အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ

Loading

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ ရန်ကုန်၊ စက်တင်ဘာလ(၂၉)ရက်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့မှ အဖွဲ့ချုပ်ဥက္ကဌ ဦးရဲဝင့်ထွဋ်တင်၊ ဒုတိယဥက္ကဌနှင့် နည်းပြ(၂)ဦး၊ အမျိုးသား အားကစားသမား(၈)ဦး၊ အမျိုးသမီးအားကစားသမား(၆)ဦး၊ မြန်မာမြားပစ်အားကစားအဖွဲ့မှ နည်းပြ(၁)ဦး၊ အမျိုးသား အားကစားသမား(၁)ဦး၊ အမျိုးသမီးအားကစားသမား(၁)ဦးတို့သည် ယနေ့ နေ့လယ်(၁၁)နာရီတွင် လေယာဉ်အမှတ် CZ-3056 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ သွားကြောင်း သတင်းရရှိသည်။

၂၀၂၃ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း Aerobic ဆင့်ပွားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း Aerobic ဆင့်ပွားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ တောင်ကြီးမြို့၊ စက်တင်ဘာလ(၂၉)ရက်။ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အမျိုးသမီးအားကစားအဆင့်အတန်းမြင့်မားစေရေးနှင့် ကိုယ်ကာယကြံ့ခိုင်မှုပြည့်ဝစေရေး ၊ အမျိုးသမီးထုအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် ၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် အမျိုးသမီးများပေါ်ထွက်လာစေရန် ၊ အမျိုးသမီးထု၏ ကာယ ၊ ဥာဏ ၊ စာရိတ္တ ၊ မိတ္တ ၊ ဗလ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ရန် ၊ တိုးတက်ပြောင်းလဲလာတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းအသစ်များကို သိရှိလာစေရန်နှင့် မိမိတို့၏ ခရိုင်/မြို့နယ်များတွင် ဆင့်ပွားသင်တန်းအဖြစ် ပြန်လည်ပို့ချနိုင်စေရန်တို့အတွက် ၂၀၂၃ ခုနှစ် ၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း( Aerobic )ဆင့်ပွားနည်းပြမွမ်းမံသင်တန်း(၁/၂၀၂၃)အား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ပြဌာန်းထားသော အခြေခံလေ့ကျင့်ခန်းအသစ် (၄၆)မျိုးနှင့် ၂၀၀၅ ခုနှစ် […]

၂၀၂၃ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ဘားအံ၊ စက်တင်ဘာလ(၂၈)ရက်။ (၂၈.၉.၂၀၂၃ )ခုနှစ် နံနက် (၉:၀၀)နာရီအချိန် ကရင်ပြည်နယ်ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၊ ဇွဲကပင်အားကစားခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၃ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ပိုက်ကျော်ခြင်း ဝါသနာရှင်များ၊အားကစားဝါသနာရှင်များတက်ရောက်အားပေးခဲ့ကြပါသည်။ ဆက်လက်၍ အမျိုးသမီးအဖွဲ့လိုက် (၃)ယောက်တွဲဗိုလ်လုပွဲ အဖြစ် လှိုင်းဘွဲမြို့နယ်အသင်းနှင့် ဘားအံမြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ လှိုင်းဘွဲမြို့နယ်အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့ပါသည်။ ဆက်လက်၍ အမျိုးသား အဖွဲ့လိုက်(၃)ယောက်တွဲဗိုလ်လုပွဲအဖြစ် ဖာပွန်မြို့နယ်အသင်းနှင့် ဘားအံမြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဘားအံမြို့နယ်အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့ပါသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ် အား/ကာ ညွှန်ကြားရေးမှူး […]

ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ Aerobic ဆင့်ပွားနည်းပြမွမ်းမံသင်တန်းဖွင့်လှစ်

Loading

ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ Aerobic ဆင့်ပွားနည်းပြမွမ်းမံသင်တန်းဖွင့်လှစ် တောင်ကြီး၊ စက်တင်ဘာ ၂၇။ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အမျိုးသမီးအားကစားအဆင့်အတန်းမြင့်မားစေရေးနှင့် ကိုယ်ကာယကြံ့ခိုင်မှုပြည့်ဝစေရေးတို့အတွက် Aerobic ဆင့်ပွားနည်းပြမွမ်းမံသင်တန်းအား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ပြဌာန်းထားသော အခြေခံလေ့ကျင့်ခန်းအသစ် (၄၆)မျိုးနှင့် ၂၀၀၅ ခုနှစ် ၊ နည်းပြသင်တန်းမှ အသစ်သတ်မှတ်ထားသော လေ့ကျင့်ခန်း (၃၀)မျိုးတို့အား စနစ်သစ်များကို ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များမှ ပြိုင်ပွဲဝင်ရောက်ကြမည့် အားကစားသမားများ သိရှိနားလည်သဘောပေါက်စေရန်ရည်ရွယ်၍ ၂၅.၉.၂၀၂၃ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ပြည်နယ်မိုးလုံလေလုံအားကစားရုံ၌ ဖွင့်လှစ်ခဲ့ရာ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဆင့်ပွားနည်းပြဆရာမ စုစုပေါင်း(၃၈)ဦးတက်ရောက်နေကြပြီး အဆိုပါသင်တန်းကို ၂၉.၉.၂၀၂၃ရက်နေ့ထိ (၅)ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ (၂၇.၉.၂၀၂၃)ပြိုင်ပွဲရလဒ်များ

Loading

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ (၂၇.၉.၂၀၂၃)ပြိုင်ပွဲရလဒ်များ

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့်ခရိုင်များအလိုက်အသက် (၂၅)နှစ်အောက်အမျိုးသား၊အမျိုးသမီးဘော်လီဘောဆုချီးမြှင့်ပွဲကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့်ခရိုင်များအလိုက်အသက် (၂၅)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘော်လီဘောဆုချီးမြှင့်ပွဲကျင်းပ တောင်ကြီး၊ စက်တင်ဘာလ(၂၈)ရက်။ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့်ခရိုင်များအလိုက်အသက်(၂၅)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘော်လီဘော ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ (၂၇)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။ ဆုချီးမြှင့်ပွဲတွင် အမျိုးသမီးပွဲစဥ်တွင် တောင်ကြီးခရိုင်အသင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင်အသင်းမှ အနိုင်ရရှိပြီး အမျိုးသားပွဲစဥ်တွင် တောင်ကြီးခရိုင်အသင်းနှင့် လွိုင်လင်ခရိုင်အသင်းတို့ ယှဥ်ကစားကြရာတောင်ကြီးခရိုင်အသင်းမှ အနိုင်ရရှိပြီး ပြိုင်ပွဲယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။ ဆက်လက်ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုချီးမြှင့်ရာအကောင်းဆုံးစပေးဆု၊ ရိုက်ခုတ်ဆု၊ ပင့်ထောင်ဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၏ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးနှင့်အားကစားဆပ်ကော်မတီဥက္ကဋ္ဌ၊ […]

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ (၂၆.၉.၂၀၂၃)ပြိုင်ပွဲရလဒ်များ

Loading

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ (၂၆.၉.၂၀၂၃)ပြိုင်ပွဲရလဒ်များ

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ E-Sports (Dota-2) အားကစားအဖွဲ့ထွက်ခွာ

Loading

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ E-Sports (Dota-2) အားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ စက်တင်ဘာလ(၂၆)ရက်။ ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၃)ရက်နေ့မှအောက်တိုဘာ လ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်မြန်မာE-Sports(Dota-2) အားကစားအဖွဲ့မှ နည်းပြ (၁)ဦးနှင့်အမျိုးသား အားကစားသမား (၅)ဦးတို့သည် ယနေ့ ညနေ (၁၆:၁၀)နာရီ အချိန်၌ လေယာဉ်အမှတ် MU-2032 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ (၂၅.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲရလဒ်များ

Loading

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ (၂၅.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲရလဒ်များ ဟန်ကျိုး၊ စက်တင်ဘာ(၂၅)။ (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲများကို ယနေ့ နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပလျက်ရှိသော ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ မောင်စွမ်းရည်ထက်နိုင်က ထိုက်ချိချွမ်+ထိုက်ချိကျန့်ပြိုင်ပွဲတွင် နိုင်ငံအလိုက် အဆင့်(၁၇)ရရှိခဲ့ပြီး အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် မြန်မာအသင်းက တရုတ်(ဟောင်ကောင်)အသင်းကို (၁-၀)ဖြင့်အနိုင်ရရှိသွား‌ခဲ့သည်။ စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တိုက်ကွမ်ဒိုအားကစားနည်းမှ မမိုးမြင့်မြတ်(-53 Kg) ပြိုင်ပွဲနှင့် နံနက်(၁၀)နာရီအချိန်တို့တွင် ဝူးရှူးအားကစားနည်းမှ မအေးသစ္စာမြင့်တို့က နန်းချွမ်(ခေါ်)တောင်ပိုင်းလက်သိုင်းနှင့် နန်းသောင်း(ခေါ်) တောင်းပိုင်း ဓါးသိုင်းပြိုင်ပွဲအမျိုးအစားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ (၂၄.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲရလဒ်များ

Loading

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ (၂၄.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲရလဒ်များ