(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ မေလ (၁) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ ည(၁၉း၀၀) နာရီအချိန်၌ လေယာဉ်အမှတ် UB-7015 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး ၊မြန်မာနိင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဌဦးရဲမြင့်နှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့များတွင် အုပ်ချုပ်မှုအဖွဲ့ (၃၀)ဦး၊ ဘော်လီဘော အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ ဧပြီလ (၃၀) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၄း၁၅)နာရီအချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့များတွင် ဘောလုံးအားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၈)ဦး၊ အမျိုးသမီးအားကစားသမား (၂၀)ဦး၊ ဘော်လီဘော အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ အမျိုးသား […]
(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ
![]()
(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ ဧပြီလ(၂၇)ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ည(၁၉း၀၀)နာရီအချိန်၌ လေယာဉ်အမှတ် UB-7011 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့များတွင် အုပ်ချုပ်မှုအဖွဲ့(၂)ဦး၊ ခရစ်ကက်အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ(၂)ဦး၊ အမျိုးသမီးအားကစားသမား (၁၅)ဦး၊ ဘောလုံးအားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၈)ဦး၊ အမျိုးသားအားကစားသမား (၂၀)ဦး၊ စစ်တုရင်အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ(၂)ဦး၊ အမျိုးသား အားကစားသမား (၇)ဦး၊ အမျိုးသမီး အားကစားသမား(၂)ဦး ၊စုစုပေါင်း(၅၈)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားအဖွဲ့များ၊ သက်ဆိုင်ရာဌာနခွဲအလိုက် အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားအဖွဲ့များ၊ သက်ဆိုင်ရာဌာနခွဲအလိုက် အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဧပြီ(၂၆)။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ကြီးမှူး၍ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်မည့် အားကစားအဖွဲ့များ၊ သက်ဆိုင်ရာဌာနခွဲအလိုက် အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံတွင် မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း(၁၉)နည်းမှ အုပ်ချုပ်မှုအဖွဲ့(၅၅)ဦး၊ အုပ်ချုပ်သူ/နည်းပြ(၁၀၄)ဦး၊ အားကစားသမား(၃၄၁)ဦး၊ စုစုပေါင်း(၅၀၀)ဦးတို့ဖြင့် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန်အချိန်နီးကပ်လာပြီဖြစ်သောကြောင့် သက်ဆိုင်ရာ အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေးနှင့်လုံခြုံရေးကို အထူးဂရုစိုက် စောင့်ရှောက်ပေးရန်လိုကြောင်း၊ အားကစားဆေးဘက်ဌာနခွဲမှသုံးစွဲရန် […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လှေလှော်အားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ စတင်ထွက်ခွာ
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လှေလှော်အားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ စတင်ထွက်ခွာ ရန်ကုန်၊ ဧပြီလ (၂၆)ရက်။ ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လှေလှော်အားကစားအဖွဲ့သည် ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်အတွက် ပြိုင်ပွဲမတိုင်မီ ကမ္ဘောဒီးယားနိုင်ငံလက်ရွေးစင်အသင်းနှင့် ပူးတွဲလေ့ကျင့်မှု ပြုလုပ်နိုင်ရန် ယနေ့ နေ့လယ်(၁၄:၁၂) နာရီအချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါမြန်မာ့လှေလှော်အားကစားအဖွဲ့၌ အုပ်ချုပ်/နည်းပြ (၅)ဦး၊ အမျိုးသားအားကစားသမား (၂၄)ဦး၊ အမျိုးသမီးအားကစားသမား (၆)ဦး ၊ စုစုပေါင်း (၃၅)ဦးတို့ […]
(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ် မီးရှူးတိုင်သယ်ယူခြင်း အခမ်းအနားကျင်းပ
![]()
(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ် မီးရှူးတိုင်သယ်ယူခြင်း အခမ်းအနားကျင်းပ ရန်ကုန်၊ ဧပြီလ(၂၁)။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အဆိုပါပြိုင်ပွဲအပြီး ဇွန်လ(၃)ရက်နေ့မှ (၉)ရက်နေ့အထိ ဆက်လက်ကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူခြင်း အခမ်းအနားကို ယနေ့နံနက်(၇)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ်ရိပ်သာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံး၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E Mr. CHUM Angvichet ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ကိုယ်စားလှယ်တော်၊ ကမ္ဘောဒီးယားနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် […]
Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) Mr.Nguyen Binh Dinh သည် ဗိုဗီနမ်အားကစားအဖွဲ့မှ နည်းပြများနှင့်အားကစားသမားများအား နှစ်သစ်အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်
![]()
Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) Mr.Nguyen Binh Dinh သည် ဗိုဗီနမ်အားကစားအဖွဲ့မှ နည်းပြများနှင့်အားကစားသမားများအား နှစ်သစ်အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ် နေပြည်တော်၊ ဧပြီ(၁၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) ဗီယက်နမ်နိုင်ငံမှ Mr.Nguyen Binh Dinh ၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲမြင့်နှင့်တာဝန်ရှိသူများသည် […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) Mr.Nguyen Binh Dinh အားလက်ခံတွေ့ဆုံ
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) Mr.Nguyen Binh Dinh အားလက်ခံတွေ့ဆုံ နေပြည်တော်၊ ဧပြီ(၁၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ ဝန်ကြီးရုံး Call ခန်းမ၌ Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East […]
မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစု လမ်းလျှောက်သင်္ကြန်နှင့် အရာထမ်း/အမှုထမ်းများအား ကံစမ်းမဲဖောက်ခြင်းအခမ်းအနားကျင်းပ
![]()
မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစု လမ်းလျှောက်သင်္ကြန်နှင့် အရာထမ်း/အမှုထမ်းများအား ကံစမ်းမဲဖောက်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ(၁၆)။ ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်(အတက်နေ့)၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုလမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ဗလာမပါ ကံစမ်းမဲဖောက်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်နှင့်ဇနီး၊ ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူများသည် အရာထမ်း/ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များနှင့်အတူ ဌာနခွဲအသီးသီးမှ စတုဒီသာကျွေးမွေးဧည့်ခံသည့် မြန်မာ့ရိုးရာအစားအစာများအား ပျော်ပျော်ပါးပါး စားသောက်ပြီး မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့)အား ပါဝင်ကာ စည်းကားသိုက်မြိုက်စွာ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့သည်။ ထို့နောက် ဌာနခွဲများမှဝန်ထမ်းများက သင်္ကြန်တေးသီချင်းများ၊ မြန်မာ့ရိုးရာ သင်္ကြန်အကအလှများနှင့် Fitness Dance များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ဖျော်ဖြေရေး အဖွဲ့များအား ဆုကြေးငွေများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန […]
သင်္ကြန်အကြတ်နေ့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမိသားစု လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ၏ အတာသင်္ကြန်ပွဲတော်ကျင်းပ
![]()
သင်္ကြန်အကြတ်နေ့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမိသားစု လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ၏ အတာသင်္ကြန်ပွဲတော်ကျင်းပ နေပြည်တော်၊ ဧပြီ(၁၅)။ ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မိသားစုလမ်းလျှောက်သင်္ကြန်နှင့် စတုဒီသာကျွေးမွေးခြင်းတို့ကို နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ အတာသင်္ကြန်ပွဲတော်အခမ်းအနားကို ယနေ့(သင်္ကြန် အကြတ်နေ့) နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် အားကစားလေ့ကျင့်ရေး စခန်းတို့၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဇနီးသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဌာနခွဲအသီးသီးမှ စတုဒီသာကျွေးမွေးသည့် မြန်မာ့ရိုးရာအစားအစာများကို ပျော်ပျော်ပါးပါး စားသောက်ပြီး လမ်းလျှောက်သင်္ကြန်(အကြတ်နေ့)အား ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေမှုများကို လှည့်လည်ကြည့်ရှုခဲ့သည်။ ဆက်လက်ပြီး ဌာနခွဲများမှ ဝန်ထမ်းများက မြန်မာ့ရိုးရာသင်္ကြန်သီချင်းများ၊ သင်္ကြန်အကများနှင့် Fitness Dance များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဖျော်ဖြေရေးအဖွဲ့များအား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် […]