အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များမှ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ဆုများချီးမြှင့်

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များမှ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ဆုများချီးမြှင့် နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၂)ရက်။ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓီအားကစားရုံ (B) ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (၅)ဦးတွဲပြိုင်ပွဲတွင် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်အသင်းတို့မှ လည်းကောင်း၊ (၃)ဦးတွဲပြိုင်ပွဲတွင် […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှု

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှု နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၁)ရက်။ မြန်မာ့အားကစား အဆင့်အတန်းမြင့်မားရေးနှင့် အမျိုးသမီး မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ” ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု‌လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ” ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးစောဒန်နီယယ်၊ […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၀)ရက်။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Medal Hall) ၌ ကိုဗစ်-၁၉ ရောဂါ စည်းမျည်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်ရီရီဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အာဆီယံအားကစားမြှင့်တင်ရေးဖိုရမ် (ASEAN Forum for Promotion of Women Participation in Sports) အခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အာဆီယံအားကစားမြှင့်တင်ရေးဖိုရမ် (ASEAN Forum for Promotion of Women Participation in Sports) အခမ်းအနားတက်ရောက် နေပြည်တော်၊ ဖေဖော်ဝါရီ (၁၈) ရက်။ အာဆီယံအားကစားဆိုင်ရာလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) (ASEAN Work Plan nd Sports 2021-2025) တွင် မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ထည့်သွင်းထားသည့် လှုပ်ရှားမှု (၅)ခု အနက်မှ (၁)ခု အပါအဝင်ဖြစ်သောအာဆီယံဒေသတွင်းအားကစားကဏ္ဍ၌ အမျိုးသမီးနှင့် မိန်းကလေးငယ်များ ပါဝင်မှုမြှင့်တင်ရေးဖိုရမ်/အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေးအစီအစဉ် အောက်ရှိ လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံမှဦးဆောင်၍ “ASEAN Forum for Promotion of Women Participation in Sports” ဖိုရမ်အားယနေ့နံနက် (၈)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း မီဒီယာခန်းမ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ အခမ်းအနားတွင် ကျရာကဏ္ဍမှ ပါဝင်ကူညီ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ အခမ်းအနားတွင် ကျရာကဏ္ဍမှ ပါဝင်ကူညီ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက် နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၅)ရက်။ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ကျရာကဏ္ဍမှပါဝင်ကူညီ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန် တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများတက်ရောက်

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများတက်ရောက် နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၄)ရက်။ မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားပြီး လူငယ်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင် စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင်သောလူငယ်များအဖြစ် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများနှင့် ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား” ကို နေပြည် တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဖဒိုမန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးချစ်နိုင်၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာဌေးအောင် […]

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ” ပွဲစဉ်များဆက်လက်ကျင်းပ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေး ဆုချီးမြှင့်

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ” ပွဲစဉ်များဆက်လက်ကျင်းပ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေး ဆုချီးမြှင့် နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၃)ရက်။ မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားပြီး လူငယ်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင် စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင်သောလူငယ်များအဖြစ် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများနှင့် ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ “ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ” ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဆက်လက်ကျင်းပပြုလုပ်လျက် ရှိရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ၁+၄ (အမျိုးသား)အသင်းလိုက် ဓါးရှည်ဝိုင်းထွက်စွမ်းရည်ပြပြိုင်ပွဲ၊ ၁+၅ (အမျိုးသား)အသင်းလိုက် အချုပ်ဖြည်စွမ်းရည်ပြပြိုင်ပွဲ၊ ပြိုင်ပွဲအမျိုးအစား ဝိတ်တန်းအလိုက် (အမျိုးသား/အမျိုးသမီး)ဗန်တိုအတိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ (အမျိုးသမီး) တစ်ကိုယ်တော်လှံရှည် […]

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဆက်လက်ကျင်းပ

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဆက်လက်ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၂)ရက်။ မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားပြီး လူငယ်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင် စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင်သောလူငယ်များအဖြစ် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများနှင့် ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ “ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ” ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဆက်လက်ကျင်းပပြုလုပ်လျက် ရှိရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ဓါး(၂)လက်ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲ၊ လှံရှည်ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲ၊ (အမျိုးသမီး)လက်နက်မဲ့ (၁+၁) ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) ဓါးမြှောင်ဗန်တို (၁+၁) ပြိုင်ပွဲ၊ (အမျိုးသား)အခြေခံဗန်တို (၆၃) နည်းပညာ ကျင့်စဉ်ပြိုင်ပွဲ၊ ပြိုင်ပွဲအမျိုးအစား […]

အားကစားနှင့်ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သိုင်းကော်မတီအဖွဲ့ဝင်များ မြန်မာ့သိုင်းပညာရပ် မတိမ်ကော မပပျောက်စေရေး တွေ့ဆုံဆွေးနွေး

Loading

အားကစားနှင့်ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သိုင်းကော်မတီအဖွဲ့ဝင်များ မြန်မာ့သိုင်းပညာရပ် မတိမ်ကော မပပျောက်စေရေး တွေ့ဆုံဆွေးနွေး နေပြည်တော်၊ ဖေဖော်ဝါရီ (၁၀) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့နှင့်အတူ ယနေ့ညနေ(၅)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)ရှိ အစည်းအဝေးခန်းမ၌ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သိုင်းကော်မတီအဖွဲ့ဝင်များ၊ သိုင်းပညာရှင်ဆရာကြီးများနှင့်တွေ့ဆုံ၍ မြန်မာ့သိုင်းပညာရပ် မတိမ်ကော မပပျောက်စေရေးနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြန်မာ့သိုင်းအားကစားနည်းအား ထည့်သွင်းကျင်းပ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိအောင် ဝန်ကြီးဌာနနှင့်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့သိုင်းပညာရပ် တိုးတက်ပြန့်ပွားစေရန်နှင့် လူငယ်လူရွယ်များ မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်အတွက် မြန်မာ့သိုင်းပညာရပ်နှင့်ပတ်သက်သည့် မှတ်တမ်းများ၊ အမွေအနှစ်အထောက်အထား သမိုင်းမှတ်တမ်းများအား ပြန်လည်ရှာဖွေဖော်ထုတ်ပြီး ပြတိုက်တွင် ထားရှိနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သိုင်းပညာရှင်ဆရာကြီးများကို အမှတ်တရလက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း […]

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက် နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၀)ရက်။ မြန်မာတို့၏ ရိုးရာအမွေအနှစ်ကိုယ်ခံပညာရပ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာ့ရိုးရာသိုင်းပညာရပ်ကို လူငယ်/လူရွယ်တိုင်း စိတ်ပါဝင်စားလာစေရန် ရည်ရွယ်၍ ” ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား” ကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဖဒိုမန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ ဦးစောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။  ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ […]