၂၀၂၂ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ၊မြို့နယ်ပေါင်းစုံ အမျိုးသမီး အသက် (၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ၊မြို့နယ်ပေါင်းစုံ အမျိုးသမီး အသက် (၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ၂၀၂၂ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ၊မြို့နယ်ပေါင်းစုံ အမျိုးသမီး အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၄.၁၀.၂၀၂၂)ရက်နေ့ ညနေ ၃နာရီအချိန် အောင်သံလွင်အားကစားကွင်း၊ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ၊ပြည်နယ်တရားသူကြီးချုပ် ဒေါ် ခင်ဆွေထွန်း နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။ ရှေ့ဦးစွာ ပြိုင်ပွဲဝင်မြို့နယ်အသင်း (၇)သင်း မှကွင်းအတွင်းနေရာယူပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်စေခဲ့ပါသည်။ ထိုနောက် အားကစားသမားများ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီးနောက် အားကစားသမားများကွင်းအတွင်းမှ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု ထွက်ခွာခဲ့ပါသည်။ ဆက်လက်၍ အ.ထ.က (၄)ကျောင်း ဘင်ခရာ၊ ပန်းပွားအဖွဲ့မှ သရုပ်ပြသခဲ့ကြပြီး […]
စစ်ကိုင်းတိုင်းဒေသကြီး၊ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းသင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းဆင်းပွဲကျင်းပ မုံရွာ၊ အောက်တိုဘာ(၄)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ(၂၀)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းတွင် ကျင်းပရာ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းဆင်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးနှင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က အသီးသီးအမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်းသိရသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာနှစ်အလိုက် လူငယ်များအလုပ်အကိုင် ရရှိရေးအတွက် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်များအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ဆင်းရဲနွမ်းပါးမှုချော့ချစေရေးအတွက် အထောက်အကူပြုစေရန်၊ […]
၂၀၂၂ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြနှင့်ဒိုင်သင်တန်းကိုနိုင်ငံတော်ရဲ့ ဦးတည်ချက်တစ်ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေးမြင့်မားရေးဆိုတဲ့ အမျိုးသားရေးဦးတည်ချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးထုကျန်းမာကြံ့ခိုင်ပြီးစွမ်းရည်တိုးတက်မြင့်မားရေးအတွက်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်ကရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စုခန်းမ၌ ကျင်းပရာမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌဒေါ်ရီရီဝင်းနှင့်အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြဆရာများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသူများတက်ရောက်ကြသည်။ ရှေးဦးစွာမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌဒေါ်ရီရီဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် ဒီသင်တန်းမှ ဒိုင်သင်တန်းတက်ရောက်သွားကြတဲ့ ဒိုင်များအနေနဲ့လည်းနှစ်စဉ်ကျင်းပတဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်း (Aerobic) ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများမှာဘက်လိုက်မှုကင်းပြီးတိတိကျကျမှန်ကန်စွာသုံးသပ်ဆုံးဖြတ်နိုင်တဲ့ သမာသမတ်ကျသောဒိုင်လူကြီးများအဖြစ် ဆောင်ရွက်သွားကြရမှာဖြစ်သလိုနည်းပြများအနေဖြင့်လည်းမိမိတာဝန်ကျရာဒေသများတွင် အားကစားသမားများအားအမှတ်ပေးစည်းမျဉ်းနှင့်အညီကစားကွက်များကိုသေချာသင်ကြားပြသ၍ ပြိုင်ပွဲဝင်နိုင်ရေးကိုအစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း၊ ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်းရှိသလောက် ပူးပေါင်းကြိုးစားဆောင်ရွက်သွားကြပါရန် ပြောကြခဲ့ပြီးအမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ သင်တန်းသူစုစုပေါင်း(၃၉)ဦး တက်ရောက်ကြပြီး သင်တန်းအား အောက်တိုဘာလ (၁၂)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိ ရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ လေကြောင်းဝါသနာရှင်များအသင်းမှ လေ့ကျင့်နေသည့် လူငယ်များအား တွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ လေကြောင်းဝါသနာရှင်များအသင်းမှ လေ့ကျင့်နေသည့် လူငယ်များအားတွေ့ဆုံ ရန်ကုန်၊ အောက်တိုဘာလ(၃)ရက်။ လေကြောင်းပညာရပ်မျာအား ဝါသနာပါရာလုပ်ငန်းတစ်ရပ်အဖြစ် လေ့လာလိုက်စားလိုသူများအား တစ်စုတစ်စည်းထဲ ဖွဲ့စည်း၍ တိုးတက်ဖွံ့ဖြိုးလျက်ရှိသည့် လေကြောင်းပညာရပ်များကို ပိုမိုစူးစမ်းလေ့လာနိုင်စေရန်၊ နိုင်ငံတော်၏ လေကြောင်းလောကအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ထွန်းကားလာစေရန်နှင့် နိုင်ငံတော်မှအားထားရမည့် လေကြောင်းအတတ်ပညာရှင်များပြုစုပျိုးထောင်ရာတွင် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပြီး နိုင်ငံတော်၏ လေကြောင်းစွမ်းအား ခိုင်မာတောင့်တင်းစေရန် ရည်ရွယ်ဖွင့်လှစ်ထားရှိသည့် ရန်ကုန်မြို့ ကျိုက္ကဆံကွင်း(အား/ကာသိပ္ပံ၊ ရန်ကုန်)ရှိ မြန်မာနိုင်ငံလေကြောင်းဝါသနာရှင်များအသင်းမှ လေ့ကျင့်နေသည့် လူငယ်များအား ယနေ့နံနက်(၉)နာရီက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း သွားရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ မြန်မာနိုင်ငံလေကြောင်းဝါသနာရှင်များအသင်း ဥက္ကဌ ဦးအောင်ကျော်ငြိမ်းက ရုံးအစည်းအဝေးခန်းမ၌ အသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ၊ လေကြောင်းပညာရပ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လူငယ်များဘက်စုံဖွံ့ဖြိုး […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ပဏာမစခန်းဝင်လေ့ကျင့်လျက်ရှိသည့် ခြင်းလုံးအားကစားသမားများအား စခန်းဝင်ဆန်းစစ်လူရွေးချယ်ခြင်းကို ကြည့်ရှုအားပေး

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ပဏာမစခန်းဝင်လေ့ကျင့်လျက်ရှိသည့် ခြင်းလုံးအားကစားသမားများအား စခန်းဝင်ဆန်းစစ်လူရွေးချယ်ခြင်းကို ကြည့်ရှုအားပေး နေပြည်တော်၊ အောက်တိုဘာ(၁)။ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် ပဏာမစခန်းဝင်လေ့ကျင့်လျက်ရှိသည့် ခြင်းလုံးအားကစားသမားများအား စခန်းဝင်ဆန်းစစ်လူရွေးချယ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Centre No(1)ရှိ ခြင်းလုံးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီး၊ နည်းပြဆရာများမှ အားကစားသမားများ၏ တစ်ဦးချင်းစွမ်းရည် Event(1-2) ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်မှုနှင့် တစ်ဦးချင်းကြိုးစားအားထုတ်ယှဉ်ပြိုင်ကစားနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးရဲအောင်၊ ဦးချမ်းသာဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)မှ တာဝန်ရှိသူများ၊ ခြင်းလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီ အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အစည်းအဝေးကျင်းပ ရန်ကုန်၊စက်တင်ဘာလ(၃၀)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ စိုးဝင်း ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းပေးခဲ့ပြီး လူငယ်ရေးရာဦးစီးဌာနကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့ပြီး […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြည်မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ဓနုဖြူမြို့နယ်များရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြည်မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ဓနုဖြူမြို့နယ်များရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ(၂၉) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်(၈)နာရီခွဲအချိန်တွင် ရေကြည်မြို့နယ် ဘောလုံးအားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမ အကြီးစားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေမဝပ်စေရေးအတွက် မြက်များ မကြာခဏရိတ်သိမ်းပေးရန်နှင့် အားကစားခန်းမအတွင်း မှောင်မနေစေရန်၊ ခိုငှက်များ မဝင်ရောက်နိုင်အောင် စနစ်တကျကာရံသွားရန်၊ ကြမ်းခင်းများ ရေရှည်ခိုင်ခံ့မှုရှိစေရန်အတွက် လေဝင်ပေါက်များ စနစ်တကျထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအားလုံး ကျန်းမာရေးနှင့်လုံခြုံရေး အထူးဂရုစိုက်ကြရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် မိသားစုစိတ်ဓါတ်ထားရှိ၍ အပြန်အလှန်လေးစားမှုရှိပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာဝမ်းစာပြည့်ဝအောင် […]
စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ စစ်ကိုင်း- စက်တင်ဘာ- ၂၈ စဈကိုငွးခရိုငွ အားကစားနှင့ကွာယပညာဦးစီးဌာနနှင့ွ ခရိုငပွှနကွှားရေးနှင့ပွှညသွူ့ဆကဆွံရေးဦးစီးဌာနတို့ ပူးပေါငွး၍ စဈကိုငွးမှို့နယရွှိ ပှညထွောငွ စုတိုငွးရငွးသားလူငယမွှား စှမွးရညဖွှံ့ဖှိုးရေးဒီဂရီကောလိပသွို့ အားကစားနှင့လွူငယရွေးရာ အသိပညာပေး ဟောပှောပှဲကို စကတွငဘွာ(၂၈)ရကွ၊ နံနကွ(၁၀)နာရီက အဆိုပါကှောငွးတှငွ ကငွှးပပှုလုပခွဲ့ကှောငွး သိရသညွ။ ဟောပြောပွဲတွင် ပြည်ထောင် စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်/ဆက် ဦးစီးမှုးက လူငယ်များအသ်ပညာမြင့်မားရေး စာပေဖတ်ရှုလေ့လာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပညာရည်မြင့်မားရေးအတွက် ကြိုးစားသင် ယူနေကြသလို အားကစားများကိုလည်း စိတ်ဝင်စားစွာ လှုပ်ရှားကစားပေးသွားကြစေလိုကြောင်း၊ အားကစားများထဲတွင် ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားများရှိသလို မိမိတို့နှစ်သက်မြတ်နိုးရာ အားကစားကို လှုပ်ရှားကစားသွားကြစေလိုကြောင်း၊ အားကစားလှုပ်ရှားခြင်းဖြင့် […]
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက်အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက်အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ် ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ စက်တင်ဘာလ(၂၈)ရက်နေ့ မွန်းလွဲပိုင်းက ၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှု့အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များမှ ကြည့်ရှု့အားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသမီး၊ အမျိုးသားမီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်မည့်မြေနေရာနှင့် အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်မည့်မြေနေရာနှင့် အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင် နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် (၈)နာရီမှစတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံတည်ဆောက်မည့် ဧက(၅၀) မြေနေရာနှင့် ကန်သုံးဆင့် အဆင့်မြင့်ရေကူးကန် တည်ဆောက်မည့် မြေနေရာတို့အားလည်းကောင်း၊ ပုသိမ်မြို့ ကိုးသိန်းအားကစားပြိုင်ကွင်းရှိ ဘောလုံးအားကစားကွင်း အရှေ့ဘက် (၁၂၀ပေx၂၀ပေ) (၂)ထပ် ပွဲကြည့်စင်တည်ဆောက်နေမှုနှင့် အိပ်ဆောင်တည်ဆောက်မည့် မြေနေရာတို့အားလည်းကောင်း၊ ဘောလုံးကွင်းနှင့် Synthetic ပြေးလမ်းတွင် ရေမတင်စေရေးတာဝန်ရှိသူများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွား ရန်နှင့် မိုးလုံလေလုံ(ပြည်သူ့အားကစားရုံ)တို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားရုံ ရေရှည်တည်တံ့စေရေးနှင့် ခိုငှက်များမဝင်နိုင်စေရန် ဝင်ပေါက်များအားစနစ်တကျ ကာရံသွားရန်၊ ကြမ်းခင်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေး […]