၂၄ ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်သားဖွားသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဌ ဦးတင့်လှိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အောင်အောင်မျိုး၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးဆန်း ၊ ပြည်နယ်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်ခမ်း ၊ တောင်ကြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်း ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား/သင်တန်းသူ (၁၆၈)ဦးတို့ကတက်ရောက်ခဲ့ကြပြီး လူငယ်များအထွေထွေဗဟုသုတနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် “ လူငယ်စကားဝိုင်း” ကို ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ တောင်ကြီးခရိုင်လူငယ်ရေးရာကော်မတီဥက္ကဌက […]
အားကစားနည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

အားကစားနည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ မေ(၁၇)။ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် အားကစားသမားများအား နည်းစနစ်မှန်ကန်စွာ လေ့ကျင့်သင်ကြားပေးနိုင်စေရေးတို့ကို ရည်ရွယ်၍ အားကစားနည်းပြမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။ အစီအစဉ်အရ ဒုတိယဝန်ကြီး ဦးထိန်လင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နည်းပြများ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အားကစားနည်းပြမွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဖွင့်လှစ်ပေးခြင်းဖြင့် အရည်အချင်းပြည့်မီသော နည်းပြဆရာကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း အရည်အချင်းရှိသည့်နည်းပြများကို မြေတောင်မြှောက်ပေးလျက်ရှိပါကြောင်း၊ နည်းပြများအနေဖြင့်လည်း မိမိတို့၏အရည်အချင်းများ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည့်သတင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည့်သတင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်း နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C)ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အားကစားအသင်းများအလိုက် အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ဦးစွာ ၂၀၂၄ […]
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် နေပြည်တော် မေ(၁၄)ရက်။ ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၃)နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများတက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ အရှေ့တောင်အာရှနဲ့ အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ရေးဟာ ပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်တာကြောင့် မြန်မာဘောလုံးအသင်း အောင်မြင်မှုရရှိနိုင်ဖို့ […]
၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ ပဲခူး၊ မေလ(၁၅)ရက်။ ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေလ(၁၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများက (၂)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဥ်အဖြစ် တောင်ငူမြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှု၊ (၃)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဥ်အဖြစ် ပဲခူးမြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးကြသည်။ ထို့နောက်ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဥ်တစ်လျှောက်(၂)ယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသူနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသူတို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကို လူမှုရေးရာဝန်ကြီးဦးမျိုးအောင်ကလည်းကောင်း၊ (၂)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယဆုရရှိသော မိုးညိုမြို့နယ်အသင်းနှင့် (၃)ယောက်တွဲပြိုင်ပွဲ တတိယဆုရရှိသော သနပ်ပင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို သယံဇာတရေးရာဝန်ကြီးဦးတင်သိန်းကလည်းကောင်း၊ (၂)ယောက်တွဲဒုတိယဆုရရှိသော […]
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ ရန်ကုန်၊ မေ ၁၅။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၁၅) ရက် ညနေပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအားကစားကွင်းရှိ MFF ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု […]
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ မေ(၁၅)။ ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစား သမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ယနေ့ ဘော်လီဘော(အမျိုးသား) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၃)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ပြည်ထောင်စု နယ်မြေနေပြည်တော်အသင်းကို (၃)ပွဲ (၂)ပွဲဖြင့်လည်းကောင်း၊ (အမျိုးသမီး)ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ် များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ မေလ(၁၆)ရက်နေ့ နံနက်(၈)နာရီတွင် […]
မြို့နယ်အဆင့်ကင်းထောက်လူငယ်သင်တန်းပို့ချမှုတက်ရောက်အားပေး

မြို့နယ်အဆင့်ကင်းထောက်လူငယ်သင်တန်းပို့ချမှုတက်ရောက်အားပေး တောင်ကြီးမြို့၊ မေလ(၁၅)ရက်။ ပြည်နယ်လူငယ်ရေးရာကော်မတီ၏ လမ်းညွှန်ချက်များအတိုင်း တောင်ကြီးမြို့နယ်အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပဖွင့်လှစ်သည့် မြို့နယ်အဆင့်ကင်းထောက်လူငယ်သင်တန်းပို့ချနေမှုများကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ မြို့နယ်အခြေခံပညာဦးစီးဌာန ပညာရေးမှူး ဒေါက်တာ သင်းသင်းခိုင်၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ ၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ အခြေခံပညာကျောင်းများမှ ဆရာ / ဆရာမများ ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ နှင့် သင်တန်းသား/သင်တန်းသူများကတက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီး သင်တန်းပို့ချနေမှုများကို သွားရောက်ကြည့်ရှုအားပေးကာ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက လူငယ်ကဏ္ဍ(၁၆)ရပ်နှင့်ပတ်သက်သည့် အချက်အလက်များနှင့် လူငယ်ရေးရာဦးစီးဌာနလုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားကာ သင်တန်းသား / သင်တန်းသူများအား ရေဓာတ်အားဖြည့်အချိုရည် Pocari […]
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တာချီလိတ်မြို့၊ မေလ(၁၅)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ၁၄.၅.၂၀၂၄ ရက်နေ့ မွန်းလွဲ(၁၅:၃၀)နာရီအချိန်တွင် မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ် ၊ အားကစားသမား(၂၄၀)ဦးတို့က တက်ရောက်ခဲ့ကြပြီး လူငယ်များအထွေထွေဗဟုသုတနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က ” လူငယ်နှင့်အားကစား “ ” လူငယ်နှင့်ဗလငါးတန် “ အစရှိသည့်ခေါင်းစဥ်များဖြင့် ဟောပြောခဲ့ကြောင်းသိရှိခဲ့ရပါသည်။