အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ

Loading

မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ၏ ရည်ရွယ်ချက် (၆) ရပ် (၁) ပြည်ထောင်စုစိတ်ဓါတ်၊ အမျိုးသားစိတ်ဓါတ်နှင့် ဇာတိသွေး၊ ဇာတိမာန် ရှင်သန်ထက်မြက်လာစေ ရေး ဦးတည်ချက်များဖြင့် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်ရန်။ (၂) မြန်မာ့အားကစား ကမ္ဘာ့အဆင့်အတန်းမီစေရေးအတွက် အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့်ဆောင်ရွက်ရန်။ (၃) အားကစားဖြင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ ကာကွယ်ရေးကို အထောက်အကူပြုစေရန်။ (၄) အားကစားအဆင့်အတန်းမြင့်မားလာစေရေးအတွက် ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အားပေးချီးမြှောက်မှုကိုရယူရန်။ (၅) တိုးတက်ပြောင်းလဲနေသော ခေတ်မှီ အားကစားနည်းစနစ်အသစ်များကို ကျင့်သုံး၍ ထူးချွန်သောအားကစားများပေါ်ထွက်လာရေးအတွက်လေ့ကျင့်ပျိုးထောင်ပေးရန်။ (၆) ထူးချွန်သော အားကစားသမားများ မျိုးဆက််သစ်များပေါ်ထွန်းလာစေပြီး၊ အားကစားထူးချွန်မှုကို အရည်အချင်းတစ်ရပ်အဖြစ် အသိအမှတ်ပြုရန်။ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ၏ လုပ်ငန်းတာ၀န်များ (က) မြန်မာ့အားကစား ကမ္ဘာ့အဆင့်အတန်းမီစေရေးအတွက် အမျိုးသားရေးလှုပ်ရှားမှု အသွင်ဖြင့်ဆောင်ရွက်ရန်။ (ခ) နိုင်ငံတကာအားကစားပြိုင်ပွဲများအား မြန်မာနိုင်ငံတွင် ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များဆောင်ရွက်ရန်။ (ဂ) အားကစားမြှင့်တင်ခြင်းဖြင့် […]