၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇွန်(၂)။ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေ(၄)နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 (စားရိပ်သာ)၌ ကျင်းပခဲ့သည်။ အစီအစဉ်ရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဂျူဒိုအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဂျူဒိုအားကစား သမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို (အမျိုး သား/အမျိုးသမီး) ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲအားသတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်း များနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့်ပေါင်းစပ်ညှိနှိုင်းပြီး ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်သူ/ နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲတက်ရောက် ကြည့်ရှုအားပေး
![]()
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲတက်ရောက် ကြည့်ရှုအားပေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်
![]()
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့် နေပြည်တော် မေလ(၃၁)ရက်။ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်ဝါသနာရှင် ပြည်သူများတက်ရောက်ကြည့်ရှု အားပေးကြသည်။ ကြည့်ရှုအားပေး ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး […]
ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကျင်းပမည်
![]()
ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကျင်းပမည်
မဟော်သဓာအကယ်ဒမီကိုယ်ပိုင်ကျောင်းခန်းမတွင် လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ၃၀-၅-၂၀၂၄
![]()
မဟော်သဓာအကယ်ဒမီကိုယ်ပိုင်ကျောင်းခန်းမတွင် လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ၃၀-၅-၂၀၂၄ တောင်ကြီးမြို့၊ မေလ(၃၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ တောင်ကြီးခရိုင်လူငယ်ရေးရာကော်မတီ ၊ မဟော်သဓာအကယ်ဒမီကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းကျင်းပပြုလုပ်သည့် “ လူငယ်စကားဝိုင်း” နှင့် “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ “ အခမ်းအနားကို ၃၀-၅-၂၀၂၄ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဦးစီးဌာနမှ ဒေါက်တာ အိအိချော ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ထွေး ၊ မဟော်သဓာအကယ်ဒမီကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြသက် ၊ တောင်ကြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်း ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ […]
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ (၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ (၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ မေ(၃၀)။ ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) (၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား) (၄)ယောက်တွဲအဖွဲ့လိုက် အုပ်စု ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို (၂)ပွဲ (၁)ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊မကွေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသ ကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းက […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အထောက်အကူပြုရုံးအဖွဲ့အစည်းအဝေး တက်ရောက်အမှာစကားပြောကြား
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အထောက်အကူပြုရုံးအဖွဲ့အစည်းအဝေး တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ မေ(၃၀)။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ရုံးလုပ်ငန်းကိစ္စရပ်များ လျှင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အထောက်အကူပြုရုံးအဖွဲ့ အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစီအစဉ်အရ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရုံးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အထောက်အကူပြုရုံးအဖွဲ့အား ဖွဲ့စည်းပေးရခြင်းဖြစ်ပါကြောင်း၊ ယခုဖွဲ့စည်းပေးသည့် ရုံးအဖွဲ့သည် Focal ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဆပ်ကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အထောက်အကူပြု ရုံးအဖွဲ့တွင်ပါဝင်သည့် အဖွဲ့ဝင်များအားလုံး ပဉ္စမအကြိမ်မြောက် […]
အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် တောင်ကြီးခရိုင်အမျိုးသားအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် တောင်ကြီးခရိုင်အမျိုးသားအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ မေလ(၂၉)ရက် ၂၀၂၄ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ချန်ပီယံဆုဖလားရရှိခဲ့သော တောင်ကြီးခရိုင်အမျိုးသားအသင်းအား ဂုဏ်ပြုခြင်း နှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၂၉.၅.၂၀၂၄)ရက်နေ့ ညနေ (၁၅း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ခရိုင်ထွေ/အုပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင့်လှိုင် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ အုပ်ချုပ်သူ/နည်းပြများ ၊ အလှူရှင်များနှင့် […]
၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့်သင်တန်းဆင်း အထိမ်းအမှတ် ဗိုဗီနမ်ပြိုင်ပွဲကျင်းပ
![]()
၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့်သင်တန်းဆင်း အထိမ်းအမှတ် ဗိုဗီနမ်ပြိုင်ပွဲကျင်းပ တောင်ကြီးမြို့၊ မေလ(၂၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့်သင်တန်းဆင်း အထိမ်းအမှတ်ဗိုဗီနမ်ပြိုင်ပွဲကို ယနေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ တောင်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းဆင်းပြိုင်ပွဲကို တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက် ကျန်းမာရေးကဏ္ဍနှင့် အားကစားမြှင့်တင်ဆောင်ရွက်ရေး ၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးတို့ကိုလည်း အဓိကဦးတည်ချက်ထားပြီး […]
၂၀၂၄ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဂျူဒို ၊ ရေကူး ၊ တိုက်ကွမ်ဒိုပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင်အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကျင်းပ
![]()
၂၀၂၄ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဂျူဒို ၊ ရေကူး ၊ တိုက်ကွမ်ဒိုပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင်အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ မေလ(၂၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအမျိုးသား/အမျိုးသမီး ဂျူဒို ၊ ရေကူး ၊ တိုက်ကွမ်ဒိုပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် အမျိုးသား/အမျိုးသမီး အသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို (၂၉.၅.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် […]