၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင်သယ်ယူရေးနှင့် ပရိသတ်များတက်ရောက်အားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင်သယ်ယူရေးနှင့် ပရိသတ်များတက်ရောက်အားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၆ ။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင် သယ်ယူရေးနှင့် ပရိသတ်များတက်ရောက်အားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ (အပေါ်ထပ်) ၌ ကျင်းပခဲ့သည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားအားကစားပွဲတော်ကျင်းပရာ၌ အဓိကကျသည့် ဖွင့်ပွဲအခမ်းအနား အစီအစဉ်တွင်ပါဝင်သော မီးရှူးတိုင်သယ်ယူရေးအတွက် နေပြည်တော်မြို့တော်ခန်းမတွင် မီးရှူးတိုင်အားထားရှိပြီး၊ မြို့တော်ခန်းမမှ ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ မီးရှူးတိုင်အား သယ်ဆောင်ရာတွင် မော်တော်ယာဉ်လုံလောက်မှုရှိစေရေးနှင့် လမ်းတစ်လျှောက် သတ်မှတ် နေရာများတွင် ပရိသတ်အင်အားထားရှိရေး၊ […]
ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရရှိခဲ့သောမြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှအသင်းဝင်များအား အသင်းကြီးမှ ဂုဏ်ပြုမှတ်တမ်းတင်ခြင်းအခမ်းအနားကျင်းပ

ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရရှိခဲ့သောမြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှအသင်းဝင်များအား အသင်းကြီးမှ ဂုဏ်ပြုမှတ်တမ်းတင်ခြင်းအခမ်းအနားကျင်းပ ရန်ကုန် ၊ စက်တင်ဘာ ၁၅ ရက်။ ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရကချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရရှိခဲ့သောမြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ အသင်းဝင်များအား အသင်းကြီးမှဂုဏ်ပြုမှတ်တမ်းတင်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းရုံးတွင်ကျင်းပခဲ့ရာ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှနာယကများ ၊ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌများ ၊အတွင်းရေးမှူးနှင့်အလုပ်အမှုဆောင်များတက်ရောက်ကြသည်။ ဦးစွာ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌဦးစိုးသိန်းက ဂုဏ်ပြုပွဲပြုလုပ်ရခြင်းအကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရရှိခဲ့သောဝဏ္ဏကျော်ထင်ဒေါက်တာနန္ဒကျော်စွာ ၊ ဝဏ္ဏကျော်ထင်ဒေါက်တာမြလေးစိန် ၊ ဝဏ္ဏကျော်ထင်ဦးတင်အောင် ၊ ဝဏ္ဏကျော်ထင်ဦးအေးမောင်ကြီး ၊ ဝဏ္ဏကျော်ထင်ဒေါ်ဂျနီဖာတင်လေး ၊ ဝဏ္ဏကျော်ထင်ဒေါ်သန်းသန်း ၊ ဝဏ္ဏကျော်ထင်ဒေါ်မာမာမင်း ၊ ဝဏ္ဏကျော်ထင်ဒေါ်ခိုင်ခိုင်မော် ၊ ဝဏ္ဏကျော်ထင်ဦးမြင့်အောင်တို့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။ ဝဏ္ဏကျော်ထင်ဒေါက်တာနန္ဒကျော်စွာနှင့်ဝဏ္ဏကျော်ထင်ဒေါက်တာမြလေးစိန်တို့သည် နယ်ဘက်ဆိုင်ရာအမှုထမ်းဆောင်ခြင်းအတွက်ရရှိခဲ့ပြီး ကျန်ပုဂ္ဂိုလ်များသည် အားကစားထူးချွန်မှုအတွက် ရရှိခဲ့ခြင်းဖြစ်သည်။ […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များသို့ ပံ့ပိုးလှူဒါန်းပွဲတက်ရောက်ပြီး ရန်ကုန်မြို့ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များသို့ ပံ့ပိုးလှူဒါန်းပွဲတက်ရောက်ပြီး ရန်ကုန်မြို့ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ရန်ကုန်၊ စက်တင်ဘာ(၁၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)တွင် ယနေ့နံနက်ပိုင်းက ကျင်းပသော မြန်မာ-တရုတ်နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms Ma Jia နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ အခမ်းအနားအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms Ma […]
ခြင်းလုံးနည်းပြနှင့်ဒိုင်လူကြီးသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

ခြင်းလုံးနည်းပြနှင့်ဒိုင်လူကြီးသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၃ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ယခုသင်တန်း၌ ရိုးရာခြင်းလုံး၊ ခြင်းပေါက်ခတ်နည်းစနစ်များကို စနစ်တကျ တက်မြောက်အောင် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် မိမိတို့တာဝန်ကျရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အခြေခံခြင်းခတ် နည်းစနစ်များကို လက်ဆင့်ကမ်း၍ ပြန်လည်သင်ကြားလေ့ကျင့်ပေးသွားရန်လိုကြောင်း၊ ယခုလိုသင်တန်းများကို ဆက်လက်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ သင်တန်းသားများအနေဖြင့်လည်း ခြင်းလုံးအားကစားနည်း တိုးတက်ပြန့်ပွားစေရေး အတွက် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ […]
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များသို့ ပံ့ပိုးလှူဒါန်းပွဲသို့ တက်ရောက်ပြီး ရန်ကုန်မြို့ရှိ တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များသို့ ပံ့ပိုးလှူဒါန်းပွဲသို့ တက်ရောက်ပြီး ရန်ကုန်မြို့ရှိ တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ အားကစားရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည့်သတင်း

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ အားကစားရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည့်သတင်း
ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခြင်း

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခြင်း ရန်ကုန် ၊စက်တင်ဘာလ (၁၂ )ရက် ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ လိုက်ပါလျှက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ ရောက်ရှိပြီး Synthetic ပြေးလမ်းပါဘောလုံးကွင်းနှင့် ဝူရှူးအားကစားလေ့ကျင့်ရေးရုံကြမ်းခင်းပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းမြက်ခင်း အမြဲတမ်းကောင်းမွန်စေရေးအတွက် ထိန်းသိမ်းသွားရန်၊ ဝူရှူးအားကစားရုံ ကြမ်းခင်းတွင် အသုံးပြုမည့်သစ်များ အမျိုးအစားမှန်ကန်ရန်နှင့် သတ်မှတ်ပုံစံအတိုင်းဖြစ်အောင်ခင်းရန် ၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဘဏ္ဍာရေးနှစ်မကုန်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဝူရှူးအားကစားရုံ ကြမ်းခင်းများမှာ နှစ်ကာလ ကြာမြင့်မှုကြောင့် ပျက်စီးလျက်ရှိ၍ (၂၀၂၄-၂၀၂၅) ခွင့်ပြုရန်ပုံငွေကျပ် (၄၀၁)သန်းဖြင့် နှစ်ထပ် ပျဉ်းကတိုး လျှာထိုးကြမ်းခင်းအဖြစ် ပြုပြင်သွားမည်ဖြစ်ပြီး ပြုပြင်ပြီးစီးပါက ဝူရှူးဆန်းဆိုနှင့် […]
ပါရီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြေးခုန်ပစ်အားကစားသမားစိုးပေ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

ပါရီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြေးခုန်ပစ်အားကစားသမားစိုးပေ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကျင်းပပြုလုပ်သည့် ၂၀၂၄ နွေရာသီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ(Paris 2024 Paralympic Games)သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်အားကစားသမား စိုးပေနှင့် အုပ်ချုပ်သူ ဦးမင်းနိုင်ဦး၊ နည်းပြဒေါက်တာထက်ဇေယျာတို့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းလေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။ အဆိုပါအားကစားအဖွဲ့အား မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ ဆေးမှူးချုပ် ဒုတိယဗိုလ်မှူးကြီးဌေးအောင်၊ အတွင်းရေးမှူးဦးထွန်းနိုင်ဦးနှင့်အမှုဆောင်များ၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ၂၀၂၄ နွေရာသီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားစိုးပေသည် အမျိုးသား မီတာ ၁၀၀ နှင့် မီတာ ၂၀၀ ပြိုင်ပွဲဆေးအဆင့် (T64) […]
(၁၀)ကြိမ်မြောက်အာရှ ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (10th Asian Wushu Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ထွက်ခွာ

(၁၀)ကြိမ်မြောက်အာရှ ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (10th Asian Wushu Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ထွက်ခွာ ရန်ကုန် ၊စက်တင်ဘာလ ၉ ရက် ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပမည့် (၁၀)ကြိမ်မြောက် အာရှဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (10th Asian Wushu Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာဝူရှူးအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြ ဒေါ်ဆွေဆွေသန့် ဒုတိယညွှန်ကြားရေးမှူး နှင့် အားကစားသမား(၅)ဦး တို့သည် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်ခရီးစဉ်အမှတ် HM 352 ဖြင့် ထွက်ခွာသွားရာ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။
ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ငွေတံဆိပ်(၁)ခုနှင့်ကြေးတံဆိပ်(၃)ခုဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရပိုက်ကျော်ခြင်းအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ

ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ငွေတံဆိပ်(၁)ခုနှင့်ကြေးတံဆိပ်(၃)ခုဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရပိုက်ကျော်ခြင်းအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်။ ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၈ ရက်အထိကျင်းပခဲ့သည့် (၃၇)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား (37th Thai King’s Cup)ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၃)ခုဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရပိုက်ကျော်ခြင်းအားကစားအဖွဲ့သည် ယမန်နေ့ည ၁၀ နာရီတွင် ရန်ကုန်မြို့သို့ ထိုင်းလေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။ အောင်ပွဲရမြန်မာအားကစားအဖွဲ့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ်ဉက္ကဌဦးရဲထွဠ်တင် ၊ ဒုတိယဥက္ကဌများ နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား/ကျောင်းသူများ၊ မိဘ ဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။ မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့သည် ယင်းပြိုင်ပွဲတွင် […]