၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာလ (၅)ရက်။ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်နှင့် တာဝန်ရှိသူများ၊အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အုပ်ချုပ်/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်စေရန်နှင့် စစ်တုရင်အားကစားနည်းဟာ အခြားသော အားကစားနည်းများကဲ့သို့ ကိုယ်ကာယလှုပ်ရှားပြီး ကစားရသော အားကစားနည်းမဟုတ်ဘဲ စိတ်ဓါတ်ကိုအခြေခံ၍ ကစားရသောအားကစားနည်းဖြစ်သောကြောင့် စိတ်ဓါတ်ကြံ့ခိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုသည် အဓိကလိုကြောင်း၊ စစ်တုရင်အားကစားနည်းဟာ အားကစားပစ္စည်းကုန်ကျစရိတ် အနည်းဆုံးနှင့် လေ့ကျင့်ယှဉ်ပြိုင်ကစားနိုင်သည့် အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ စစ်တုရင်အားကစားနည်းအနေဖြင့် […]
၂၀၂၂ခုနှစ်၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်)အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ

၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်)အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ တောင်ကြီးမြို့၊ စက်တင်ဘာလ(၅)ရက်။ ၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ လူစစ် ဆေးခြင်းကို ၄.၉.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်လည်းကောင်း၊ အသင်းအုပ်ချုပ်သူများအစည်းအဝေးကို မွန်းလွဲ (၁၄:၀၀)နာရီအချိန်တို့တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) လေ့ကျင့်ရေးဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ထွေး၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် ပြည်နယ်အတွက် မျိုးဆက်သစ်အားကစားသမားများ […]
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၁၆)နှစ်အောက် လူငယ်အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက် လူငယ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၁၆)နှစ်အောက် လူငယ်အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက် လူငယ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ လူငယ်များဟာ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ကြီးမားတဲ့လူ့စွမ်းအား အရင်းအမြစ်များဖြစ်တဲ့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များတွင် အားကိုးအားထားပြုရမယ့် အင်အားစုတစ်ရပ်ဖြစ်လို့ နိုင်ငံတော်ရဲ့ အနာဂတ်ခေါင်းဆောင်များ ဖြစ်တဲ့အပြင် အနာဂတ်နိုင်ငံတော်ရဲ့ အကောင်းအဆိုးဟာဆိုရင် ဒီကနေ့လူငယ်များရဲ့ စွမ်းဆောင်ရည်၊ကိုယ်ကျင့်တရား၊ တိုင်းပြည်ချစ်စိတ်ဓါတ်၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှုအပေါ်မှာ မှီတည်နေတာဖြစ်လို့ လူငယ်များ ဘက်စုံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာစေရေး စနစ်တကျ ပြုစုပျိုးထောင်ပေးလျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၁၆)နှစ်အောက် လူငယ်အမျိုးသားဘောလုံးပြိုင်ပွဲနှင့်အသက်( ၁၈)နှစ်အောက် လူငယ်အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို (၂. ၉ .၂၀၂၂)ရက်နေ့ညနေ ( ၄း၄၅ )နာရီအချိန်တွင် အောင်မြေမန္တလာ အားကစားကွင်းသစ်ကြီးတွင်ကျင်းပပြုလုပ်ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ […]
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ စက်တင်ဘာလ(၄)ရက်။ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဌာနခွဲအလိုက်တာဝန်ခံများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ နည်းပြများ၊ အသင်းအုပ်ချုပ်သူများ၊ ကစားသမားများ တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား အသင်းလိုက် အတည်ပြုပြီးနောက် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဌဦးမောင်မောင်လွင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများအား ကျန်းမာရေးကောင်းစွာဖြင့် စုံစုံညီညီ ပါဝင်ယှဉ်ပြိုင်နိုင်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်-၁၉ ကဒ်ရောဂါကြောင့် ရက်၊ လ၊နှစ်ကြာမြင့်စွာ မကျင်းပနိုင်ခဲ့ပေမယ့် ယခုအခါတွင် နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှု […]
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ကျောင်းသား/ကျောင်းသူများ စိတ်ဓာတ်ခွန်အားမြှင့်တင်စေရန် ဟောပြောပွဲကျင်းပ

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ကျောင်းသား/ကျောင်းသူများ စိတ်ဓာတ်ခွန်အားမြှင့်တင်စေရန် ဟောပြောပွဲကျင်းပ ရန်ကုန်၊ စက်တင်ဘာ (၃)ရက်။ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ကျောင်းသား/ကျောင်းသူများအား၊ အားကစားနည်းအလိုက် အားကစားထူးချွန်၍ နိုင်ငံ့လက်ရွေးစင်ဖြစ်စေရန်နှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်စေရန်အတွက်ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီက ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာပညာသိပ္ပံ စုပေါင်းစားရိပ်သာ၌ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင်ဟောင်း ဘော်လီဘောအားကစားသမားကြီး၊ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဦးစိုးသိန်းက လေ့ကျင့်ရေး၊ ပညာရေး၊ စိတ်ဓာတ်စည်းကမ်းပိုင်းနှင့် မိမိ၏အားကစားနည်း အတွေ့အကြုံ၊ အောင်မြင်မှုနှင့် ဆုရရှိပြီး ရာထူးအဆင့်ဆင့်တိုးတက်ဂုဏ်ပြုခံခဲ့ရသည့် အားကစားဘဝ ဖြတ်သန်းလာမှုအား ကျောင်းသား/ ကျောင်းသူများအား စိတ်ဓာတ်ခွန်အား မြှင့်တင်စေရန် ဟောပြောပို့ချခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူ၊ ဦးသိုင်းထွန်းဇော်နှင့် နည်းပြဆရာ/ဆရာမများ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲတွင် Dragon အသင်းနှင့် YCDC အသင်းတို့ ပထမတံခွန်စိုက်ဆုများ ဆွတ်ခူး

၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲတွင် Dragon အသင်းနှင့် YCDC အသင်းတို့ ပထမတံခွန်စိုက်ဆုများ ဆွတ်ခူး မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် ကိုရီးယားသံရုံးတို့ ပူးပေါင်းကျင်းပသော ၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏ (ဘူရောင်း)တိုက်ကွမ်ဒိုလေ့ကျင့်ရေးစင်တာ၌ ကျင်းပပြီး ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ Dragon အသင်းနှင့် YCDC အသင်းတို့က ပထမတံခွန်စိုက်ဆုများ ဆွတ်ခူးရရှိကြသည်။ ၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲဖွင့်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E. Kang Kmygu နှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးမြဟန်တို့က အမှာစကားပြောကြားကြပြီး ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် အမျိုးသား/အမျိုးသမီး သက်ငယ်တန်းအဆင့်၊ ဂျူနီယာတန်းအဆင့်၊ ‘က’ကွက် ၊ အတိုက်ပြိုင်ပွဲများကိုကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲ၌ […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက် နေပြည်တော်၊ စက်တင်ဘာ(၂)ရက်။ မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်း မြှင့်တင်နိုင်စေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ” ကို ယနေ့ ညနေ (၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးအေးထွန်း၊ ဒေါက်တာမိုးဇော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ဌာနဆိုင်ရာများ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများအား လိုက်လံကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ (၂) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများ Cluster(9)ရှိ စားရိပ်သာတွင် နေ့လည်စာ စားသုံးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများအား Nutrition အာဟာရ ညီညွတ်မျှတပြည့်ဝစွာ ချက်ပြုတ်ကျွေးမွေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားဆေးဘက်ဌာနခွဲမှ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံခဲ့ပြီး ဝန်ထမ်းများတစ်ဦးနှင့်တစ်ဦး အထက်အောက် အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံသွားကြရန်လိုကြောင်း၊မိသားစုသဖွယ် ညီအကိုမောင်နှမစိတ်ဓါတ်ထားရှိပြီး အချင်းချင်းကူညီရိုင်းပင်း၍ မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်နှင့် အခက်အခဲများ၊ လိုအပ်ချက်များရှိပါက အဆင့်ဆင့်သတင်းပို့၍ ဆောင်ရွက်လုပ်ကိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို (၁.၉.၂၀၂၂)ရက်နေ့ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပေါင်မြို့နယ်အသင်းနှင့် သံဖြူဇရပ် မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ သံဖြူဇရပ်မြို့နယ် အသင်းမှ (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပထမ တံခွန်စိုက်ရရှိသော သံဖြူဇရပ်မြို့နယ်အား တစ်ဦးချင်းဆု ၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုကို မွန်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှလည်းကောင်း၊ ဒုတိယဆုရရှိသော ပေါင်မြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးမှ လည်းကောင်း ၊ ပူးတွဲတတိယဆုရရှိသော သထုံမြို့နယ် အသင်းအား ငွေသားဆုကို မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် […]
၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံအသက်(၂၅)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ တတိယလုပွဲ ကျင်းပ

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ တတိယလုပွဲကျင်းပ နေပြည်တော်၊ စက်တင်ဘာ(၁)ရက်။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့် အတန်းမြှင့်တင်နိုင်စေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံအသက်(၂၅)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ” ကို ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးချုပ် လူမွန်၊ဦးအောင်ကျော်ထွန်း၊ ဦးအောင်မြိုင်၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးတင့်မြတ်သူ၊ ဒေါက်တာ ကျော်မိုးဦး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ညနေ(၃)နာရီတွင် […]