အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

သာကေတမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

Loading

သာကေတမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ သာကေတ၊ ဇူလိုင်(၁၀)ရက်။ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ အခြေခံပညာဦးစီးဌာနနှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။ ရှေးဦးစွာ သာကေတမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်အေးအေးမွန်က ပြင်းထန်ဝမ်းပျက်/ဝမ်းလျော ရောဂါ ကာကွယ်နည်းများခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီ တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးမှ လူငယ်နှင့်အချိန် ခေါင်းစဉ်ဖြင့်လည်းကောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခင်ကောင်းစံက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်း ကောင်းအသိပညာပေးဟောပြောခဲ့ပါကြောင်းနှင့် လူဦးရေ ၁၀၃ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ရုရှားနိုင်ငံ နိုင်ငံတကာ ယဉ်ကျေးမှုနှင့်နဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ဆုရရှိသော မြန်မာ့လက်ရွေးစင်နဂါးလှေလှော်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

Loading

ရုရှားနိုင်ငံ နိုင်ငံတကာ ယဉ်ကျေးမှုနှင့်နဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ဆုရရှိသော မြန်မာ့လက်ရွေးစင်နဂါးလှေလှော်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ ရန်ကုန်၊ ဇူလိုင် (၁၀)။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Barnaul မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် နဂါးလှေ‌လှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ဆုရရှိသော မြန်မာ့လက်ရွေးစင်နဂါးလှေလှော်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ အင်းယားကန်ရှိ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဌများဖြစ်ကြ‌သ့ ဦးမျိုးဆွေသိမ်း၊ ဦးဇော်ဝိတ်၊ ဦးထွန်းဦး၊ ဦးအုန်းမြင့်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိင်ငံလှေလှော်အဖွဲ့ချုပ်မှအလုပ်အမှုဆောင်များနှင့် ဆုရအားကစားသမားများတက်ရောက်ကြသည်။ ရှေးဦးစွာ မြန်မာနိင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းက ပြိုင်ပွဲဆိုင်ရာနှင့် ဆုချီးမြှင့်ခြင်းဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ပြီး Jewellery […]

ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ အခမ်းအနားကျင်းပ

Loading

ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ အခမ်းအနားကျင်းပ ရပ်စောက်မြို့နယ်၊ ဇူလိုင်လ(၉)ရက်။ ရပ်စောက်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ထီးခမ်း ခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်ဇင်နွှဲ့နှောင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမြတ်သူက လူငယ်နှင့်အားကစား ဖွံ့ဖြိုးရေး၊ အားကစားစနစ်တကျဆောင်ရွက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုနှင့်ဉာဏ်ရည်ဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒုဦးစီး ဒေါ်ငြိမ်းမွန်မွန်မှ စာဖတ်ပါ ခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြို့နယ်အားကစားမှူးက ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းများပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပါသည်။ အဆိုပါဟောပြောပွဲအခမ်းအနားသို့ ကျောင်းသား(၁၁၅)ဦး၊ ကျောင်းသူ(၁၂၃)ဦး၊ စုစုပေါင်း ကျောင်းသား/သူ အင်အား (၂၃၈)ဦး တက်ရောက်ခဲ့ပါသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံမှာကြားခြင်းနှင့် FIFA International Women “A” Friendly Matches ပြိုင်ပွဲသို့တက်ရောက်သည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံမှာကြားခြင်းနှင့် FIFA International Women “A” Friendly Matches ပြိုင်ပွဲသို့တက်ရောက်သည့်သတင်း

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံမှာကြားခြင်းနှင့် FIFA International Women “A” Friendly Matches ပြိုင်ပွဲသို့တက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံမှာကြားခြင်းနှင့် FIFA International Women “A” Friendly Matches ပြိုင်ပွဲသို့တက်ရောက် ရန်ကုန်၊ ဇူလိုင်လ(၉)ရက်။                   အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နေ့လယ်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အမျိုးသမီး(၄)ထပ်အိပ်ဆောင်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ စားရိပ်သာတွင် သင်တန်းသား/ သင်တန်းသူများကို ရင်းရင်း နှီးနှီလိုက်လံနှုတ်ဆက်ပြီး နေ့လယ်စာကိုအတူတကွ သုံးဆောင်ခဲ့ပါသည်။ အဆိုပါ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် အားကစားနည်း(၁၇)နည်းဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများ၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော် တို့မှ […]

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Loading

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပဲခူး၊ ဇူလိုင်(၉)ရက်။ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား power point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားအတွက် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လူငယ်စကားဝိုင်းကျင်းပ

Loading

ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လူငယ်စကားဝိုင်းကျင်းပ တောင်ကြီး၊ ဇူလိုင် ၉။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ဆေးတက္ကသိုလ်(တောင်ကြီး)တို့ ပူးပေါင်းကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းကို ယနေ့ မွန်းလွဲ(၁၄း၀၀)နာရီအချိန်တွင် ဆေးတက္ကသိုလ်(တောင်ကြီး)ဘက်စုံခန်းမ၌ ကျင်းပပြုခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ဇနီး ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ၏ ဇနီး ၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၏ ဇနီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ် / ခရိုင် / မြို့နယ်များမှ ကော်မတီအဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသူများက […]

ဒုတိယဝန်ကြီး ဦးထိန်လင်း လက်ဝှေ့နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်း လက်ဝှေ့နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဖွဲ့ချုပ်များ၊ အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဖွဲ့ချုပ်များ၊ အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ အားကစားလေ့ကျင့်ရေးစခန်းများနှင့် အားကစားကွင်း၊ အားကစားရုံများကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး

Loading

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ အားကစားလေ့ကျင့်ရေးစခန်းများနှင့် အားကစားကွင်း၊ အားကစားရုံများကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး ရန်ကုန်၊ ဇူလိုင်(၈)ရက်။          အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့မနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ရောက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသော အနောက်တိုင်းလှေ၊ ရိုးရာလှေနှင့် ကနူး/ကယက်လှေအားကစားသမားများကိုတွေ့ဆုံ၍ လာမည့်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အတွေ့အကြုံကောင်းများရရှိစေရန်ရည်ရွယ်၍ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများကို စေလွှတ်ယှဉ်ပြိုင်စေလျက်ရှိရာ ထိုက်သင့်သောအောင်မြင်မှုများလည်း ရရှိခဲ့ကြောင်း၊ ပြိုင်ပွဲများမှသုံးသပ်ရရှိသော အားနည်းချက်များကိုပြုပြင်လေ့ကျင့်ပြီး ရည်မှန်းချက်ဖြစ်သည့် လာမည့်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေး၊ ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်သွားကြရန်မှာကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ အားကစားသမားများ၏လေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ သွားရောက်ကာ နည်းပြများ၊ အားကစားသမားများကို ရင်းရင်းနှီးနှီး […]