အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ်လ (၁၆) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ မြေလွတ်မြေရိုင်းများ စိမ်းလန်းစိုပြေ လှပစေရေးနှင့်မြေယာရှုခင်း၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိရေးကို ယနေ့နံနက် (၉:၃၀) အချိန်တွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များနှင့်အတူ လိုက်လံကြည့်ရှု စစ်ဆေးပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ရေကန်အမှတ် (၁) နှင့် အမှတ်(၂) စိုက်ခင်းရှိ သီးပင်စားပင်များဖြစ်ကြသော သင်္ဘော၊ မာလကာ၊ ငရုတ်၊ ဖရုံ၊ နေကြာ၊ ပြောင်းဖူး၊ ခရမ်းသီးစသည့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်ရှိ မြန်မာ့အားကစားအဖွဲ့များ လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်ရှိ မြန်မာ့အားကစားအဖွဲ့များ လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ သြဂုတ်လ(၁၃) ရက်။ ၂၀၂၂ခုနှစ်၊ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ အားကစားအဖွဲ့မှ အားကစားနည်း (၁၈)မျိုးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန် လက်ရှိကာလ၌ နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း၌ အားကစားနည်း(၁၀)မျိုး၊ ရန်ကုန်မြို့၌ အားကစားနည်း(၃)မျိုးအား စခန်းသွင်း လေ့ကျင့်လျက်ရှိရာ ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ မြန်မာ အားကစားအဖွဲ့များ COVID-၁၉ စည်းကမ်းနှင့်အညီ ဝဏ္ဏသိဒ္ဓိရှိ အားကစားကွင်း/ရုံ အသီးသီး၌ လေ့ကျင့် ဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများအား တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများအား တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြား နေပြည်တော်၊ ဩဂုတ်လ (၉) ရက်။      အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနရှိ အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တာဝန်ခံညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် (၉:၃၀) အချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၁) ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဆန်းဦးနှင့် ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်သိန်းဇံ မွန်ပြည်နယ်(သထုံခရိုင်)အတွင်းရှိ မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီး (ဝေါ)မြို့နယ် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်သိန်းဇံ မွန်ပြည်နယ် (သထုံခရိုင်) အတွင်းရှိ မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီး (ဝေါ)မြို့နယ် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းမှစ၍ မွန်ပြည်နယ် (သထုံခရိုင်)အတွင်းရှိ မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီးရှိ (ဝေါ)မြို့နယ် အားကစားကွင်း/ အားကစားရုံ များသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သထုံခရိုင်အတွင်းရှိ ပေါင်မြို့နယ် အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်သူများ အားကစားကွင်းရုံများ၌ ပျော်ရွှင်စွာ လာရောက်ကစားနိုင်ရေးနှင့် စခန်းသွင်း လေ့ကျင့်မည့် အားကစားသမားများ ပြည့်ပြည့်စုံစုံနှင့် အဆင်ပြေချောမွေ့စွာ နေထိုင် လေ့ကျင့်နိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် မိုးလုံလေလုံ အားကစားခန်းမ ရေရှည်တည်တံ့နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း […]