အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်မှုအခြေအနေ

ရန်ကုန်၊ အောက်တိုဘာ(၄)ရက်။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အစည်းအဝေးကိုယနေ့ နံနက် (၁၀:၀၀)နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌ(ကိုယ်စား) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးတင်သိန်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ (ကိုယ်စား) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးတင်သိန်းကအဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်းကလူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်တို့ ကြုံတွေ့နေရသော ပြဿနာအခက်အခဲများကိုဖြေရှင်းကျော်လွှား၍ မြန်မာနိုင်ငံလူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုအနာဂတ်အလားအလာကောင်းများကိုရှေ့ဆောင်လမ်းပြပေး၍ လူငယ်ရေးရာမူဝါဒရေးဆွဲထားရှိပြီး၊ လူငယ်ရေးရာမူဝါဒကိုလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်များမှာကျယ်ပြန့်ပါ ကြောင်း၊ လူငယ်ထုအားမြန်မာပြည်တွင်းသာမကအာဆီယံအသိုင်းအဝန်းအထိကျယ်ပြန့်စွာပါဝင် စေရေးဆောင်ရွက်နေသည့် လူငယ်ကဏ္ဍ (၁၆) ရပ်ရှိရာအခြေခံကျကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုင်းဒေသကြီး၊ ပြည်နယ် လူငယ်ရေးရာကော်မတီတွင် အဓိကတာဝန်ရှိသဖြင့် ယခုကဲ့သို့လာရောက် ရှင်းလင်းဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လူငယ်ရေးရာဦးစီးဌာနများကိုဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံမှစတင်အကောင် အထည်ဖော်ဆောင်ရွက်မှာသာရေရှည်အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သဖြင့် ဖွဲ့စည်းပေးထားသည့် ကော်မတီဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် တာဝန်အရသာမကစေတနာထား၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာရေးကျောင်းများကိုအခြေခံ၍ ကြက်ခြေနီ၊ ကင်းထောက် လူငယ်၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်စသဖြင့် လူငယ်များအဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာအောင် ဖွဲ့စည်းလေ့ကျင့်ပေးသွားကြရန်လိုကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစာကြည့်တိုက်များမှတဆင့် လူငယ်စာဖတ်ဝိုင်းများ၊ လူငယ်စင်တာများထူထောင်သွားကြစေလိုကြောင်း၊ လူငယ်ထုအတွင်းမိမိအမျိုး၊ ဘာသာ၊ သာသနာကိုချစ်စိတ်၊ ကာကွယ်စောင့်ရှောက် လိုသောစိတ်၊ ကျန်းမာကြံ့ခိုင်၍ ပညာရည်မြင့်မားပြီးရည်ရွယ်ချက်ပန်းတိုင်ကိုမဆုတ်မနစ်ကြိုးစား လျှောက်လမ်းလိုသည့် စိတ်ဓါတ်များလေ့ကျင့်မွေးမြူပေးမှသာနိုင်ငံတော်ကအားထားရသည့် လူတော်လူကောင်းများပေါ်ပေါက်လာမည်ဖြစ်သဖြင့် မိဘ၊ ဆရာ/ဆရာမများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်၊ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များကလူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြ ဆွေးနွေးကြပြီး၊ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။