အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသောအားကစားအဖွဲ့များနှင့် အားကစားရုံများအား သွားရောက်ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသောအားကစားအဖွဲ့များနှင့် အားကစားရုံများအား သွားရောက်ကြည့်ရှုစစ်ဆေး ရန်ကုန်၊ ဒီဇင်ဘာလ(၁၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီး ဌာနညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများလိုက်ပါလျက် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသော အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ယနေ့နံနက်(၁၁)နာရီအချိန်တွင်ရောက်ရှိပြီး အားကစားသမား များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြား၍ အိပ်ဆောင်များ၊ စားဆောင်များသို့ လိုက်လံ ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများ၏ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ကူညီပံ့ပိုးဖြည့်ဆည်းပေးခဲ့ပါသည်။ ယင်းနောက် သုဝဏ္ဏကွင်းအတွင်းရှိ အားကစားသမားများ(၄)ထပ်အိပ်ဆောင်၊ စားရိပ်သာနှင့် စားဖိုဆောင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုပြီး အားကစားသမားများထားရှိရန်အတွက် လိုအပ်သော စားပွဲကုလားထိုင်၊ ကုတင်များ ထည့်သွင်းထားရန်၊ ရေစင်တည်ဆောက်ရန်၊ ခြံစည်းရိုးခတ်ရန်နှင့် လိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီးနောက် ဒဂုံတောင်ရှိ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ မြို့နယ်အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမသို့ လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ မြို့နယ်အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမသို့ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာလ(၁၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိ သူများ လိုက်ပါလျက် (၁၆.၁၂.၂၀၂၁)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ မြို့နယ်အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံတွဲခရိုင်ရှိ မြို့နယ်အားကစားကွင်းသို့ ရောက်ရှိ လာပြီးနောက် ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေးနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သည့် ဝန်ထမ်းအင်အားအရေအတွက်များအတိုင်း ထပ်မံခန့်ထား ပေးနိုင်ရေးနှင့် ရေရရှိနိုင်ရေးအတွက် ရေကန်တည်ဆောက်ပေးခြင်း၊ ရေတွင်းတူးပေးခြင်းများ၊ ဘောလုံးကွင်းစိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းမှုရှိစေရန် မြက်ဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြက်ရိတ်စက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မီတာ (၄၀၀)ပြေးလမ်း ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရန်နှင့် ပွဲကြည့်စင်အား အမြဲတမ်း သန့်ရှင်းသပ်ရပ်စွာ ထားရှိနိုင်ရေးအတွက် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့သိုင်း ဒိုင်လူကြီးနှင့်နည်းပြ သင်တန်း ဆင်းပွဲအခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့သိုင်း ဒိုင်လူကြီးနှင့်နည်းပြ သင်တန်း ဆင်းပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ ဒီဇင်ဘာလ(၁၇)ရက်။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက် ကြရန်နှင့် ခေတ်နှင့်အညီပြန့်ပွားတိုးတက်စေရန်အတွက် နိုင်ငံသားတိုင်း၏ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာ့သိုင်းဒိုင်လူကြီးနှင့်နည်းပြသင်တန်း ဆင်းပွဲအခမ်းအနား ကို ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တတ်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် […]
ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ် မြန်မာ့ရိုးရာသိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ် မြန်မာ့ရိုးရာသိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ ကချင်၊ ဒီဇင်ဘာလ (၁၆)ရက်။ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ် မြန်မာ့ရိုးရာသိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်( ၉၀၀)နာရီအချိန် ပြည်နယ်မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည် အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယက ဥက္ကဌနှင့် အဖွဲ့ဝင်များ အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လူငယ်သင်တန်းကျောင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ. သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည် အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း မြန်မာ့လက်ရွေးစင်နှင့် ပြည်နယ်လက်ရွေးစင် အားကစားသမားများက မြန်မာ့သိုင်း သရုပ်ပြသခြင်း ပြည်နယ်ဝန်ကြီးချုပ်မှ သရုပ်ပြသသူများဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း လူငယ်သင်တန်းကျောင်းများအား အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ သင်တန်းနည်းပြဆရာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ […]
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲအုပ်စုမဲနှိုက်ခြင်း၊ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲအုပ်စုမဲနှိုက်ခြင်း၊ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဒီဇင်ဘာလ (၁၆) ရက်။ ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲအုပ်စုမဲနှိုက်ခြင်း၊ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၂) နာရီ အချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း B ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁)နှင့် အားကစားနှင့် ဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်ဝန်ကြီးဌာနအသင်းအုပ်စုများ/ […]
(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်မှုပြုလုပ်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေး

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်မှုပြုလုပ်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ဒီဇင်ဘာလ(၁၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) မှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၈:၀၀)နာရီအချိန်တွင် ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင် အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ပီတန်း၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘိလိယက်/ စနူကာ၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ ပိုက်ကျော်ခြင်းနှင့် မြားပစ်အားကစားအဖွဲ့များမှ အားကစားသမားများ၏ လေ့ကျင့်မှုပြုလုပ်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အချိန်နီးကပ်လာပြီဖြစ်၍ အရေးကြီးကာလသို့ […]
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး နေပြည်တော်၊ ဒီဇင်ဘာလ(၁၅)ရက်။ ဗီယကနြမနြိုငငြံတှငြ အိမရြှငအြဖှဈ လကခြံကငွြးပမည့ြ (၃၁) ကှိမမြှောကြ အရှေ့တောငအြာရှ အားကစားပှိုငပြှဲသို့ ဝငရြောကယြှဉပြှိုငရြနအြတှကြ ကှိုတငပြှငဆြငဆြောငရြှကထြားရှိမှု အခှအနေမွေားနှင့ြ ပတသြကပြှီး သကဆြိုငရြာ မှနမြာနိုငငြံ အားကစားအဖှဲ့ခွုပမြွားနှင့ြ ပေါငြးစပညြှိနှိုငြး အစညြးအဝေးကို ယနေ့ နံနကြ (၉)နာရီ (၃၀)မိနဈအခွိနတြှငြ ဝဏျဏသိဒျဓီအားကစားကှငြး အစညြးအဝးခနြးမ၌ Video Conferencing စနဈဖှင့ြ ကငွြးပပှုလုပခြဲ့ရာ အားကစားနှင့ကြာယပညာဦးစီးဌာန၊ ဒုတိယညှှနကြှားရေးမှူးခွုပြ ဦးကွောြဦး၊ ယှဉပြှိုငရြေးနှင့လြေ့ကငွ့ရြေးဌာနခှဲ (၁)မှ ညှှနကြှားရေးမှူး ဦးခှနဂြွာအောငြ၊ ယှဉပြှိုငရြေးနှင့ြ လေ့ကငွ့ရြေးဌာနခှဲ (၂)မှ ညှှနကြှားရေးမှူး ဦးကွောဇြငမြိုးနှင့ြ တာဝနရြှိသူမွား၊ မှနမြာနိုငငြံ […]
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၂၅)နှစ်နှင့် အောက်အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၂၅)နှစ်နှင့်အောက်အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၂၅)နှစ်နှင့်အောက်အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့ကိုးသိန်းအားကစားခန်းမ၌ (၁၅.၁၂.၂၀၂၁)ရက်နေ့နံနက်(၀၈၀၀)နာရီတွင်ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်မိန့်ခွန်းပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးပြီး ပြိုင်ပွဲအားကြည့်ရှု့အားပေးခဲ့ကြပါသည်။
အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏအဆင့်မြှင့်တင်ပြီး လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်

အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏအဆင့်မြှင့်တင်ပြီး လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်နိုင်ငံတွင် (Joint Training) ပူးတွဲသွားရောက် လေ့ကျင့်လျက်ရှိသော မြန်မာအားကစားအဖွဲ့များအား တွေ့ဆုံ လမ်းညွှန်အမှာစကားပြောကြား

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်နိုင်ငံတွင် (Joint Training) ပူးတွဲသွားရောက် လေ့ကျင့်လျက်ရှိသော မြန်မာအားကစားအဖွဲ့များအား တွေ့ဆုံ လမ်းညွှန်အမှာစကားပြောကြား နေပြည်တော်၊ ဒီဇင်ဘာလ(၁၃)ရက်။ (၁၂.၅.၂၀၂၂) ရက်နေ့မှ (၂၃.၅.၂၀၂၂) ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစား အဖွဲ့များ အောင်မြင်မှုရရှိစေရန်အတွက် တရုတ်နိုင်ငံတွင် (Joint Training) ပူးတွဲသွားရောက် လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ဝူရှူး၊ အလေးမ၊ ဘော်လီဘော၊ လက်ဝှေ့နှင့် ပြေးခုန်ပစ် မြန်မာအားကစားအဖွဲ့များ၏ လေ့ကျင့်လှုပ်ရှားမှု၊ နေထိုင်စားသောက်မှု အခြေအနေများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ […]