အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေလ(၁၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် (၁၄.၅.၂၀၂၃)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်နှင့်အတူ ကန်ကြီးထောင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/အားကစားရုံများ၊ ပုသိမ်မြို့၌ အဆင့်မြင့်ရေကူးကန် တည်ဆောက်မည့်မြေနေရာနှင့် အားကစားနှင့် ကာယပညာသိပ္ပံ တည်ဆောက်မည့် မြေနေရာတို့အားသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ဧရာဝတီတိုင်းဒေသကြီး (တိုင်းရုံး)၊ ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံခဲ့ရာ ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများ၏ ရာဇဝင်များနှင့် တည်နေရာများအား Google Map, Layout Plan များကို ကားချပ်ပြုလုပ်ပြသခြင်းနှင့် Powerpoint ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဒုတိယ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲအား ကြိုဆိုသည့်သတင်း(၁၆.၅.၂၀၂၃)
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲအား ကြိုဆိုသည့်သတင်း(၁၆.၅.၂၀၂၃) ရန်ကုန်၊ မေလ (၁၆) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲသည် ယနေ့ညနေ(၆:၀၀)နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် WE -303 ဖြင့် ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသော မြန်မာ E-Sports အားကစားအဖွဲတွင် Mobile Legends Games ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုရရှိခဲ့သော မင်းကိုကို၊ ပြည့်ဟိန်းကို၊ ပြည့်စုံခန့်၊ စွမ်းထက်အောင်၊ ကျော်ဇင်ဘို၊ ရဲနောင်ဦးနှင့် အတူ အုပ်ချုပ်/နည်းပြ၊ အားကစားသမား စုစုပေါင်း(၂၄)ဦးတို့ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(အားနစ်)အားကစားနည်းမှ ရွှေ(၁)ခု၊ ကြေး(၃)ခု၊ ရိုးရာလှေလှော်အားကစားနည်းမှ ငွေ(၃)ခု၊ အလေးမအားကစားနည်းမှ ကြေး(၁)ခုထပ်မံဆွတ်ခူးရရှိ
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(အားနစ်)အားကစားနည်းမှ ရွှေ(၁)ခု၊ ကြေး(၃)ခု၊ ရိုးရာလှေလှော်အားကစားနည်းမှ ငွေ(၃)ခု၊ အလေးမအားကစားနည်းမှ ကြေး(၁)ခုထပ်မံဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၁၆)ရက်။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ဒေသစံတော်ချိန် မွန်းလွဲ (၂)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Center, Hall (A) ၌ ဗိုဗီနမ်(အားနစ်) (အမျိုးသား/ အမျိုးသမီး) အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အမျိုးသားအလွတ်တန်း စွမ်းရည်ပြအသင်းလိုက်ပြိုင်ပွဲတွင် (ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မောင်အောင်ဇော်သက်၊ မောင်ရဲဇော်မိုး၊ မောင်ရဲထွန်းအံ့တို့အတွဲက ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ကမ္ဘောဒီးယားနိုင်ငံကလည်းကောင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မေ(၁၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်း အဖွဲ့အစည်းများတွင် အကြီးအကဲများနှင့် ဝန်ထမ်းများ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အရာထမ်း/အမှုထမ်းများ၏ အစီရင်ခံတင်ပြချက်များကို ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဝန်ထမ်းဒါဘာကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများတင်ပြလိုသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ပါကြောင်း၊ ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကိုလည်း အကောင်းဆုံးနည်းလမ်းများဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲရလဒ် အောင်မြင်မှုရရှိခြင်းက နည်းပြ/အားကစားသမားများနှင့် ဌာနစိတ်အလိုက် ဝန်ထမ်းများ၏ ပေါင်းစပ် ဆောင်ရွက်မှုကြောင့် အောင်မြင်မှုရရှိခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် လက်ရှိအောင်မြင်မှုကို ကြီးမားသော တာဝန်တရပ်အနေဖြင့် ဆက်လက် ထိန်းသိမ်းသွားရန်လိုကြောင်း၊ မိမိတို့တာဝန်ကို […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို(၁၆.၅.၂၀၂၃)
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို(၁၆.၅.၂၀၂၃) ရန်ကုန်၊ မေလ (၁၆) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ နံနက်(၁၀:၃၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် WE – 301 ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ပန်းစည်းများဖြင့် ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(အားနစ်)အားကစားနည်းမှ ငွေ(၁)ခု၊ ကြေး(၃)ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေ(၁)ခု၊ ဘောလုံး(အမျိုးသမီး) အားကစားနည်းမှ ငွေ(၁)ခု၊ ဂျူဒိုအားကစားနည်းမှ ကြေး(၁) ခု၊ အလေးမအားကစားနည်းမှ ကြေး(၁)ခုထပ်မံဆွတ်ခူးရရှိ
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(အားနစ်)အားကစားနည်းမှ ငွေ(၁)ခု၊ ကြေး(၃)ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေ(၁)ခု၊ ဘောလုံး(အမျိုးသမီး) အားကစားနည်းမှ ငွေ(၁)ခု၊ ဂျူဒိုအားကစားနည်းမှ ကြေး(၁)ခု၊ အလေးမအားကစားနည်းမှ ကြေး(၁)ခုထပ်မံဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၁၅)။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်း ဒေသစံတော်ချိန်(၃)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Center, Hall (A) ၌ ဗိုဗီနမ်(အားနစ်) (အမျိုးသား/ အမျိုးသမီး) အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အမျိုးသမီး (၅၅)ကီလို ကြိမ်တုတ်အတိုက် ပြိုင်ပွဲတွင် (ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မမိုးမိုးအေးက […]
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လေကြောင်းနှင့်ရေကြောင်း လူငယ် (သင်တန်းသား/သင်တန်းသူ)များအား လူငယ်အသိပညာပေးဆိုင်ရာများ ဆွေးနွေးမှာကြားခြင်း
![]()
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လေကြောင်းနှင့်ရေကြောင်း လူငယ်(သင်တန်းသား/သင်တန်းသူ)များအား လူငယ်အသိပညာပေးဆိုင်ရာများ ဆွေးနွေးမှာကြားခြင်း နေပြည်တော်၊ မေလ ၁၆ ရက်။ ကျောင်းသား/ ကျောင်းသူမျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းအခြေခံနှင့် တန်းမြင့်သင်တန်းများကို ရေကြောင်းလူငယ် သင်တန်းစခန်း(၁၁)ခု၌ သင်တန်းသား/သင်တန်းသူ (၇၁၂)ဦးဖြင့်လည်းကောင်း၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းများကို သင်တန်းစခန်း(၁၇)ခု၌ သင်တန်းသား/ သင်တန်းသူ (၆၈၀)ဦးတို့ဖြင့်လည်းကောင်း၊ ဧပြီလ(၂၄)ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ လူငယ်ဘက်စုံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှ အတွင်းရေးမှူး၊ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို ရန်ကုန်၊ မေလ (၁၄) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ ညနေ(၁၉:၂၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် 8M – 402 ဖြင့် ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် ပြေးခုန်ပစ်အားကစားနည်း မီတာ(၁၀၀၀၀) အမျိုးသားပြိုင်ပွဲ၌ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် အမျိုးသား ယူ၂၂ အသင်းတို့အား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် အမျိုးသား ယူ ၂၂ အသင်းတို့အား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား ကမ္ဘောဒီးယား၊ မေ ၁၅။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကစားမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် တတိယနေရာလုပွဲ ကစားမည့် အမျိုးသား ယူ၂၂ အသင်းတို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့်ဗီယက်နမ်အသင်းတို့သည် မေ ၁၅ ရက်(ယနေ့)မြန်မာစံတော်ချိန် ည ၇ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ National Olympic Stadium ၌ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ မြန်မာ အမျိုးသား ယူ ၂၂ အသင်းသည်လည်း မေ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲအားကြိုဆို
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲအားကြိုဆို ရန်ကုန်၊ မေလ (၁၄) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့ သည် ယနေ့နံနက် (၁၀:၃၀)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို လေယာဉ် အမှတ် WE – 301 ဖြင့် ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာနှင့် ဝူရှူးအဖွဲချုပ်မှ နည်းပြများ၊ ဒိုင်များနှင့် မိဘပြည်သူများက ပန်းစည်းများဖြင့် ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသော မြန်မာဝူရှူးအားကစားအဖွဲ့တွင် ရွှေတံဆိပ်ဆုရှင် […]