ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲများ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲများ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီး၊ ဇွန် (၉) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်/ မျှော်မှန်းချက်များအတိုင်း အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်၏ အနာဂါတ်သားကောင်းများ အားကစားဆိုင်ရာဗဟုသုတများ ဘက်ပေါင်းစုံ တိုးတက်စေရေးကိုရည်ရွယ်ပြီး ” အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့်အားကစားဆောင်ပုဒ်နှင့်အညီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (အလွတ်တန်း) ဘိလိယက်/စနူကာ ပြိုင်ပွဲများအား အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်မြင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ […]
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသော အသင်းအုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုတွေ့ဆုံနှုတ်ဆက်ခြင်းအခမ်းအနားကျင်းပ
![]()
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသော အသင်းအုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုတွေ့ဆုံနှုတ်ဆက်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၉)ရက်။ မြန်မာနိုင်ငံရိုးရာခြင်းလုံးအားကစားအဖွဲ့ချုပ်မှ နာယက ဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများမှ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးရိုးရာခြင်းလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုတွေ့ဆုံနှုတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၃)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Gold Medal Hall)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားစီမံကိန်းနှင့်သုတေသန ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ် ရိုးရာခြင်းလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများကိုကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အပြည်ပြည်ဆိုင်ရာသေနတ်ပစ် အားကစားနည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတက်ရောက်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အပြည်ပြည်ဆိုင်ရာသေနတ်ပစ် အားကစားနည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ ဇွန် (၈)ရက်။ အမိန့်နာခံတတ်ပြီးစည်းကမ်းကောင်းမွန်သော နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် သေနတ်ပစ်အားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်ရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ်နှင့် တပ်မတော်သေနတ်ပစ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားနည်းသင်တန်းအမှတ်စဉ် (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉:၀၀)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တပ်မ တော် သေနတ်ပစ်ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ဝင်းလွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်မိုးဝင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက် နေပြည်တော်၊ ဇွန် (၇)ရက်။ ဘော်လီဘောအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်စေရန်နှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ဘော်လီဘောအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီတွင် ပေါင်းလောင်းအားကစားခန်းမ၊ ဘော်လီဘောအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၃) ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။ ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တပ်ကုန်းမြို့နယ်အသင်းမှ ဇမ္ဗူသီရိမြို့နယ်အသင်းကို (၃)ပွဲပြတ်ဖြင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေး သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေး သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ (၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၂-၂၀၂၃ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ မှ ဥက္ကဌများ ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဖိတ် ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ၂၀၂၂ ခုနှစ်၊ (၄၈)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်
![]()
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ၂၀၂၂ ခုနှစ်၊ (၄၈)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက် နေပြည်တော်၊ ဇွန် (၆)ရက်။ လူငယ်လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့ အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ (၄၈) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၂:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သော ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးချစ်နိုင်၊ ဦးကိုကို၊ ဒေါက်တာချာလီသန်း၊ […]
၂၀၂၂ ခုနှစ်၊ (၄၈) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၂ ခုနှစ်၊ (၄၈) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန် (၅)ရက်။ လူငယ်လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့ အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ (၄၈)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ လက်ဝှေ့ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးစန်းချို၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၄၆)ကီလိုတန်းပြိုင်ပွဲတွင် တင်အောင်လင်း (စစ်ကိုင်းတိုင်း)မှ တင်ထူးအောင် (ပဲခူးတိုင်း)ကိုလည်းကောင်း၊ အမျိုးသား (၄၉)ကီလိုတန်းပြိုင်ပွဲတွင် ဝိုင်းချစ် […]
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
![]()
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နေပြည်တော် ဇွန် ၃ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် […]
“ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ” (၂.၆.၂၀၂၂) ရက်နေ့ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
“ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ” (၂.၆.၂၀၂၂) ရက်နေ့ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၂)ရက်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိပြီး မျိုးဆက်သစ် ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန်၊ လူငယ်/ လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊ စွမ်းရည်၊ သတ္တိနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက် သော နိုင်ငံ့ကိုယ်စားပြု သွေးသစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ “ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ” ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့အားက စားရုံ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ […]
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၁)။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိပြီး မျိုးဆက်သစ် ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန်၊ လူငယ်/ လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊ စွမ်းရည်၊ သတ္တိနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက် သော နိုင်ငံ့ကိုယ်စားပြု သွေးသစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ “ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ” ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့အားက စားရုံ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ […]