အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအားလာရောက်ကြည့်ရှုလေ့လာ

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအားလာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဇန်နဝါရီ(၂၂)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများအား အောင်မြင်ကျော်ကြားခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ၏ အားကစားစွမ်းဆောင်ခဲ့မှုသမိုင်းမှတ်တမ်းများကို ကြည့်ရှုလေ့လာမှတ်သားပြီး အားကစားကိုပိုမို စိတ်ပါဝင်စား၍ စိတ်ဓာတ်ခွန်းအားများရရှိစေပြီး အတုယူ ကြိုးစားလိုစိတ်များဖြစ်ပေါ်လာစေရန်အတွက် နေပြည်တော်အသင်း၊ ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများသည် ယနေ့ မွန်းလွဲ(၁)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်ထုများအားလည်းကောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ မှတ်တမ်းများအားလည်းကောင်း လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိမေးမြန်းခဲ့သည်များကို လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ရှိသူများက လိုက်လံရှင်းလင်းဖြေကြားခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်အား […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ဆက်လက်ကျင်းပနေမှုအား လိုက်လံကြည့်ရှုအားပေးသည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ဆက်လက်ကျင်းပနေမှုအား လိုက်လံကြည့်ရှုအားပေးသည့်သတင်း နေပြည်တော်၊ ဇန်နဝါရီ(၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ ယနေ့ နံနက်(၈)နာရီ အချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအတွင်းရှိ ပြေးခုန်ပစ်အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ လက်ဝှေ့အားကစားရုံရှိ ပိုက်ကျော်ခြင်း အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘောအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး နေပြည်တော်၊ ဇန်နဝါရီ(၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ ယနေ့ နံနက်(၈)နာရီ အချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအတွင်းရှိ ပြေးခုန်ပစ်အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ လက်ဝှေ့အားကစားရုံရှိ ပိုက်ကျော်ခြင်း အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘောအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ နေပြည်တော်၊ ဇန်နဝါရီ(၂၀)။ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ  Multi Purpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ အားကစားနည်း(၂၀)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ […]

လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး၊ စာရင်းကိုင်-၄နှင့် ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်း ကျင်းပပြုလုပ်

Loading

လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး၊ စာရင်းကိုင်-၄နှင့် ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်း ကျင်းပပြုလုပ် နေပြည်တော်၊ ဇန်နဝါရီ(၂၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး၊ စာရင်းကိုင်-၄နှင့် ဒုတိယလလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများတွင်ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အငယ်တန်းစာရေး၊ စာရင်းကိုင်-၄နှင့် ဒုတိယလလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများတွင်သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူ စုစုပေါင်း (၂၂)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လုပ်သား၊ ရုံးအကူနှင့် ဓာတ်ပုံကျွမ်းကျင် ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်း ကျင်းပပြုလုပ်

Loading

လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လုပ်သား၊ ရုံးအကူနှင့် ဓာတ်ပုံကျွမ်းကျင် ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်း ကျင်းပပြုလုပ် နေပြည်တော်၊ ဇန်နဝါရီ(၁၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လုပ်သား၊ ရုံးအကူနှင့် ဓာတ်ပုံကျွမ်းကျင်ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လုပ်သား၊ ရုံးအကူနှင့် ဓာတ်ပုံကျွမ်းကျင်ရာထူး နေရာများတွင်သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူ စုစုပေါင်း (၅၄)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်  ခြင်းလုံးအားကစားသမားများ လေ့ကျင့်နေမှုများနှင့် ဘော်လီဘောပြိုင်ပွဲအား ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်  ခြင်းလုံးအားကစားသမားများ လေ့ကျင့်နေမှုများနှင့် ဘော်လီဘောပြိုင်ပွဲအား ကြည့်ရှုအားပေး နေပြည်တော်၊ ဇန်နဝါရီ(၁၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ခြင်းလုံးအားကစားရုံတွင် ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံးအားကစားသမားများနှင့် မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားများ၏ ပူးတွဲလေ့ကျင့်နေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘော်လီဘော ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လည် (၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး အ.ထ.က (၁၈) အောင်မြေသာစံ မြို့နယ်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ လူငယ်ဘဝတွင် ရယ်မောပျော်ရွှင်စွာနေထိုင်ကြရန်၊ လူငယ်များ အားကစားလိုက်စားခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီး ပညာရေးတွင် ထူးချွန်သူများ ဖြစ်လာနိုင်ကြောင်း၊ အားကစားလုပ်လို့ ပညာရေးညံ့တယ်ဆိုတဲ့ အတွေးတွေကို ဖျောက်ဖို့လိုကြောင်း၊ အားကစားလိုက်စားသူတိုင်း ကျန်းမာကြံ့ခိုင်ကြောင်း၊ အခြေခံပညာကို တတ်ဖို့လိုကြောင်း၊ ပညာကို ဆုံးခန်းတိုင်အောင် သင်ယူလေ့လာရန်လိုကြောင်း၊ မူးယစ်ဆေးများကိုမသုံးစွဲကြရန်နှင့် မိတ်ဆွေအပေါင်းအသင်းများများထားရှိရန်လိုကြောင်း၊ ခေါင်းဆောင်မှုအရည်အသွေးတွင် အကျင့်စာရိတ္တ ကောင်းမွန်ဖို့သည် […]

အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဇန်နဝါရီ(၁၇)။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်ထုများအား လာရောက်ကြည့်ရှုလေ့လာခဲ့သည်ကို လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ရှိသူတစ်ဦးက လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကလပ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားများကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကလပ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားများကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၅)။ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကလပ်ပေါင်းစုံ တိုက်ကွမ်ဒို အတိုက်၊ ကကွက်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို (၁၄-၁-၂၀၂၃ မှ ၁၅-၁-၂၀၂၃)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ တိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံတွင် ကလပ် ၁၀ ခုမှ ပြိုင်ပွဲဝင်ကစားသမားများ ၃၈၀ ဦးခန့် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် ကကွက်ပြိုင်ပွဲများတွင် ဆုရရှိသောအားကစားသမားများအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးထက်အောင်၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းဦးနှင့်ကလပ်ပေါင်းစုံမှတာဝန်ရှိပုဂ္ဂိုလ်များမှ လည်းကောင်း အတိုက်ပြိုင်ပွဲများတွင် ဆုရရှိသော ကစားသမားများ၊အတန်းလိုက် တံခွန်စိုက်ဆုဖလားများ၊ကကွက်တံခွန်စိုက်ဆုဖလားများ၊အကောင်းဆုံးအားကစားသမားဆုများဆုရရှိသော အားကစားသမားများအား မြန်မာ့နိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်မြို့နယ်အားကစားမှူးများမှ ဆုများအသီးသီးပေးအပ်ခဲ့ပြီး အတိုက်ပြိုင်ပွဲတွင်တံခွန်စိုက်ဆုဖလားရရှိသော Wisdom Hill ကလပ်အသင်းအား ပြည်ထောင်စုနယ်မြေ၊နေပြည်တော် […]