အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ စက်တင်ဘာလ(၁၅)ရက်။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဌာနခွဲအလိုက် တာဝန်ခံများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ နည်းပြများ၊ အသင်းအုပ်ချုပ်သူများ၊ ကစားသမားများ တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား အသင်းလိုက် အတည်ပြုပြီးနောက် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် ဥက္ကဌဦးကျော်ကျော်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများအားလုံး ကျန်းမာရေးကောင်းစွာဖြင့် စုံစုံညီညီ ရောက်ရှိလာသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် […]

၂၀၂၂ ခုနှစ် ၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ(Asia Junior Sports Exchange Games 2022)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ ပြည်ပထွက်ခွာ

Loading

၂၀၂၂ ခုနှစ် ၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ(Asia Junior Sports Exchange Games 2022)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ ပြည်ပထွက်ခွာ ရန်ကုန်၊စက်တင်ဘာလ(၁၃)ရက်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့ မှ (၂၀)ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ်၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ (Asia Junior Sports Exchange Games 2022)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း ခေါင်းဆောင်သော မြန်မာအားကစားအဖွဲ့သည် ယနေ့ နံနက်(၁၀:၃၀)နာရီအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူ Airline SQ761 လေယာဉ်ဖြင့်ထွက်ခွာသွားရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန […]

၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ ၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၁၂.၉.၂၀၂၂ ရက်နေ့ ညနေ ၃း၀၀ နာရီ အချိန် ကျောင်းသားအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး ၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီး အားကစားအဖွဲ့ ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ ပြည်နယ်မိခင်နှင့်ကလေးအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများသည် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အား ချီတက်အလေးပြုပြီး သတ်မှတ်နေရာယူခဲ့ကာ […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာ (၁၂)ရက်။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉:၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်နှင့်တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ အုပ်ချုပ်/နည်းပြများနှင့် ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်က အပြည်ပြည်ဆိုင်ရာ စစ်တုရင် လူငယ်(တစ်ဦးချင်း) ပြိုင်ပွဲတွင် ပထမရရှိသောသီဟဇော်(ရှမ်းပြည်နယ်)၊ ဒုတိယရရှိသော ပိုင်ဇေယျာကို(စစ်ကိုင်းတိုင်းဒေသကြီး)၊ တတိယရရှိသော ဝဏ္ဏဌေး(မွန်ပြည်နယ်)တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကိုလည်းကောင်း၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အလေးမနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အလေးမနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ စက်တင်ဘာ(၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “ အလေးမနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်း ဆင်းပွဲအခမ်းအနား” ကို ယနေ့နံနက် (၉:၀၀)နာရီ အချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးကိုယ်စား သင်တန်းဆင်းအမှာစကားပြောကြားခြင်းဖြစ်ကြောင်း၊ အလေးမအားကစားနည်းသည် အိုလံပစ်အားကစားနည်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် အရေးကြီးသည့် အားကစားနည်းတစ်နည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရိုးရာအားကစားနည်းများကို အခြေခံပြီး အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နည်းစနစ်များ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ယခုသင်တန်းတွင် သင်ကြားပို့ချပေးခဲ့ပြီးဖြစ်သည့်အတွက် သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ […]

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာလ (၅)ရက်။ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်နှင့် တာဝန်ရှိသူများ၊အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အုပ်ချုပ်/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်စေရန်နှင့် စစ်တုရင်အားကစားနည်းဟာ အခြားသော အားကစားနည်းများကဲ့သို့ ကိုယ်ကာယလှုပ်ရှားပြီး ကစားရသော အားကစားနည်းမဟုတ်ဘဲ စိတ်ဓါတ်ကိုအခြေခံ၍ ကစားရသောအားကစားနည်းဖြစ်သောကြောင့် စိတ်ဓါတ်ကြံ့ခိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုသည် အဓိကလိုကြောင်း၊ စစ်တုရင်အားကစားနည်းဟာ အားကစားပစ္စည်းကုန်ကျစရိတ် အနည်းဆုံးနှင့် လေ့ကျင့်ယှဉ်ပြိုင်ကစားနိုင်သည့် အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ စစ်တုရင်အားကစားနည်းအနေဖြင့် […]

၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို (၁.၉.၂၀၂၂)ရက်နေ့ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပေါင်မြို့နယ်အသင်းနှင့် သံဖြူဇရပ် မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ သံဖြူဇရပ်မြို့နယ် အသင်းမှ (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပထမ တံခွန်စိုက်ရရှိသော သံဖြူဇရပ်မြို့နယ်အား တစ်ဦးချင်းဆု ၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုကို မွန်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှလည်းကောင်း၊ ဒုတိယဆုရရှိသော ပေါင်မြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးမှ လည်းကောင်း ၊ ပူးတွဲတတိယဆုရရှိသော သထုံမြို့နယ် အသင်းအား ငွေသားဆုကို မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ လားရှိုးမြို့၊ စက်တင်ဘာ (၁) ရက်။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို လားရှိုးမြို့ရှိ လေ့ကျင့်ရေးအားကစားရုံ၌ ၃၁.၈.၂၀၂၂ ရက်နေ့ ညနေ (၁၄း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပြီး အမျိုးသမီး 5×5 ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ်အသင်းကို ၇၂ မှတ် ၊ ၄၅ မှတ်ဖြင့် အနိုင်ရရှိသွားကာညနေ(၁၅း၃၀)နာရီအချိန်တွင် အမျိုးသား 5×5 ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရှမ်းပြည်နယ်အသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို ၉၇ မှတ်၊ ၆၆ မှတ်ဖြင့် အနိုင်ရရှိသွားကြောင်း […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မြန်မာ့ရိုးရာအခြေခံသိုင်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မြန်မာ့ရိုးရာအခြေခံသိုင်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဩဂုတ်(၃၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မြန်မာ့ရိုးရာအခြေခံသိုင်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၃)နာရီက အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မိုးလုံလေလုံအားကစားရုံ၊ ကျိုက္ကဆံကွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးသိုင်းထွန်းဇော်၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အားကစားမှူးများ၊ နည်းပြ/နည်းစနစ်မှူးနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ရိုးရာသိုင်းပညာရပ်သည် မြန်မာလူမျိုးတို့၏ အမှတ်သင်္ကေတတစ်ခုဖြစ်ကြောင်း ၊ မြန်မာ့ရိုးရာသိုင်းပညာကို တန်ဖိုးထားတတ်စေရန် သိုင်းပညာကိုတိုးတက်ပြန့်ပွားစေရန် နောင်လာနောက်သားများကို လက်ဆင့်ကမ်းနိုင်စေရန် ရည်ရွယ်၍ ကြိုးစားကြစေလိုကြောင်း ပြောကြားပြီးနောက် သင်တန်းနည်းပြဆရာဦးနိုင်လင်းနှင့် ဦးဆက်နိုင်ထူးတို့အား ဂုဏ်ပြုဆုငွေ ကျပ်(၁၅၀၀၀၀)နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဒုတိယကျောင်းအုပ်ကြီးဒုတိယညွှန်ကြားရေးမှူး ဦးသိုင်းထွန်းဇော်မှ နည်းပြဆရာ ဦးဇော်ဝင်းအား ဂုဏ်ပြုဆုငွေကျပ်(၁၅၀၀၀၀)နှင့် လက်ဆောင်ပစ္စည်းများ […]

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် စီမံအုပ်ချုပ်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကျင်းပ

Loading

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် စီမံအုပ်ချုပ်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကျင်းပ နေပြည်တော်၊ ဩဂုတ်(၃၀)ရက်။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များမှ အားကစားနည်းအလိုက် တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် စီမံအုပ်ချုပ်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ(၁:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစား ဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ အားကစားနည်းအလိုက် တာဝန်ခံအုပ်ချုပ်/ နည်းပြများ တက်ရောက်ခဲ့ကြပါသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်ဖြစ်သော (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ရရှိခဲ့သည့် ရွှေတံဆိပ်ထက် နှစ်ဆပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် နိုင်ငံအလိုက်အဆင့်မလျော့ကျစေရန်အတွက် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားလုံး အထူးကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ […]