အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၂ ခုနှစ် ၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ(Asia Junior Sports Exchange Games 2022)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ ပြည်ပထွက်ခွာ

Loading

၂၀၂၂ ခုနှစ် ၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ(Asia Junior Sports Exchange Games 2022)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ ပြည်ပထွက်ခွာ ရန်ကုန်၊စက်တင်ဘာလ(၁၃)ရက်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့ မှ (၂၀)ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ်၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ (Asia Junior Sports Exchange Games 2022)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း ခေါင်းဆောင်သော မြန်မာအားကစားအဖွဲ့သည် ယနေ့ နံနက်(၁၀:၃၀)နာရီအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူ Airline SQ761 လေယာဉ်ဖြင့်ထွက်ခွာသွားရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန […]

၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ ၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၁၂.၉.၂၀၂၂ ရက်နေ့ ညနေ ၃း၀၀ နာရီ အချိန် ကျောင်းသားအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး ၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီး အားကစားအဖွဲ့ ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ ပြည်နယ်မိခင်နှင့်ကလေးအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများသည် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အား ချီတက်အလေးပြုပြီး သတ်မှတ်နေရာယူခဲ့ကာ […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာ (၁၂)ရက်။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉:၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်နှင့်တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ အုပ်ချုပ်/နည်းပြများနှင့် ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်က အပြည်ပြည်ဆိုင်ရာ စစ်တုရင် လူငယ်(တစ်ဦးချင်း) ပြိုင်ပွဲတွင် ပထမရရှိသောသီဟဇော်(ရှမ်းပြည်နယ်)၊ ဒုတိယရရှိသော ပိုင်ဇေယျာကို(စစ်ကိုင်းတိုင်းဒေသကြီး)၊ တတိယရရှိသော ဝဏ္ဏဌေး(မွန်ပြည်နယ်)တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကိုလည်းကောင်း၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက […]

၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ၁၀.၉.၂၀၂၂ ရက်နေ့ ညနေ ၃ နာရီအချိန် ကျောင်းသားအားကစားကွင်းတွင် အထက.၆ နှင့် အထက ကွေ့ဝမ်း အသင်းတို့ယှဥ်ပြိုင်ကစားခဲ့ရာ အထက ကွေ့ဝမ်း အသင်းမှ ၄ ဂိုး ၃ ဂိုးဖြင့် အုင်ရရှိပြီး ပထမတံခွန်စိုက်ဒိုင်းဆုကြီးကို ဆွတ်ခူးခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသော ဆုများချီးမြှင့်သွားမည်ဖြစ်ပါသည် ။ ပထမ တံခွန်စိုက်ဒိုင်းဆု ရရှိသော အထက ကွေ့ဝမ်းအသင်းအား တစ်ဦးချင်း ၊ ငွေသားဆု ကျပ် ၁၀ သိန်းနှင့် တံခွန်စိုက်ုင်းဆုကြီးကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲဆက်လက်ကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲဆက်လက်ကျင်းပ ရန်ကုန်၊ စက်တင်ဘာလ(၁၀)ရက်။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ စစ်တုရင်အားကစား ဝါသနာရှင်များလာရောက် ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ နံနက်(၉)နာရီမှစတင်၍ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် ပွဲစဉ်(၁) စုလဲ့နန္ဒာ (မန္တလေး)နှင့် အိသင်္ကြန်(ဧရာဝတီ)တွင် (၁-၀) ၊ ပွဲစဉ်(၂) သော်သော်ဇင်(ရှမ်း)နှင့် မျိုးမျိုးသူ(ပဲခူး) တွင် (၀-၁)၊ ပွဲစဉ်(၃) ပန်းပြည့်သခင်(မွန်)နှင့် မြစံပယ်(စစ်ကိုင်း)တွင် (၁-၀)၊ ပွဲစဉ်(၄) နှင်းဝတ်ရည်(မန္တလေး)နှင့် အိပိုးသွယ်(ပဲခူး)တွင် (၁-၀)၊ ပွဲစဉ်(၅) အေးရနံ့သခင်(မွန်)နှင့် လွင်မာစိုး (စစ်ကိုင်း)တွင် (၀-၁)၊ ပွဲစဉ်(၆) စံစံဆွေ(ရခိုင်)နှင့် ဖူးပွင့်ပြည့်စုံ(ရန်ကုန်)တွင် (၁-၀)၊ ပွဲစဉ်(၇) စုမြတ်အိန္ဒြာ(နေပြည်တော်)နှင့် […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ ရန်ကုန်၊ စက်တင်ဘာ(၉)ရက်။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ စစ်တုရင်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့နံနက်(၉)နာရီမှ စတင်၍ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် ပွဲစဉ်(၁) အိသင်္ကြန် (ဧရာဝတီ)နှင့် မျိုးမျိုးသူ (ပဲခူး)တွင် (၁-၀)၊ ပွဲစဉ်(၂) ဆုလဲ့နန္ဒာ(မန္တလေး)နှင့် လွင်မာစိုး(စစ်ကိုင်း)တွင် (၁-၀)၊ ပွဲစဉ်(၃) အေးအေးဖြိုး(ပဲခူး)နှင့် သော်သော်ဇင် (ရှမ်း)တွင် (၀-၁)၊ ပွဲစဉ်(၄) ပန်းပြည့်သခင်(မွန်)နှင့် စုမြတ်အိန္ဒြာ(နေပြည်တော်) တွင်(၁-၀)၊ ပွဲစဉ်(၅) မြစံပယ်(စစ်ကိုင်း)နှင့် ရတနာမြတ်မွန်(မွန်)တွင် (၁-၀)၊ ပွဲစဉ်(၆) ဟေမာန်စိုး(တနင်္သာရီ)နှင့် နှင်းဝတ်ရည်(မန္တလေး)တွင် (၀-၁)၊ ပွဲစဉ်(၇) ဖူးပွင့်ပြည့်စုံ(ရန်ကုန်)နှင့် မေခင်စန္ဒာထွန်း(မန္တလေး)တွင် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အလေးမနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အလေးမနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ စက်တင်ဘာ(၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “ အလေးမနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်း ဆင်းပွဲအခမ်းအနား” ကို ယနေ့နံနက် (၉:၀၀)နာရီ အချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးကိုယ်စား သင်တန်းဆင်းအမှာစကားပြောကြားခြင်းဖြစ်ကြောင်း၊ အလေးမအားကစားနည်းသည် အိုလံပစ်အားကစားနည်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် အရေးကြီးသည့် အားကစားနည်းတစ်နည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရိုးရာအားကစားနည်းများကို အခြေခံပြီး အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နည်းစနစ်များ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ယခုသင်တန်းတွင် သင်ကြားပို့ချပေးခဲ့ပြီးဖြစ်သည့်အတွက် သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း မသန်စွမ်းလူငယ်ရေးရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း မသန်စွမ်းလူငယ်ရေးရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ စက်တင်ဘာ(၈)ရက်။ မသန်စွမ်းလူငယ်များ၏ ဘဝမြှင့်တင်ပေးနိုင်ရန်နှင့် ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်စေရန် ရည်ရွယ်၍ “ မသန်စွမ်းလူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲအခမ်း အနား” ကို ယနေ့နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပြည်ထောင်စုယ်မြေ(နေပြည်တော်)၊ ပျဉ်းမနားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒ၊ ရည်မှန်းချက်နှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ကဏ္ဍပေါင်းစုံမှ ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနပေါင်းစုံပူးပေါင်းပါဝင်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်း၍ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လူငယ်ရေးရာကော်မတီကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ မသန်စွမ်းသူများအတွက် ၂၀၁၅ […]

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဆက်လက်ကျင်းပ

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဆက်လက်ကျင်းပ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ စစ်တုရင်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့နံနက်(၉)နာရီမှစတင်၍ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် ပွဲစဉ်(၁) မျိုးမျိုးသူ(ပဲခူး)နှင့် စုလဲ့နန္ဒာ(မန္တလေး)တွင် (၁-၀)၊ ပွဲစဉ်(၂) မေခင်စန္ဒာထွန်း(မန္တလေး)နှင့် အိသင်္ကြန် (ဧရာဝတီ) တွင် (၀-၁)၊ပွဲစဉ်(၃) အေးအေးဖြိုး(ပဲခူး)နှင့် မြစံပါယ်(စစ်ကိုင်း) တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၄) သော်သော်ဇင်(ရှမ်း)နှင့် ဟေမာန်စိုး(တနင်္သာရီ)တွင် (၁-၀)၊ ပွဲစဉ်(၅) လွင်မာစိုး(စစ်ကိုင်း)နှင့် သွန်းနဒီအောင်(မကွေး)တွင်(၁-၀)၊ပွဲစဉ်(၆) နီနီဝင်း(ရှမ်း)နှင့် ပန်းပြည့်သခင်(မွန်)တွင်(၀-၁)၊ပွဲစဉ်(၇)ချစ်စုထွေး(ရှမ်း)နှင့် စုမြတ်အိန္ဒြာ(နေပြည်တော်)တွင် (၀-၁)၊ ပွဲစဉ်(၈) ရတနာမြတ်မွန် (မွန်)နှင့် နန်းခမ်းစံ(ရှမ်း)တွင် (၁-၀)၊ ပွဲစဉ်(၉) နှင်းဝတ်ရည်(မန္တလေး) နှင့်ငြိမ်းရတီထက်(မကွေး)တွင် (၁-၀)၊ ပွဲစဉ်(၁၀) အိမ့်သက်မှူးခင်(တနင်္သာရီ)နှင့် နဒီလင်းလဲ့(ကရင်)တွင် (၁-၀)၊ […]

၂၀၂၂ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသားအသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၂ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသားအသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ ၂၀၂၂ ခုနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသားအသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို (၇.၉.၂၀၂၂)ရက်နေ့ ညနေ ၃ နာရီအချိန် အောင်သံလွင်အားကစားကွင်း၊ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်မြို့နယ်အသင်း (၇)သင်းမှ ကွင်းအတွင်းနေရာယူပြီး ပြည်နယ်ဝန်ကြီးချုပ်မှအဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လစ်စေခဲ့ပါသည်။ ထိုနောက် အားကစားသမားများ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီးနောက် အားကစားသမားများကွင်းအတွင်းမှစစ်ကြောင်းပုံဖြင့်ချီတက်အလေးပြု ထွက်ခွာခဲ့ပါသည်။ ဆက်လက်၍ အ.ထ.က (၄)ကျောင်း ဘင်ခရာ၊ ပန်းပွားအဖွဲ့မှ သရုပ်ပြသခဲ့ကြပြီးနောက်ကွင်းအတွင်းမှစစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု၍ ဆက်လက်ထွက်ခွာခဲ့ပါသည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်မှ အ.ထ.က (၄)ကျောင်း ဘင်ခရာ၊ ပန်းပွားအဖွဲ့အား ဂုဏ်ပြုငွေချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ဖွင့်ပွဲယှဉ်ပြိုင်မည့် […]