အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များသို့ ပံ့ပိုးလှူဒါန်းပွဲသို့ တက်ရောက်ပြီး ရန်ကုန်မြို့ရှိ တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များသို့ ပံ့ပိုးလှူဒါန်းပွဲသို့ တက်ရောက်ပြီး ရန်ကုန်မြို့ရှိ တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ အားကစားရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ အားကစားရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည့်သတင်း

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခြင်း

Loading

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခြင်း ရန်ကုန် ၊စက်တင်ဘာလ (၁၂ )ရက် ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ လိုက်ပါလျှက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ ရောက်ရှိပြီး Synthetic ပြေးလမ်းပါဘောလုံးကွင်းနှင့် ဝူရှူးအားကစားလေ့ကျင့်ရေးရုံကြမ်းခင်းပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းမြက်ခင်း အမြဲတမ်းကောင်းမွန်စေရေးအတွက် ထိန်းသိမ်းသွားရန်၊ ဝူရှူးအားကစားရုံ ကြမ်းခင်းတွင် အသုံးပြုမည့်သစ်များ အမျိုးအစားမှန်ကန်ရန်နှင့် သတ်မှတ်ပုံစံအတိုင်းဖြစ်အောင်ခင်းရန် ၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဘဏ္ဍာရေးနှစ်မကုန်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဝူရှူးအားကစားရုံ ကြမ်းခင်းများမှာ နှစ်ကာလ ကြာမြင့်မှုကြောင့် ပျက်စီးလျက်ရှိ၍ (၂၀၂၄-၂၀၂၅) ခွင့်ပြုရန်ပုံငွေကျပ် (၄၀၁)သန်းဖြင့် နှစ်ထပ် ပျဉ်းကတိုး လျှာထိုးကြမ်းခင်းအဖြစ် ပြုပြင်သွားမည်ဖြစ်ပြီး ပြုပြင်ပြီးစီးပါက ဝူရှူးဆန်းဆိုနှင့် […]

ပါရီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြေးခုန်ပစ်အားကစားသမားစိုးပေ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

Loading

ပါရီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြေးခုန်ပစ်အားကစားသမားစိုးပေ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကျင်းပပြုလုပ်သည့် ၂၀၂၄ နွေရာသီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ(Paris 2024 Paralympic Games)သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်အားကစားသမား စိုးပေနှင့် အုပ်ချုပ်သူ ဦးမင်းနိုင်ဦး၊ နည်းပြဒေါက်တာထက်ဇေယျာတို့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းလေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။ အဆိုပါအားကစားအဖွဲ့အား မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ ဆေးမှူးချုပ် ဒုတိယဗိုလ်မှူးကြီးဌေးအောင်၊ အတွင်းရေးမှူးဦးထွန်းနိုင်ဦးနှင့်အမှုဆောင်များ၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ၂၀၂၄ နွေရာသီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားစိုးပေသည် အမျိုးသား မီတာ ၁၀၀ နှင့် မီတာ ၂၀၀ ပြိုင်ပွဲဆေးအဆင့် (T64) […]

(၁၀)ကြိမ်မြောက်အာရှ ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (10th Asian Wushu Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ထွက်ခွာ

Loading

(၁၀)ကြိမ်မြောက်အာရှ ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (10th Asian Wushu Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ထွက်ခွာ ရန်ကုန် ၊စက်တင်ဘာလ ၉ ရက် ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပမည့် (၁၀)ကြိမ်မြောက် အာရှဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (10th Asian Wushu Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာဝူရှူးအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြ ဒေါ်ဆွေဆွေသန့် ဒုတိယညွှန်ကြားရေးမှူး နှင့် အားကစားသမား(၅)ဦး တို့သည် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်ခရီးစဉ်အမှတ် HM 352 ဖြင့် ထွက်ခွာသွားရာ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။

ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ငွေတံဆိပ်(၁)ခုနှင့်ကြေးတံဆိပ်(၃)ခုဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရပိုက်ကျော်ခြင်းအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ

Loading

ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ငွေတံဆိပ်(၁)ခုနှင့်ကြေးတံဆိပ်(၃)ခုဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရပိုက်ကျော်ခြင်းအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်။ ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၈ ရက်အထိကျင်းပခဲ့သည့် (၃၇)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား (37th Thai King’s Cup)ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၃)ခုဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရပိုက်ကျော်ခြင်းအားကစားအဖွဲ့သည် ယမန်နေ့ည ၁၀ နာရီတွင် ရန်ကုန်မြို့သို့ ထိုင်းလေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။ အောင်ပွဲရမြန်မာအားကစားအဖွဲ့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ်ဉက္ကဌဦးရဲထွဠ်တင် ၊ ဒုတိယဥက္ကဌများ နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား/ကျောင်းသူများ၊ မိဘ ဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။ မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့သည် ယင်းပြိုင်ပွဲတွင် […]

ခရစ်ကက် T-20 နည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်လှစ်

Loading

ခရစ်ကက် T-20 နည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်လှစ် နေပြည်တော်၊ စက်တင်ဘာ ၉ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက် အဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သည့် ခရစ်ကက် T-20 နည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၂၄) Rule and Regulations Update Workshop (2/2024) ကို ယနေ့နံနက် (၉)နာရီမှ စတင်၍ နေပြည်တော်၊ တင်းနစ် အားကစားရုံနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၄) တို့တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်မှ နည်းပြဆရာ(၄)ဦးတို့က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်အားကစားနည်းတွင် တာဝန်ယူဆောင်ရွက်ကြမည့် သင်တန်းသားနည်းပြ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး(၆)ဦး တို့အား သင်တန်းကာလအဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း တက်ရောက် အဖွင့်အမှာစကားပြောကြားသည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း တက်ရောက် အဖွင့်အမှာစကားပြောကြားသည့်သတင်း

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း တက်ရောက် အဖွင့်အမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း တက်ရောက် အဖွင့်အမှာစကားပြောကြား နေပြည်တော်၊ စက်တင်ဘာ ၉ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာခြင်းလုံးကစားနည်းသည် မိမိတို့နိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ခန့်က တွင်တွင်ကျယ်ကျယ်ကစားခဲ့သည့် သမိုင်းအထောက်အထား များရှိခဲ့ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို နိုင်ငံတကာအားကစားပြိုင်ပွဲ အနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် စုစုပေါင်း ရွှေတံဆိပ် ၁၄ ခု ဆွတ်ခူးရယူ ပေးနိုင်ခဲ့သော […]

Asian Equestrian Federation (A.E.F) U-21 Regional Group III Show Jumping ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ဒုတိယအကြိမ် အပြီးသတ် ပဏာမလက်ရွေးစင်ရွေးချယ်သည့် အရည်အချင်းစစ် ပြိုင်ပွဲဆက်လက်ကျင်းပ

Loading

Asian Equestrian Federation (A.E.F) U-21 Regional Group III Show Jumping ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ဒုတိယအကြိမ် အပြီးသတ် ပဏာမလက်ရွေးစင်ရွေးချယ်သည့် အရည်အချင်းစစ် ပြိုင်ပွဲဆက်လက်ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၈။ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည် အိန္ဒိယနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် အာရှမြင်းစီးအားကစားအဖွဲ့ချုပ် ဒေသန္တရအုပ်စု(၃)ဆိုင်ရာ အသက် ၂၁ နှစ်အောက် မြင်းစီးတန်းခုန် Asian Equestrian Federation(A.E.F) U-21 Regional Group III Show Jumping ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ဒုတိယအကြိမ် အပြီးသတ် ပဏာမလက်ရွေးစင်ရွေးချယ်သည့် အရည်အချင်းစစ် ဒုတိယနေ့ ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် […]