၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ အောက်တိုဘာ(၂)။
လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ (Gold Medal Hall) ၌ ကျင်းပသည်။
အစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြား ရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ လက်ဝှေ့အားကစားသမားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေး၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ထူးချွန်ထက်မြက်သည့်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ လက်ဝှေ့ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့ အဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများ တွင် အရည်အချင်းရှိပြီး အလားအလာရှိသည့် အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အုပ်ချုပ်သူ/နည်းပြများမှ စည်းရုံးဆောင်ရွက်သွားရန်လိုကြောင်း၊ နည်းပြနှင့်အားကစား အထောက်အကူပြုပစ္စည်းများ အခက်အခဲရှိပါက ဝန်ကြီးဌာနမှ ထောက်ပံ့ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်(WBF)မှ ချမှတ်ထားသည့် စည်းမျဉ်း/စည်းကမ်း များနှင့်အညီ ပြိုင်ပွဲဝင်အားကစားသမားများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အားကစားသမားများ တားမြစ်ဆေးဝါးသုံးစွဲခြင်းများမပြုလုပ်ကြရန် တာဝန်ရှိသူများမှ ဂရုတစိုက်ကြပ်မတ်ဆောင်ရွက်သွားကြရန်၊ ပြိုင်ပွဲတွင် မိမိတို့အသင်း အောင်နိုင် ရေးအတွက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအချင်းချင်း ပူးပေါင်း ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းနှင့်မကိုက်ညီသည့် အားကစားသမားများကို ခေါ်ဆောင်လာသည့် ပြိုင်ပွဲဝင်အသင်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ပြိုင်ပွဲကာလအတွင်း အားကစားသမားများ သွားလာနေထိုင်စားသောက်ရာတွင် အဆင်ပြေမှုရှိစေရေးနှင့် ထိခိုက်ဒဏ်ရာမရရှိစေရေး နည်းပြများမှ အနီးကပ် ကြပ်မတ် ထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုကြောင်း၊ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အားကစားဆေးဘက်ဌာနခွဲ ဝန်ထမ်းများအား (၂၄)နာရီတာဝန်ချထားလျက်ရှိကြောင်း၊ အားကစားလေ့ကျင့်ရေးစခန်းတွင် တည်းခိုနေထိုင်စဉ် ကာလအတွင်း သတ်မှတ် စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ပေးစေ လိုကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာလအတွင်း အခက်အခဲများနှင့် လိုအပ်ချက်များရှိပါက တာဝန်ရှိသူများထံ သတင်းပို့တင်ပြရန်နှင့် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒိုင်/ဂျူရီများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ နှင့်အညီ ဘက်လိုက်မှုမရှိဘဲ မှန်ကန်တိကျစွာ အမှတ်ပေးဆုံးဖြတ် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၏ အချက်အလက်များကောက်ခံရာတွင် မှန်ကန်တိကျစွာ စာရင်း ပေးသွင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ယခုလက်ဝှေ့ပြိုင်ပွဲတွင် ဆုကြေးငွေအဖြစ် ပထမဆု ကျပ်(၁)သိန်း၊ ဒုတိယဆု ကျပ်(၇)သောင်း၊ တတိယဆု ကျပ်(၅)သောင်းနှင့် အကောင်းဆုံး အားကစားသမားဆုအတွက် တစ်ဆုလျင် ကျပ်(၁)သိန်းနှုန်းဖြင့် ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း၊ ဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်၊ ဆုဖလားများအပြင် ဆုကြေးငွေများကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အကောင်းဆုံးအားကစားသမားဆု၊ အမျိုးသားတံခွန်စိုက်ဒိုင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းနှင့် စုပေါင်းတံခွန်စိုက်ဒိုင်းများလည်း ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေး ကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ် များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များ၊ စားသောက်တည်းခိုနေထိုင်ရေးနှင့် မော်တော်ယာဉ်(ကြို/ပို့) ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၂၀၂၃ ခုနှဈ၊ ပှညနွယနွှင့တွိုငွးဒသကှေီး လကဝွှေ့ပှိုငပွှဲကို အောကတွိုဘာ (၄)ရကနွေ့မှ (၁၁)ရကနွေ့အထိ နပှညတွေောွ၊ ဝဏဏြသိဒိဓအားကစားကှငွး လကဝွှေ့ရုံ၌ ကငွှးပပှုလုပသွှား မညဖွှဈပှီး ပှညနွယနွှင့တွိုငွးဒသကှေီးမှားမှ ပှိုငပွှဲဝငအွမှိုးသားအသငွး (၁၅)သငွး၊ အမှိုးသမီး အသငွး(၁၄)သငွး ပါဝငယွှဉပွှိုငသွှားမညဖွှဈသညွ။
အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစား ဆေးဘက်ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။