အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

Loading

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ရန်ကုန်၊ ဩဂုတ် ၇။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်၊ အမှတ်(၈၉)ရပ်ကွက်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် အားကစား နှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉:၃၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျောင်းသား/သူ(၂၀၀)ဦးဖြင့် ကျင်းပခဲ့ပါသည်။ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးစိုးလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ဇာခြည်စိုးငြိမ်းက အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ အားကစားနှင့်ပက်သက်သော အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်၊ လူငယ်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာအကြံပေး ဦးဌေးလင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်တို့က လူငယ်ရေးရာအသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ အမှတ် (၂၇) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူးမျိုးသန့်က ယာဉ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က […]

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ် ၆ ။ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ(၃)နာရီတွင် ပေါင်းလောင်းအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁)တို့၌ ကျင်းပ ခဲ့သည်။ ယနေ့ ဘောလုံး(အမျိုးသား) အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၃)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၁)တွင် နေပြည်တော်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင် ပြည်နယ်အသင်းက နေပြည်တော်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း […]

ရှေ့တန်းရောက် တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ ချက်ပြုတ်ကြော်လှော် ပြင်ဆင်ထားသည့် စားသောက်ဖွယ်ရာများအား ပေးပို့လှူဒါန်း

Loading

ရှေ့တန်းရောက် တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ ချက်ပြုတ်ကြော်လှော် ပြင်ဆင်ထားသည့် စားသောက်ဖွယ်ရာများအား ပေးပို့လှူဒါန်း နေပြည်တော်၊ ဩဂုတ် ၆ ။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံနှင့် တရားသောစစ် အောင်မြင်စေရေးအတွက် ကိုယ်ကျိုးစွန့်ကာ ပြည်သူလူထု၏ အသက် အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက  စာနာမှု၊ မေတ္တာ၊ စေတနာများ အပြည့်နှင့် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများကို ယမန်နေ့နံနက်ပိုင်းက ဝန်ထမ်းများ ကိုယ်တိုင် ပြင်ဆင်၊ ချက်ပြုတ် ကြော်လှော်နေမှုများနှင့် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး အတွက်  ပြင်ဆင်ထုပ်ပိုးနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက […]

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)သို့တက်ရောက်သည့်သတင်း

Loading

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)သို့တက်ရောက်သည့်သတင်း

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာအဆင့် ဘင်ခရာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားများကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာအဆင့် ဘင်ခရာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားများကျင်းပ တောင်ကြီး၊ ဩဂုတ် ၈ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ ၁၂.၈.၂၀၂၄ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် အမျိုးသား / အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲနှင့် အခြေခံပညာအဆင့် ဘင်ခရာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၈း၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး […]

ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ ကျင်းပ

Loading

ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ ကျင်းပ ရပ်စောက် ၊ သြဂုတ် (၆)ရက်။ ရပ်စောက်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နောင်ခမ်း ခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံး၊ ဒုဦးစီး(ကာယ) ဆရာမ ဒေါ်အမာကြူမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမြတ်သူက လူငယ်နှင့်အားကစား ဖွံ့ဖြိုးရေး၊ အားကစားစနစ်တကျဆောင်ရွက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုနှင့်ဉာဏ်ရည်ဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း၊ ဆက်လက်၍ အားကစားအမေးအဖြေကဏ္ဍ ကျင်းပရာ အဖြေမှန်သူများကို အားကစားအမှတ်တရလက်ဆောင် အင်္ကျီများပေးအပ်ခဲ့ခြင်းနှင့် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းမှ စာဖတ်ချိန်မြှင့်တင်ရေးခေါင်းစဥ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဆက်လက်၍ အမေးအဖြေကဏ္ဍ ကျင်းပရာ အဖြေမှန်သူများကို အမှတ်တရ လက်ဆောင် များပေးအပ်ခဲ့ပါသည်။ ထို့နောက် မြို့နယ်အားကစားမှူးက ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းများပေးအပ်လှူဒါန်းခြင်း၊ […]

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄) ကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄) ကျင်းပ နေပြည်တော်၊ ဩဂုတ် (၆)။ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄)ကို ယနေ့မွန်းလွဲ(၁)နာရီတွင် ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက In-Person ဖြင့်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများက Video Conferencing ဖြင့်လည်းကောင်း တက်ရောက်ကြသည်။ အစီအစဉ်အရ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တများ ကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်များရှိပြီး တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ထိန်းလိုစိတ်များဖြစ်ပေါ်လာစေရေးအတွက် စနစ်တကျဖြင့် လေ့ကျင့် ပျိုးထောင်ပေးနိုင်ရန်”နှင့် နိုင်ငံ့အရေးကိုစိတ်ဝင်စားသည့် […]

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့်တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့်တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ပဲခူး၊ ဩဂုတ်လ(၅)ရက်။ ပဲခူးမြို့၊ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ဩဂုတ်လ(၅)ရက်နေ့ ညနေပိုင်းက ၂၀၂၄ခုနှစ် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့်တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ တောင်ငူခရိုင်‌အမျိုးသမီးဘောလုံးအသင်းနှင့် ညောင်လေးပင်ခရိုင်အမျိုးသမီးဘောလုံးအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများကကြည့်ရှု့အားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျောက်နေရာအလိုက်အကောင်းဆုံးဆုရရှိသူများနှင့် အကောင်းဆုံးအားကစားသမားဆုရရှိသူတို့အား တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ကဆုတံဆိပ်များနှင့်ငွေသားဆုများအားပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် တတိယဆုရရှိသောပြည်ခရိုင်အမျိုးသမီးဘောလုံးအသင်း၊ ဒုတိယဆုရရှိသော တောင်ငူခရိုင်အမျိုးသမီးဘောလုံးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို လူမှုရေးရာဝန်ကြီးနှင့်သယံဇာတရေးရာဝန်ကြီးတို့ကလည်းကောင်း၊ ပထမဆုရရှိသော ညောင်လေးပင်ခရိုင်အမျိုးသမီးဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်းပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပထမရရှိသော ညောင်လေးပင်ခရိုင်အမျိုးသမီးဘောလုံးအသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့်ငွေသားဆု(၁၀)သိန်းကျပ်တို့အား ပေးအပ်ချီးမြှင့်ပြီး မှတ်တမ်းတင်ဓာတ်ပုံစုပေါင်းရိုက်ကူးကြသည်။ အဆိုပါ ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့်တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ဇူလိုင်လ(၂၉)ရက်နေ့မှ […]

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ် ၄ ။ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး (အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့မွန်းလွဲ(၃)နာရီတွင် ပေါင်းလောင်းအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၁)တို့တွင် ကျင်းပ ခဲ့သည်။ ယနေ့ ဘောလုံး(အမျိုးသား)ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် မွန်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၃)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၁)တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၇)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ ၂၀၂၄ […]

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁)နှစ်အောက် ဘောလုံး (အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကျင်းပ

Loading

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁)နှစ်အောက် ဘောလုံး (အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကျင်းပ နေပြည်တော်၊ ဩဂုတ် ၃။ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး (အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့မွန်းလွဲ(၃)နာရီတွင် ပေါင်းလောင်းအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၁)တို့တွင် ကျင်းပ ခဲ့သည်။ ယနေ့ ဘောလုံး(အမျိုးသား)ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် ကချင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ကချင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို (၄)ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၁)တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ […]