အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၂) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးတက်ရောက်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၂) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးတက်ရောက် နေပြည်တော်၊ ဇွန်(၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် (၁၂) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ယနေ့ နံနက်(၇)နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ(အပေါ်ထပ်) ၌ Virtual စနစ်ဖြင့် တက်ရောက်ခဲ့သည်။ အစီအစဉ်အရ (၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးတွင် မလေးရှားနိုင်ငံမှ Mr. YB ADAM ADLI ABD MALM က ဒေသတွင်းလူငယ်များ၏ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ရန် “စိတ်ကျန်းမာရေး ပြဿနာများအားလုံးနှင့်အတူ ရင်ဆိုင်ကျော်လွှား” ဆောင်ပုဒ်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၀ ခုနှစ်တွင် […]
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)ရှိ ကျောင်းခန်းမဆောင်၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ
![]()
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)ရှိ ကျောင်းခန်းမဆောင်၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ နေပြည်တော်၊ ဇွန်လ(၂၁)ရက်။ ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ လူငယ်များဘက်စုံဖွံဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့် ပြည့်စုံကာ နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံသားကောင်းရတနာများ ဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီအချိန်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)ရှိ ကျောင်းခန်းမဆောင်၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူအင်အား (၁၅၀)ခန့် တက်ရောက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) လူငယ်ရေးရာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းမှ လူငယ်အသိပညာပေး အကြောင်းများဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အာကစားနှင့်ကာယပညာ ဦးစီးဌာနမှ စာသင်ကျောင်းအတွက် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အားကစားရုံနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အားကစားရုံနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန်လ(၂၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာပညာဦးစီးဌာန ရွှေကြာပင် အားကစားကွင်းသို့ရောက်ရှိပြီး အားကစားရုံနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၂၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ဂျူဒိုပညာရပ်သည် ဂျပန်လူမျိုးများ၏ ရိုးရာအားကစားနည်းဖြစ်ပြီး အပြန်အလှန်လေးစားမှုရှိရန်၊ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံနှုတ်ဆက်တိုင်း စနစ်တကျဦးညွတ်အလေးပြုနှုတ်ဆက်ရသည့်ဓလေ့ကို ရိုသေလေးစားသမှုနှင့် လေးနက်စွာ နှုတ်ဆက်အလေးပြုရန် လွန်စွာအရေးကြီးကြောင်း၊ ဂျူဒိုအစ အလေးပြုခြင်းကဆိုသည့်အတိုင်း ပထမဦးဆုံး ဂျူဒိုအားကစားနည်းကို သင်ကြားသည့်အခါ အလေးပြုခြင်းက စတင်သင်ကြားရခြင်းဖြစ်ပြီး မိမိပြိုင်ဖက်အား လေးစားခြင်း၊ မိမိကိုယ်ကို နှိမ့်ချရိုကျိုးခြင်းဖြစ်သည့်အတွက် အလေးပြုရခြင်း ရည်ရွယ်ချက်ကို သိရှိအောင် သင်ကြားပေးရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့မသိသေးသည့် အချို့သော နည်းစနစ်များ၊ […]
(၁၁) ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (11th SOMY +3) အား Virtual စနစ်ဖြင့်တက်ရောက်
![]()
(၁၁) ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (11th SOMY +3) အား Virtual စနစ်ဖြင့်တက်ရောက် နေပြည်တော်၊ ဇွန်(၂၀)။ မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်ဦးဆောင်ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (11th SOMY+3)အား မြန်မာစံတော်ချိန် ယနေ့ နံနက် (၇:၃၀) အချိန်တွင် ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ခေါင်းဆောင်များ၊ အာဆီယံအပေါင်း(၃)နိုင်ငံများ (တရုတ်၊ ကိုရီးယား၊ ဂျပန်)မှ လူငယ်ဆိုင်ရာခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံအာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(SOMY) ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အာဆီယံအပေါင်း(၃)လူငယ်ဆိုင်ရာလုပ်ငန်း အစီအစဉ် (၂၀၂၁-၂၀၂၅) နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူငယ်ဆိုင်ရာအစီအစဉ်များ၏ တိုးတက်မှု […]
(၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY)အား Virtual စနစ်ဖြင့်တက်ရောက်
![]()
(၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY)အား Virtual စနစ်ဖြင့်တက်ရောက် နေပြည်တော်၊ ဇွန်လ(၁၉)။ မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်ဦးဆောင်ကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY XII) အား မြန်မာစံတော်ချိန် ယနေ့နံနက် (၇:၃၀)အချိန်တွင် ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံအာဆီယံ လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOMY)၏ ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ (၁၂)ကြိမ်မြောက် အစည်းအဝေးတွင် အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူငယ်ဆိုင်ရာ အစီအစဉ်များ၊ အာဆီယံလူငယ်ဆိုင်ရာရန်ပုံငွေများကို သုံးစွဲမှုအခြေအနေများ၊ အာဆီယံလူငယ် ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)၏ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများအပေါ် နှစ်လယ်သုံးသပ်မှု အခြေအနေများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် […]
အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ မုံရွာ၊ ဇွန်လ(၁၉)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက် (၀၈:၃၀) အချိန်တွင် ကျောင်းလေ့ကျင့်ရေးခန်းမဆောင်(၁)၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းအဆင့်ဌာနဆိုင်ရာ ဧည့်သည်တော်များ ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ ၊ အလှူရှင်များ ၊ ဝန်ထမ်းများ ၊ ဆရာ/ဆရာမများနှင့် သင်တန်းသား/သူ များ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ ကျောင်းအကျိုးတော်ဆောင်ရန်ပုံငွေသို့ အလှူငွေ (၁၀)သိန်းကျပ် ထောက်ပံ့လှူဒါန်းခြင်းနှင့် သီးခြားဖိတ်ကြားထားသော အလှူရှင်များမှ အလှူငွေများပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ လူမှုရေးရာဝန်ကြီး […]
(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှ ဂုဏ်ပြုဆုငွေများချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
![]()
(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှ ဂုဏ်ပြုဆုငွေများချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော် ၊ ဇွန်လ(၁၇)ရက်။ ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ […]
ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဆေးတက္ကသိုလ်တောင်ကြီးတို့ ပူးပေါင်းကျင်းပသော ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲကျင်းပ
![]()
ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဆေးတက္ကသိုလ်တောင်ကြီးတို့ ပူးပေါင်းကျင်းပသော ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲကျင်းပ တောင်ကြီး၊ ဇွန်(၁၅)ရက်။ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲကိုဇွန်(၁၅)ရက်မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။ ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး ကဆေးတက္ကသိုလ်ကျောင်းသားများသည်ကျောင်းစာကိုအမြဲလေ့လာဖတ်ရှုနေကြပြီး မအားလပ်သည့်ကြားက ယခုလိုအားကစားစိတ်ဓါတ်အပြည့်ဖြင့် ယှဥ်ပြိုင်ကြသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ စာပေပညာထူးချွန်ရုံသာမက အားကစားတွင် ထူးချွန်အောင်ကြိုးစားလိုစိတ် ရှိသည်ကို ဝမ်းမြောက်မိပါကြောင်း၊ ယနေ့ပြိုင်ပွဲတွင် ကစားကြသည့် ကျောင်းသားများသည်မိမိကိုယ်ကို ကိုယ်စားပြုရုံသာမက တက္ကသိုလ်တစ်ခုလုံး၏ ကိုယ်စားဖြစ်၍ အားကစားသမားများအနေဖြင့် တက္ကသိုလ်၏ ဂုဏ်နှင့်စိတ်ဓါတ်ကို ဖော်ညွှန်းပြပါကြောင်း၊ ကစားသည့်အခါစိတ်အားထန်သန်မှု၊ ပြိုင်ဘက်ကို လေးစားမှု၊တက္ကသိုလ်ဘောလုံးသမိုင်းကို ထူးခြားစစ်မှန်သည့်အားကစားစွမ်းရည်များနှင့် ဖော်ကျူးပြီး အားကစားစွမ်းရည်မျှတသည့် ကစားနည်းလမ်းများဖြင့် ကစားကြရန် ပြောကြားသည်။ ဆက်လက်၍ ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာလှမြင့်ဝင်းက ပြိုင်ပွဲကျင်းပရခြင်းအကြောင်းအရင်းကို ရှင်းလင်းတင်ပြပြီး ပြိုပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြသည်။ ထို့နောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဆေးတက္ကသိုလ် -တောင်ကြီးပါမောက္ခချုပ်နှင့် […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့သည့် ရှမ်းပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့သည့် ရှမ်းပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ ဇွန်လ(၁၄)ရက်။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့သည့် ရှမ်းပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်ခြင်းကို ဇွန် (၁၄)ရက် မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။ ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ နိုင်ငံ့ကိုယ်စားပြု အားကစားသမား (၃၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခွန်ဘိုကာတာ အားကစားနည်းတွင် ရွှေ(၁)ခု၊ ကြေး(၁)ခု၊ ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် ရွှေ(၂)ခု၊ ကြေး (၁)ခု၊ လှေလှော်ပြိုင်ပွဲတွင် ရွှေ(၁)ခု၊ […]