၂၀၂၂ခုနှစ်၊ ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီမှ ဦးဆောင်ကြီးကြပ်မှုဖြင့် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သွားမည်
![]()
၂၀၂၂ခုနှစ်၊ ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီမှ ဦးဆောင်ကြီးကြပ်မှုဖြင့် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သွားမည် စစ်တွေ၊ မတ်လ (၂၁)ရက်။ ၂၀၂၂ခုနှစ်၊ ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီမှ ဦးဆောင်ကြီးကြပ်မှုဖြင့် နွေရာသီအခြေခံ အားကစားသင်တန်းများကို ပြည်နယ်အဆင့်အားကစားနည်း(၁၃)နည်း၊ ခရိုင်အဆင့်(၇)နည်း၊ မြို့နယ်အဆင့်(၅)နည်းတို့ဖြင့် အသီးသီးဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်။ ပြည်နယ်အဆင့်အနေဖြင့် Aerobics & Physical fitness Dance ကို နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် (၇.၃.၂၀၂၂) ရက်နေ့မှ (၂၅.၃.၂၀၂၂) ရက်နေ့ထိ လည်း ကောင်း၊ ကရာတေးဒိုအားကစားသင်တန်းကို (၄)နေရာ (မြို့သူကြီး၊ ဓညဝတီအားကစားရုံ၊ ရွှေပြား နှင့် ရွှေပြည်သာ) တို့တွင် (၁၆.၃.၂၀၂၂) မှ (၁၆.၅.၂၀၂၂) ထိ ညနေ(၄) နာရီ အချိန်တိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ ကျန်အားကစားနည်းများဖြစ်သော (ဘော်လီဘော၊ လက်ဝှေ့၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုအားပေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ မတ်(၁၈) ။ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ယှဉ်ပြိုင်ရန်အတွက် တရုတ်နိုင်ငံ၌ (Joint Training) ပူးတွဲသွား ရောက်လေ့ကျင့်ခဲ့သည့် (ဘော်လီဘော၊ လက်ဝှေ့၊ အလေးမနှင့် ဝူရှူး) အားကစားအဖွဲ့များနှင့် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် (ဂျူဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ မြားပစ်၊ ဗိုဗီနမ်) အားကစားအဖွဲ့များအား ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ သရုပ်ပြလေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဝဏ္ဏသိဒ္ဓီအားကစားရုံ (A)၌ ဂျူဒို လက်ရွေးစင်အားကစားသမားများ၏ ဝိတ်တန်းအလိုက် […]
မကွေးခရိုင်၊ မကွေးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
![]()
မကွေး၊ မတ်လ(၁၉) ရက်။ မကွေးခရိုင်၊မကွေးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ညနေ(၃)နာရီအချိန်တွင် အ. ထ. က (၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပညာရေးဌာန တာဝန်ခံဆရာမက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မကွေးခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လူငယ်နှင့်စာရိတ္တ၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ် စိတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ မကွေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြ/နည်းစနစ်မှူးမှ အားကစားနှင့်ကာယပညာသိပ္ပံအကြောင်းနှင့် နွေရာသီသင်တန်းဖွင့်လှစ်မည့် အကြောင်းတို့ဖြင့်အသီးသီးဟောပြောခဲ့ကြပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း အင်အား(၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ (၁၉.၃.၂၀၂၂) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးနှင့် ပြန်/ဆက်ဦးစီးဌာနတို့နှင့်ပူးပေါင်းဆောင်ရွက်၍ “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကိုကျင်းပပြုလုပ်ခဲ့ရာ ပခုက္ကူခရိုင် အား/ကာ ဦးစီးဌာနအနေဖြင့် အားကစား၏အဓိပ္ပယ်၊ […]
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဦး လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) တာဝန်ခံ/နည်းပြများနှင့် တွေ့ဆုံ
![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) တာဝန်ခံ/နည်းပြများနှင့် တွေ့ဆုံ နေပြည်တော်၊ မတ် (၁၇) ။ နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) ရှိ တာဝန်ခံ/နည်းပြများ နှင့် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစားနည်း အလိုက် တာဝန်ခံ/နည်းပြများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနည်းအလိုက် တာဝန်ခံ/နည်းပြများအနေဖြင့် စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ညီညီ ညွတ်ညွတ်ဖြင့် လုပ်ငန်းတာဝန်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ Training Programme များကို အဖွဲ့ချုပ်မှ […]
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှု/ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးအား အားက စားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး တက်ရောက်
![]()
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှု/ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး တက်ရောက် နေပြည်တော်၊ မတ် (၁၇) ။ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်နှင့် ရန်ကုန်တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ တာဝန်ခံ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေး (Administerial & Technical Meeting)ကို ယနေ့ နေ့လည်(၁)နာရီ အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multi-purpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစားဆေးဘက် ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူး […]
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် Chef De Mission Meeting သို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက်
![]()
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် Chef De Mission Meeting သို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက် နေပြည်တော်၊ မတ်(၁၆) ။ ၂၀၂၂ ခုနှစ်၊ မေလ(၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် Chef De Mission Meeting အား ၂၀၂၂ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့ နှင့် (၁၉)ရက် နေ့တို့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယနေ့နံနက် မြန်မာစံတော်ချိန် (၁၀:၂၅)နာရီအချိန်၌ စင်္ကာပူ လေကြောင်းလိုင်း […]
ပြည်နယ်/တိုင်းဒေသကြီးနှင့်ခရိုင်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်
![]()
ပြည်နယ်/တိုင်းဒေသကြီးနှင့်ခရိုင်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက် နေပြည်တော်၊ မတ် (၁၆) ။ ပြည်နယ်/တိုင်းဒေသကြီးနှင့်ခရိုင်များတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ လမ်းညွှန်ချက်အရ ပြည်နယ်/တိုင်း ဒေသကြီးနှင့်ခရိုင်များရှိ အခြေခံပညာကျောင်းများတွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား/သူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲခေါင်းစဉ်ဖြင့် ဟောပြောပွဲများ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ်(၁၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ် ဘောလုံးအားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ ဆိုလာစနစ်ဖြင့် ရေရရှိရေး၊ ဘောလုံးကွင်းအမြဲသန့်ရှင်းသာယာလှပမှု ရှိစေရေး ဆောင်ရွက်ထားရန်နှင့် ကွင်းပတ်လည်တွင် ဈေးရောင်းချသူများမရှိစေရေး ကြီးကြပ် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ဘောလုံးကွင်းပွဲကြည့်စင်နှင့် အုတ်နံရံတံတိုင်းများ ရေရှည် တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်သွားရန်မှာကြားခဲ့ပြီး မိမိတို့ဝန်ကြီးဌာနသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဖြစ်သည့်အတွက် အားကစားကဏ္ဍတွင် သာမက လူငယ် ရေးရာကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ် များရှိ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ်(၁၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်(၉)နာရီ အချိန်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်းရှိ နှစ်(၇၀၀)ပြည့် ဘောလုံးအားကစားကွင်းသို့ သွားရောက်ခဲ့ပြီး ဘောလုံးကွင်းအတွင်း (Synthetic) ပြေးလမ်းခင်းကျင်းနေမှု၊ ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဘောလုံးကွင်း ပွဲကြည့်စင် တည်ဆောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်း ပွဲကြည့်စင်အား ထပ်မံတိုးချဲ့ တည်ဆောက်သွားရန်နှင့် ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေး ဆောင်ရွက်ထားရှိရန်နှင့် ဘောလုံးကွင်းတည်ဆောက်ပြီးစီးပါက ပြည်သူများ စိတ်လက်ပေါ့ပါးစွာ လာရောက်ကစားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိရန်လိုကြောင်းနှင့် ဘောလုံးကွင်းပတ်လည်ရှိ ရေနှုတ်မြောင်းများ […]
မိုင်းဆတ်မြို့ဖိတ်ခေါ်အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ
![]()
မိုင်းဆတ်မြို့ဖိတ်ခေါ်အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ မိုင်းဆတ်၊ မတ်(၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ မိုင်းဆတ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မိုင်းဆတ်တပ်နယ်တို့မှ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောအမိန့်များနှင့်အညီ ၂၀၂၂ ခုနှစ် ၊ မိုင်းဆတ်တပ်နယ် အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၈:၀၀)နာရီအချိန်တွင် မိုင်းဆတ်မြို့နယ် အောင်ဇေယျဘက်စုံအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ မိုင်းဆတ်တပ်နယ် ဒုတိယတပ်နယ်မှူး ဗိုလ်မှူးကြီး မြင့်ကျော် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ခိုင် ၊ မိုင်းဆတ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်လင်းအောင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန် ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ နှင့် ဘောလုံးအားကစားဝါသနာရှင်များက တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားနှင့် ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်း (၁၀)သင်းနှင့် […]