အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ် (၁၄)ရက်။ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁၂)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ တတိယနေ့ပွဲစဉ်များအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။  (၁၃.၈.၂၀၂၂)ရက်နေ့ ဂျူဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(-၄၀)ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်များကိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မောင်မင်းမြတ်ဦး၊ ဒုတိယဆုကို ကချင်ပြည်နယ်အသင်းမှ ဂျူနီယာခေါင်လွမ်း၊တတိယဆုကို ရှမ်းပြည်နယ်အသင်းမှ မောင်ဉာဏ်လင်းထက်နှင့် ပူးတွဲတတိယဆု ကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ […]

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ် (၁၄)ရက်။ မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ” ကို ယနေ့ မွန်းလွဲ(၃)နာရီခွဲတွင် နေပြည်တော်၊ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြန်ကြားရေးဝန်ကြီးဌာနအသင်းမှ ပညာရေးဝန်ကြီးဌာန အသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါသည်။ (၁၅.၈.၂၀၂၂)ရက်နေ့ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် မွန်းလွဲ(၃)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၁)၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ မြန်မာ့လက်ရွေးစင် အားကစားသမားများအား ခန္ဓာကိုယ်ကြံ့ခိုင်မှုစစ်ဆေးခြင်း (Physical Test)ပြုလုပ်နေမှုများကို ကြည့်ရှုအားပေး

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ မြန်မာ့လက်ရွေးစင် အားကစားသမားများအား ခန္ဓာကိုယ်ကြံ့ခိုင်မှုစစ်ဆေးခြင်း (Physical Test)ပြုလုပ်နေမှုများကို ကြည့်ရှုအားပေး နေပြည်တော်၊ ဩဂုတ်(၁၃)။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်း (၆)နည်းမှ မြန်မာ့လက်ရွေးစင် အားကစားသမား (၁၁၇)ဦးတို့အား ယနေ့ နံနက် (၇)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ခန္ဓာကိုယ်ကြံ့ခိုင်မှုစစ်ဆေးခြင်း (Physical Test) ပြုလုပ်နေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့်အတူ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားထားသည့်အတိုင်း မဆုတ်မနစ်သော စိတ်ဓာတ်၊ မလျော့သော ဇွဲ၊ […]

AFC Women’s Club Championship 2022 (EAST) အာရှအမျိုးသမီးကလပ်အသင်းများ(အရှေ့ပိုင်းဇုန်)ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် ISPE FC မြန်မာအမျိုးသမီးဘောလုံးအသင်း ထိုင်းနိုင်ငံသို့ထွက်ခွာ

Loading

AFC Women’s Club Championship 2022 (EAST) အာရှအမျိုးသမီး ကလပ်အသင်းများ(အရှေ့ပိုင်းဇုန်)ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် ISPE FC မြန်မာအမျိုးသမီးဘောလုံးအသင်း ထိုင်းနိုင်ငံသို့ထွက်ခွာ ရန်ကုန်၊ဩဂုတ်(၁၂)ရက်။ အာရှဘောလုံးအဖွဲ့ချုပ်မှကြီးမှူး၍ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Women’s Club Championship 2022 (EAST) အာရှအမျိုးသမီး ကလပ်အသင်းများ(အရှေ့ပိုင်းဇုန်)ပြိုင်ပွဲကို ဩဂုတ်လ(၁၅)ရက်နေ့မှ (၂၁)ရက်နေ့အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံ မှ ISPE FC အမျိုးသမီးဘောလုံးအသင်းအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ၊ အုပ်ချုပ်သူ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူး ဦးသိုင်းထွန်းဇော်၊ နည်းပြချုပ် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) အားကစားမှူး ဒေါ်နုနုခိုင်ဝင်း၊ ဂိုးနည်းပြ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး (အား/ပညာ)ဒေါ်ဇာဇာမြင့် အပါအဝင် အဖွဲ့ဝင်(၇)ဦးနှင့် အားကစားသမား(၂၃)ဦး […]

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား တက်ရောက်

Loading

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား တက်ရောက် နေပြည်တော်၊ ဩဂုတ် (၁၂)ရက်။ အနာဂတကြာလတှငြ အသင့ဖြှဈနသေော မွိုးဆကသြဈ လူငယမြွား၏ အရေးပါသည့ြ အခနြးကဏျဍကို အသိအမှတပြှု၍ လူငယမြွား ရငဆြိုငကြှုံတှေ့နရသေည့ြ စိနခြေါမြှုမွား အခကအြခဲမွားကို နိုငငြံတကာအသိုကအြဝနြးက သိရှိနားလညစြရနေရြညရြှယပြှီး  “ ၂၀၂၂ ခုနှဈ၊ အပှညပြှညဆြိုငရြာ လူငယမြွားနေ့ အခမြးအနား” ကို ယနေ့နံနကြ (၁၀:၀၀)နာရီတှငြ နပှညေတြောြ၊ ဝဏျဏသိဒိဓအားကစားရုံ (B)၌ ကငွြးပရာ မှနမြာနိုငငြံလူငယရြေးရာဗဟိုကောမြတီဥကျကဋျဌ၊ အားကစားနှင့လြူငယရြေးရာဝနကြှီးဌာန ပှညြ‌ထောငစြုဝနကြှီး ဦးမငြးသိနြးဇံ၊ မှနမြာနိုငငြံလူငယရြေးရာလုပငြနြးကောမြတီဥကျကဋျဌ၊အားကစားနှင့လြူငယရြေးရာဝနကြှီးဌာန ဒုတိယဝနကြှီး ဦးမွိုးလှိုငြ၊ ညှှနကြှားရေးမှူးခွုပမြွား၊ အားကစားနှင့လြူငယရြေးရာဝနကြှီးဌာန ဒုတိယအမှဲတမြးအတှငြးဝနြ၊ ဒုတိယညှှနကြှားရေးမှူးခွုပမြွား၊ ဌာနခှဲမွားမှ ညှှနကြှားရေးမှူးမွား၊ မှနမြာနိုငငြံလူငယရြေးရာလုပငြနြးကောမြတီဝငမြွား၊ ဆုရအားကစားသမားမွားနှင့ြ ဆုရကွောငြးသား/ကွောငြးသူမွားတကရြောကခြဲ့ကှပါသညြ။ ဦးစွာ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ ဩဂုတ် (၁၂)ရက်။ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစောဒန်နီယယ်နှင့် ဒေါက်တာ ဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း များမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဂျူဒိုအားကစားနည်းသည် ဂျပန်လူမျိုးများ၏ ရိုးရာအားကစား နည်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံမှ […]

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က (ခွဲ)ဗိုလ်ရွေးကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

Loading

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(ခွဲ)ဗိုလ်ရွေးကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ် (၁၁)ရက်။ လူငယ်များကို အနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် လူငယ်ရေးရာဦးစီးဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် (၉:၃၀)နာရီတွင် ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(ခွဲ)ဗိုလ်ရွေးကျောင်းရှိ စုပေါင်းခန်းမ၌ “ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနား” ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဥတ္တရခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှသန္တာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက “ လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ဥတ္တရသီရိမြို့နယ် အေရိုးဗစ်အားကစားအဖွဲ့မှ သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်လွင်မှ […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဩဂုတ်(၁၁)ရက်။ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Gold Medal Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးခွန်ဂျာအောင်၊ ဦးရဲလွင်၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကျန်းမာကြံ့ခိုင်ပြီးထူးချွန်ထက်မြက်သော မျိုးဆက်သစ်ဂျူဒိုအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် Covid-19 စည်းမျဉ်း/စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ […]

လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးနေဝင်းနှင့် ဌာနခွဲများရှိ အရာထမ်း/အမှုထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲကျင်းပ

Loading

လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးနေဝင်းနှင့် ဌာနခွဲများရှိ အရာထမ်း/အမှုထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲကျင်းပ နေပြည်တော် သြဂုတ်လ (၁၀)ရက် နပှညေတြောြ၊ ဝဏျဏသိဒျဓိအားကစားကှငြးရှိ အားကစားနှင့လြူငယရြေးရာဝနကြှီးဌာန၊ လူငယရြေးရာဦးစီးဌာန အစညြးအဝေးခနြးမ၌ လူငယရြေးရာဦးစီးဌာန၊ ညှှနကြှားရေးမှူးခွုပြ၊ ဦးနဝငြေးနှင့ြ ဌာနခှဲမွားရှိ အရာထမြး/အမှုထမြးမွား၏ ဆနျဒဖောထြုတပြှဲ အစညြးအဝေးကို (၁၀.၈.၂၀၂၂)ရကနြေ့ နံနကြ (၁၀း၀၀)နာရီတှငြ ကငွြးပပှုလုပခြဲ့ပါသညြ၊၊ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဌာနခွဲလိုက် ဝန်ထမ်းများကအခက် အခဲများအား တင်ပြဆွေးနွေးခဲ့ပါသည်၊၊ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က (၄)လပတ် အစည်းအဝေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းများကို ထပ်ဆင့်မှာကြားခဲ့တယ်၊၊ ယနေ့ကျင်းပပြုလုပ်ခဲ့သော ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အပါအဝင် အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်၊၊

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ်(၁၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငပုတောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဝန်ထမ်းများအနေဖြင့် အားကစားကွင်း/အားကစားရုံများအား ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်သူများ စိတ်လက်ပေါ့ပါးစွာလာရောက်၍ အားကစားလေ့ကျင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အားကစားပြိုင်ပွဲများအား စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း မိသားစုစိတ်ဓာတ်ထားရှိပြီး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ပျော်ရွှင်စွာဖြင့် နိုင်ငံတော်မှ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ လိုက်နာထမ်းဆောင်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး […]