ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့်နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော်(နဂါးလှေလှော်)ပြိုင်ပွဲတွင် မြန်မာအသင်း ပထမ(ရွှေတံဆိပ်)ဆု ဆွတ်ခူးရရှိ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့်နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော်(နဂါးလှေလှော်)ပြိုင်ပွဲတွင် မြန်မာအသင်း ပထမ(ရွှေတံဆိပ်)ဆု ဆွတ်ခူးရရှိ ရန်ကုန်၊ ဇွန် (၂၉)။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ Barnaul မြို့တွင် ဇွန် (၂၈)ရက်နေ့မှ ဇူလိုင်(၁)ရက်နေ့အထိ ကျင်းပလျက်ရှိသည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော်(နဂါးလှေလှော်)ပြိုင်ပွဲ (Internation Sports Festival Altai Regatta. Dragon Festival ) ပြိုင်ပွဲကို ယနေ့ဒေသစံတော်ချိန် ၁၄:၄၀ နာရီတွင် ကျင်းပခဲ့ရာ မီတာ(၂၀၀) အမျိုးသား(၁၀)တက်လှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု လှေလှော်အားကစားအဖွဲ့မှ ပထမ(ရွှေတံဆိပ်)ဆု ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ရုရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဥဇဘတ်ကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မီတာ(၂၀၀) အမျိုးသား တက်လှော်ပြိုင်ပွဲတွင် စံချိန် ၄၃.၆၀၂ ဖြင့် […]
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကျင်းပ

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကျင်းပ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲအား၊ အ.ထ.က-၃ မင်္ဂလာဒုံကျောင်း၌ (၂၆-၆-၂၀၂၄)ရက်နေ့ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထူးကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မင်္ဂလာဒုံမြို့နယ် အားကစားမှူးဒေါ်ခိုင်ဇာဝေမှ လူငယ်ရေးရာ အသိပညာပေး အကြောင်းအရာများဟောပြောခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် မြန်မာ့သိုင်းအဖွဲ့၊ Fitness Danceအဖွဲ့ တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အင်းစိန်ခရိုင်အား/ကာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဦးခိုင်တို့မှ ဂုဏ်ပြုဆုငွေများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးမြို့နယ်အားကစားမှူးမှအ.ထ.က-(၃) ကျောင်းအုပ်ဆရာမကြီးအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)၊ အင်းစိန်ခရိုင်အား/ကာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဦးခိုင်၊ မင်္ဂလာဒုံမြို့နယ် ပညာရေးမှူး ဒေါ်သန္တာဝင်း ၊ ဌာနဆိုင်ရာအကြီးအကဲများ၊အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းမှ […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အလေးမဒိုင်နှင့် နည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်သည့်သတင်း

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အလေးမဒိုင်နှင့် နည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်သည့်သတင်း
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ ပဲခူး၊ ဇွန်လ(၂၅)ရက်။ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ(၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ညောင်လေးပင်အသင်းနှင့် ပဲခူးတက္ကသိုလ်အသင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ အုတ်တွင်းမြို့နယ်အသင်းနှင့် ရွှေကျင်မြို့နယ်အသင်းတို့ ဗိုလ်လုပွဲယှဥ်ပြိုင်ကစားနေမှု့အားကြည့်ရှု့အားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားဆက်လက်ကျင်းပပြုလုပ်ရာ ဒိုင်အဖွဲ့အားဂုဏ်ပြုလက်ဆောင်နှင့်ဂုဏ်ပြုငွေတို့ကို မြန်မာ့ဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌဦးရဲနိုင်မှလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ အကောင်းဆုံးအားကစားသမားဆုရရှိသူအား အတွင်းရေးမှူးဦးဇော်လွင်ဦးကလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ တတိယဆုရရှိသော တောင်ငူတက္ကသိုလ်အသင်း၊ ဒုတိယဆုရရှိသော ညောင်လေးပင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုများကို မြန်မာဘော်လီဘောလူမှုရေးအသင်းဒုတိယဥက္ကဋ္ဌများနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ဒုဥက္ကဋ္ဌတို့မှလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ပထမရရှိသော ပဲခူးတက္ကသိုလ်ဘော်လီဘောအသင်းအား စီးပွားရေးရာဝန်ကြီး၏ဇနီးမှ တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်းအသီးသီးပေးအပ်ကြပြီး ပဲခူးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ […]
အိုလံပစ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲများကျင်းပ

အိုလံပစ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲများကျင်းပ နေပြည်တော်၊ ဇွန်(၂၆)။ (၃၃)ကြိမ်မြောက်အိုလံပစ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၆)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သေနတ်ပစ်ဖောက်၍ စတင်တာလွတ်ပေးခဲ့ပြီးနောက် စုပေါင်းလမ်းလျှောက်ခဲ့သည်။ ဆက်လက်ပြီး ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး) မီတာ(၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ နှင့် ၁၀၀ x ၄ လက်ဆင့်ကမ်း)အပြေးပြိုင်ပွဲများကို ကျင်းပခဲ့ရာ Gold Camp နှင့် Youth Camp မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများကို မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများက အမှတ်တရဆုများ အသီးသီးပေးအပ်ခဲ့ပြီးနောက် ဉာဏ်စမ်းမေးခွန်း မေးမြန်းဖြေကြားခြင်းများပြုလုပ်ခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ […]
အလေးမဒိုင်နှင့်နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

အလေးမဒိုင်နှင့်နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ၂၆ ရက်။ အလေးမအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိူးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရန်နှင့် အချိန်နှင့်တပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ/နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများကို အချိန်တိုအတွင်း သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အလေးမဒိုင်နှင့်နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအလေးမအားကစားအဖွဲ့ချုပ်ကို ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလတွင် အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ်နှင့်လည်းကောင်း၊ ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလတွင် […]
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဥ်( ၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဥ်( ၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ အောင်ပန်းမြို့၊ ဇွန်လ(၂၄)ရက်။ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာလေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် “ ဧည့်ကြိုသင်တန်း ၊ အိပ်ခန်းဆောင်သင်တန်းနှင့် အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်းအမှတ်စဥ်( ၃ )” သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉း၀၀)နာရီအချိန်တွင် အောင်ပန်းမြို့ ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးနှင့် သင်တန်းသား/သူများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် […]
(၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ပြည်ပထွက်ခွာ

(၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ပြည်ပထွက်ခွာ ရန်ကုန် ၊ ဇွန်လ(၂၃)ရက်။ ၂၀၂၄ ခုနှစ် ၊ ဇွန်လ၂၅ ရက်မှ ဇူလိုင်လ ၆ ရက်အထိ အင်ဒိုနီးရှားနိင်ငံ ၊ ဆာယာမြို့နှင့်မာလန်းမြို့တို့တွင် ကျင်းပပြုလုပ်မည့် (၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာတက္ကသိုလ်များအားကစားအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်(၁) ဦးကျော်ဆန်းဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အုပ်ချုပ်မှုအဖွဲ့နှင့် ဖူဆယ် ၊ ပီတန်း ၊ ဘော်လီဘော အမျိုးသား/အမျိုးသမီး ၊ ဝူရှူး အားကစားသမားများ စုစုပေါင်း(၇၅)ဦးတိုသည် ယနေ့ နံနက် ၁၀:၃၅ အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ စင်ကာပူနိင်ငံ မှ တဆင့်အင်ဒိုနီးရှားနိင်ငံသို့ ထွက်ခွာသွားမည်ဖြစ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦး […]
(၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ပြည်ပထွက်ခွာ

(၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ပြည်ပထွက်ခွာ ရန်ကုန် ၊ ဇွန် ၂၃။ ၂၀၂၄ ခုနှစ် ၊ ဇွန်လ၂၅ ရက်မှ ဇူလိုင်လ ၆ ရက်အထိ အင်ဒိုနီးရှားနိင်ငံ၊ ဆာယာမြို့နှင့်မာလန်းမြို့တို့တွင် ကျင်းပပြုလုပ်မည့် (၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာတက္ကသိုလ်များအားကစားအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်(၁) ဦးကျော်ဆန်းဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အုပ်ချုပ်မှုအဖွဲ့နှင့် ဖူဆယ်၊ ပီတန်း၊ ဘော်လီဘော အမျိုးသား/အမျိုးသမီး၊ ဝူရှူး အားကစားသမားများ စုစုပေါင်း(၇၅)ဦးတိုသည် ယနေ့ နံနက် ၁၀:၃၅ အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူနိင်ငံ မှတဆင့်အင်ဒိုနီးရှားနိင်ငံသို့ ထွက်ခွာသွားမည်ဖြစ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း နှင့် မိဘဆွေမျိုးများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ […]
၂၀၂၄ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလ နှင့် ကာယကြံ့ခိုင်မှုအားကစား ပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကျင်းပ ရန်ကုန် ဇွန်လ(၂၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့ကြီးမှုးကျင်းပသော ၂၀၂၄ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ်ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ (OLYMPIC DAY MOVEMENT 2024 BODY BUILDING AND PHYSIQUE SPORT COMPETITION )ကို ဇွန် ၂၂ ရက်နေ့နံနက် ၁၀ နာရီမှ စတင်၍ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓ္ဓမလမ်းရှိ မြန်မာကွန်ဗီးရှင်းစင်တာ(MCC)ခန်းမ၌ ကျင်းပသည်။ အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းနှင့်အမှုဆောင်များ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲကိုအမျိုးသား […]