အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အကြို ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အကြို ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက်။ ၂၀၂၄ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သု၀ဏ္ဏ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီမှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီများမှ အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်များမှဥက္ကဋ္ဌများနှင့်အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများတက်‌ရောက်ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းကအဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲ၀င်အသင်းများကို တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး၀န်ကြီးများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် တိုင်း‌ဒေသကြီး၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ Fitness Dance၊ ကျွမ်းဘားအားကစားသမားများသရုပ်ပြမှုများကို ကြည့်ရှု့အားပေးကြပြီး ဂုဏ်ပြုဆု‌ငွေများအသီးသီး ‌ […]

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပဲခူး၊ စက်တင်ဘာ ၁၇။ ထူးချွန်ထက်မြက်သည့် လူငယ်သွေးသစ်ကြက်တောင်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေက ယနေ့ဖွင့်လှစ်လိုက်သည့် (၆)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးကြက်တောင်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြင့် မိမိတို့ တိုင်းဒေသကြီး၏ ကြက်တောင်အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးကို များစွာအထောက်အကူပြုမယ်လို့ အခိုင်အမာယုံကြည်ပါကြောင်း၊ အားကစားသမားများအနေဖြင့် မိမိကိုယ်စားပြုခရိုင်ရဲ့ဂုဏ်ကို ဖော်ဆောင်နိုင်စေရန်နှင့် ပြိုင်ပွဲကရရှိသည့် အားနည်းချက်၊ အားသာချက်များကို ပြုပြင်ပြီး ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော် အမျိုးသား/အမျိုးသမီးကြက်တောင်ပြိုင်ပွဲမှာ ပဲခူးတိုင်းဒေသကြီးအနေနဲ့ အောင်မြင်မှုများစွာရရှိအောင် ကြိုးစားလေ့ကျင့်ယှဉ်ပြိုင်သွားကြရန် အဖွင့်မိန့်ခွန်းပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးတင်ဆွေနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။ ယင်းနောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့က သရုပ်ပြတီးမှုတ်ကပြဖျော်ဖြေကြရာ ပဲခူးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေက တီးမှုတ်ဖျော်ဖြေပေးသော ဘင်ခရာအဖွဲ့အား ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှ နတ်တလင်းခရိုင်နှင့် တောင်ငူခရိုင်၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှ ပဲခူးခရိုင်နှင့် ပြည်ခရိုင်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင်သယ်ယူရေးနှင့် ပရိသတ်များတက်ရောက်အားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင်သယ်ယူရေးနှင့် ပရိသတ်များတက်ရောက်အားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၆ ။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင် သယ်ယူရေးနှင့် ပရိသတ်များတက်ရောက်အားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ (အပေါ်ထပ်) ၌ ကျင်းပခဲ့သည်။  ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားအားကစားပွဲတော်ကျင်းပရာ၌ အဓိကကျသည့် ဖွင့်ပွဲအခမ်းအနား အစီအစဉ်တွင်ပါဝင်သော မီးရှူးတိုင်သယ်ယူရေးအတွက် နေပြည်တော်မြို့တော်ခန်းမတွင် မီးရှူးတိုင်အားထားရှိပြီး၊ မြို့တော်ခန်းမမှ ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ မီးရှူးတိုင်အား သယ်ဆောင်ရာတွင် မော်တော်ယာဉ်လုံလောက်မှုရှိစေရေးနှင့်  လမ်းတစ်လျှောက် သတ်မှတ် နေရာများတွင်  ပရိသတ်အင်အားထားရှိရေး၊ […]

ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရရှိခဲ့သောမြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှအသင်းဝင်များအား အသင်းကြီးမှ ဂုဏ်ပြုမှတ်တမ်းတင်ခြင်းအခမ်းအနားကျင်းပ

Loading

ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရရှိခဲ့သောမြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှအသင်းဝင်များအား အသင်းကြီးမှ ဂုဏ်ပြုမှတ်တမ်းတင်ခြင်းအခမ်းအနားကျင်းပ ရန်ကုန် ၊ စက်တင်ဘာ ၁၅ ရက်။ ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရကချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရရှိခဲ့သောမြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ အသင်းဝင်များအား အသင်းကြီးမှဂုဏ်ပြုမှတ်တမ်းတင်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းရုံးတွင်ကျင်းပခဲ့ရာ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှနာယကများ ၊ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌများ ၊အတွင်း‌ရေးမှူးနှင့်အလုပ်အမှုဆောင်များတက်ရောက်ကြသည်။ ဦးစွာ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌဦးစိုးသိန်းက ဂုဏ်ပြုပွဲပြုလုပ်ရခြင်းအကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရရှိခဲ့သောဝဏ္ဏကျော်ထင်ဒေါက်တာနန္ဒကျော်စွာ ၊ ဝဏ္ဏကျော်ထင်ဒေါက်တာမြလေးစိန် ၊ ဝဏ္ဏကျော်ထင်ဦးတင်အောင် ၊ ဝဏ္ဏကျော်ထင်ဦး‌အေးမောင်ကြီး ၊ ဝဏ္ဏကျော်ထင်ဒေါ်ဂျနီဖာတင်လေး ၊ ဝဏ္ဏကျော်ထင်ဒေါ်သန်းသန်း ၊ ဝဏ္ဏကျော်ထင်‌ဒေါ်မာမာမင်း ၊ ဝဏ္ဏကျော်ထင်‌ဒေါ်ခိုင်ခိုင်မော် ၊ ဝဏ္ဏကျော်ထင်ဦးမြင့်အောင်တို့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။ ဝဏ္ဏကျော်ထင်ဒေါက်တာနန္ဒကျော်စွာနှင့်ဝဏ္ဏကျော်ထင်ဒေါက်တာမြလေးစိန်တို့သည် နယ်ဘက်ဆိုင်ရာအမှုထမ်းဆောင်ခြင်းအတွက်ရရှိခဲ့ပြီး ကျန်ပုဂ္ဂိုလ်များသည် အားကစားထူးချွန်မှုအတွက် ရရှိခဲ့ခြင်းဖြစ်သည်။ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များသို့ ပံ့ပိုးလှူဒါန်းပွဲတက်ရောက်ပြီး ရန်ကုန်မြို့ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များသို့ ပံ့ပိုးလှူဒါန်းပွဲတက်ရောက်ပြီး ရန်ကုန်မြို့ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ရန်ကုန်၊ စက်တင်ဘာ(၁၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)တွင် ယနေ့နံနက်ပိုင်းက ကျင်းပသော မြန်မာ-တရုတ်နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms Ma Jia နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ အခမ်းအနားအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms Ma […]

ခြင်းလုံးနည်းပြနှင့်ဒိုင်လူကြီးသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

Loading

ခြင်းလုံးနည်းပြနှင့်ဒိုင်လူကြီးသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၃ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ယခုသင်တန်း၌ ရိုးရာခြင်းလုံး၊ ခြင်းပေါက်ခတ်နည်းစနစ်များကို စနစ်တကျ တက်မြောက်အောင် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် မိမိတို့တာဝန်ကျရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အခြေခံခြင်းခတ် နည်းစနစ်များကို လက်ဆင့်ကမ်း၍ ပြန်လည်သင်ကြားလေ့ကျင့်ပေးသွားရန်လိုကြောင်း၊ ယခုလိုသင်တန်းများကို ဆက်လက်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ သင်တန်းသားများအနေဖြင့်လည်း ခြင်းလုံးအားကစားနည်း တိုးတက်ပြန့်ပွားစေရေး အတွက် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ […]

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များသို့ ပံ့ပိုးလှူဒါန်းပွဲသို့ တက်ရောက်ပြီး ရန်ကုန်မြို့ရှိ တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များသို့ ပံ့ပိုးလှူဒါန်းပွဲသို့ တက်ရောက်ပြီး ရန်ကုန်မြို့ရှိ တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ အားကစားရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ အားကစားရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည့်သတင်း

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခြင်း

Loading

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခြင်း ရန်ကုန် ၊စက်တင်ဘာလ (၁၂ )ရက် ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ လိုက်ပါလျှက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ ရောက်ရှိပြီး Synthetic ပြေးလမ်းပါဘောလုံးကွင်းနှင့် ဝူရှူးအားကစားလေ့ကျင့်ရေးရုံကြမ်းခင်းပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းမြက်ခင်း အမြဲတမ်းကောင်းမွန်စေရေးအတွက် ထိန်းသိမ်းသွားရန်၊ ဝူရှူးအားကစားရုံ ကြမ်းခင်းတွင် အသုံးပြုမည့်သစ်များ အမျိုးအစားမှန်ကန်ရန်နှင့် သတ်မှတ်ပုံစံအတိုင်းဖြစ်အောင်ခင်းရန် ၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဘဏ္ဍာရေးနှစ်မကုန်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဝူရှူးအားကစားရုံ ကြမ်းခင်းများမှာ နှစ်ကာလ ကြာမြင့်မှုကြောင့် ပျက်စီးလျက်ရှိ၍ (၂၀၂၄-၂၀၂၅) ခွင့်ပြုရန်ပုံငွေကျပ် (၄၀၁)သန်းဖြင့် နှစ်ထပ် ပျဉ်းကတိုး လျှာထိုးကြမ်းခင်းအဖြစ် ပြုပြင်သွားမည်ဖြစ်ပြီး ပြုပြင်ပြီးစီးပါက ဝူရှူးဆန်းဆိုနှင့် […]

ပါရီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြေးခုန်ပစ်အားကစားသမားစိုးပေ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

Loading

ပါရီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြေးခုန်ပစ်အားကစားသမားစိုးပေ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကျင်းပပြုလုပ်သည့် ၂၀၂၄ နွေရာသီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ(Paris 2024 Paralympic Games)သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်အားကစားသမား စိုးပေနှင့် အုပ်ချုပ်သူ ဦးမင်းနိုင်ဦး၊ နည်းပြဒေါက်တာထက်ဇေယျာတို့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းလေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။ အဆိုပါအားကစားအဖွဲ့အား မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ ဆေးမှူးချုပ် ဒုတိယဗိုလ်မှူးကြီးဌေးအောင်၊ အတွင်းရေးမှူးဦးထွန်းနိုင်ဦးနှင့်အမှုဆောင်များ၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ၂၀၂၄ နွေရာသီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားစိုးပေသည် အမျိုးသား မီတာ ၁၀၀ နှင့် မီတာ ၂၀၀ ပြိုင်ပွဲဆေးအဆင့် (T64) […]