၂၀၂၃ ခုနှစ် ၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် ၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ သြဂုတ်လ (၂၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များ ၊ သင်တန်းနည်းပြ ဆရာများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သင်တန်းသူများ တက်ရောက်ကြပါသည်။ အစီအစဉ်အရ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်းမှ သင်တန်းဆင်း အမှာစကားများပြောကြားပြီးနောက် သင်တန်းဆင်းလက်မှတ်ချီးမြှင့်ရာ သင်တန်းသူများကိုယ်စား တစ်ဦးမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် သင်တန်းထူးချွန်ဆုနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ရာ ပထမဆုရရှိသည့် ကသ-၃၈ မသျှားထက်နီ (ရန်ကုန်တိုင်းဒေသကြီး) ၊ ဒုတိယဆုရရှိသည့် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ ပြည်နယ်အားကစားကွင်းတွင် ရခိုင်ပြည်နယ်အသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ (၁)ဂိုး (၀)ဖြင့် နေပြည်တော်အသင်းမှ အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို နေပြည်တော်အသင်းမှ ကျောနံပါတ် (၇) ကေသွယ်ဖြိုးဦးမှ ရရှိခဲ့ပြီး အမျိုးသမီးအားကစားဆပ်ကော်မတီ ဥက္ကဌ ဒေါ်ဥမ္မာနေထွန်းမှလည်းကောင်း၊ တောင်ကြီးတက္ကသိုလ်ကွင်းတွင် ကယားပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ (၃)ဂိုး (၀)ဖြင့် ရန်ကုန်တိုင်းအသင်းမှ အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုကို ရန်ကုန်တိုင်းအသင်းမှ ကျောနံပါတ်(၈) ယဉ်မင်းဖြူမှ ရရှိခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက်ထောက်ညွှန်ကြားရေးမှူးမှလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ (၂၅.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ကချင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့သည် ( ပြည်နယ်ကွင်း) ၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး […]
၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မော်လမြိုင်၊ သြဂုတ်လ(၂၄)ရက်။ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို သြဂုတ်လ(၂၄)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ် ရိုးရာခြင်းလုံးအသင်း ယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆုရရှိသော အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ လာရောက်ကူညီဆောင်ရွက်ပေးသော ဒိုင်လူကြီးများအား မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် တတိယဆုရရှိသော သထုံမြို့နယ်အား မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး […]
မွန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသား/သင်တန်းသူများ အထူးနေ့လယ်စာစားပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသား/သင်တန်းသူများ အထူးနေ့လယ်စာစားပွဲအခမ်းအနားကျင်းပ မော်လမြိုင်၊ဩဂုတ်လ(၂၃)ရက်။ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသား/သင်တန်းသူများ အထူးနေ့လယ်စာစားပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂၃)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၁:၀၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) စားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ဥပဒေချုပ်ဦးမြင့်အောင်၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် များနှင့် အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ နာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ သင်တန်းသားများအား နှုတ်ခွန်းဆက်အမှာ စကားပြောကြားရာတွင် ဒီကနေ့ကျင်းပတဲ့ […]
၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ မော်လမြိုင်၊ သြဂုတ်လ(၂၃)ရက်။ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ (၂၃)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာခြင်းလုံးခတ် အားကစားနည်းဟာ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ပေါ်ပေါက်ခဲ့ပြီး၊ အလွန်ပင်ရှေးကျသော အားကစားနည်း တစ်ရပ်ဖြစ်ကြောင်း၊ အားကစားနည်းများကို ယခုအချိန်ထိ လက်ဆင့်ကမ်း သယ်ဆောင်လာကြပြီး တိုးတက်အောင် လုပ်ဆောင်ခဲ့ကြသူများကို လေးစားချီးကျူးမိပါကြောင်း၊ ခြင်းလုံးအားကစားနည်းဟာ ငွေကြေးအကုန်အကျသက်သာပြီး လွန်စွာမှအကျိုးရှိသည့် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-19 ဘောလုံး (အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-19 ဘောလုံး (အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ တောင်ကြီး၊ ဩဂုတ်လ(၂၂)ရက်။ ၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U -19 ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ အစည်းအဝေးနှင့် ပြိုင်ပွဲဝင်အားကစားသမားများလူစစ်ဆေးခြင်းကို ယနေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင်လည်းကောင်း၊ အသင်းအုပ်ချုပ်သူများ အစည်းအဝေးကို နံနက်(၁၀:၀၀)နာရီအချိန်တို့တွင် ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားစီမံကိန်းနှင့် သုတေသနဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ / နည်းပြများ ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ […]
၂၀၂၃ ခုနှစ်၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ (Asia Junior Sports Exchange Games 2023)သို့ မြန်မာအားကစားအဖွဲ့ထွက်ခွာ

၂၀၂၃ ခုနှစ်၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ (Asia Junior Sports Exchange Games 2023)သို့ မြန်မာအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ ဩဂုတ်လ(၂၂)ရက်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ (Asia Junior Sports Exchange Games 2023)သို့ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးဌေးအောင်နှင့် မြန်မာအားကစားအဖွဲ့သည် ယနေ့ည(၁၉း၀၀)နာရီအချိန်၌ လေယာဉ်အမှတ် TG- 304 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့်တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့တွင် […]
(၁၁)ကြိမ်မြောက်အာရှသက်ငယ်တန်း ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို

(၁၁)ကြိမ်မြောက်အာရှသက်ငယ်တန်း ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို ရန်ကုန်၊ ဩဂုတ်လ(၂၂)ရက်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့မှ (၂၁)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုမြို့တွင် ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် အာရှသက်ငယ်တန်း ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲ (11th Asian Junior Wushu Championships)သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာဝူရှူးအားကစားအဖွဲ့သည် ယနေ့ နံနက်(၀၈း၀၀)နာရီ အချိန်တွင် လေယာဉ်အမှတ် ST-251 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာဝူရှူးအားကစားအဖွဲ့တွင် တင်ထူးဝေက နန်းကွန့်အားကစားနည်း၌ ငွေတံဆိပ်(၁)ဆု၊ နန်းသောင်း နှင့် နန်းချွမ် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီးမြို့၊ ဩဂုတ်လ(၁၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်/ မျှော်မှန်းချက်များအတိုင်း အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အားကစားဆိုင်ရာဗဟုသုတများ ဘက်ပေါင်းစုံ တိုးတက်စေရေးကိုရည်ရွယ်ပြီး ” အားကစားမြှင့် တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့်အားကစားဆောင်ပုဒ်နှင့်အညီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအေးလှိုင် ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ […]
မြန်မာနိင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် Country Club တို့ စုပေါင်းလှုပ်ရှားအားကစားပြုလုပ်ခြင်းအခမ်းအနားကျင်းပ

မြန်မာနိင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် Country Club တို့ စုပေါင်းလှုပ်ရှားအားကစားပြုလုပ်ခြင်းအခမ်းအနားကျင်းပ ရန်ကုန် သြဂုတ်(၁၉)။ မြန်မာနိင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် Country Club တို့ စုပေါင်းလှုပ်ရှားအားကစားပြုလုပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၇)နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ရှိ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်လေ့ကျင့်ရေးခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ချိုချိုလွင်၊ ဒေါ်ရီရီဝင်း၊ဒေါ်အေးအေးညွှန့်၊ ဒေါ်ခင်ညို၊ အထွေထွေအတွင်းရေးမှူး ဒေါ်အေးအေးရွှေနှင့် အလုပ်အမှုဆောင်များ၊ အသင်းကလပ်မှကစားသမားများတက်ရောက်ကြသည်။ ဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြာပြီး Lighting နှင့် ပန်ကာများအတွက် Main Sponsor ဖြစ်လှူဒါန်းပေးသော ဦးမျိုးထိန်ဝင်းနှင့် ဒေါ်မီမီဆွေ (မြန်မာ့ရတနာစိန်ရွှေရတနာဆိုင်)တို့အား ဒုတိယဥက္ကဋ္ဌများက ဂုဏ်ပြုမှတ်တမ်းလွှာအားပေးအပ်ခဲ့သည်။ ဆက်လက်၍ Club အသီးသီးမှ စုစုပေါင်းလူဦးရေ(၁၂၀)ဦးခန့်က Fit GYM ၏ Yoga Instructor ဖြင့်(၁၅)မိနစ် […]