(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစား အဖွဲ့များအား အောင်နိုင်ရေး အလံအပ်နှင်းခြင်း အခမ်းအနားကျင်းပ

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစား အဖွဲ့များအား အောင်နိုင်ရေး အလံအပ်နှင်းခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ (၂၉) ရက်။ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား တွေ့ဆုံအမှာစကားပြောကြား

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဧပြီ (၂၈) ရက်။ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များအား တွေ့ဆုံအမှာစကားပြောကြားခြင်းနှင့် 19th Asian Billiards Championship နှင့် 37th Asian Men’s Snooker Championship ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/၂၀၂၂) သင်တန်းနှင့် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲ အခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/၂၀၂၂) သင်တန်းနှင့် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ ဧပြီ(၂၅)ရက်။ ဝန်ထမ်းများအရည်အသွေးပြည့်ဝပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် ဝန်ထမ်း စည်းမျဉ်း/ စည်းကမ်းများကိုသိရှိနားလည်၍ ခံယူချက်၊ ယုံကြည်ချက်မှန်ကန်စွာဖြင့် လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်း များဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီခွဲ အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ ယခုသင်တန်းသည် လူငယ်ရေးရာဦးစီးဌာနကို စတင်ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ် ဖွင့်လှစ်သည့် […]
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ SEAGF COUNCIL METTING တက်ရောက်

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ SEAGF COUNCIL METTING တက်ရောက် နေပြည်တော်၊ ဧပြီ(၁၀)ရက်။ ကမ္ဘောဒီးယားနိုင်ငံ Borei Angkor Resort and Spa တွင် ကျင်းပပြုလုပ်သည့် SEAGF COUNCIL METTING ကို ယနေ့ နံနက် မြန်မာစံတော်ချိန် (၈)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ SOUTH EAST ASIAN GAMES FEDERATION မှ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဂျပန်နိုင်ငံရှိ (SEISA KOKUSAI High School) တွင် ပညာသင်ကြားပြီး ပြန်လည်ရောက်ရှိလာသော အား/ကာ(သိပ္ပံ)ကျောင်းများမှ ကရာတေးဒို အားကစားသမားများအားတွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဂျပန်နိုင်ငံရှိ (SEISA KOKUSAI High School) တွင် ပညာသင်ကြားပြီး ပြန်လည်ရောက်ရှိ လာသော အား/ကာ(သိပ္ပံ)ကျောင်းများမှ ကရာတေးဒို အားကစားသမားများအားတွေ့ဆုံ နေပြည်တော်၊ ဧပြီ(၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့နှင့်အတူ (၃၀.၃.၂၀၁၉)ရက်နေ့မှ (၃၁.၃.၂၀၂၂)ရက်နေ့အထိ ဂျပန်နိုင်ငံရှိ (SEISA KOKUSAI High School)တွင် အထက်တန်းကျောင်းပညာအပြင် ကရာတေးဒို အားကစားနည်းဆိုင်ရာဘာသာရပ်နှင့်ဂျပန်စကားများလည်း သင်ကြားတတ်မြောက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကရာတေးဒိုအားကစားသမားများအား တွေ့ဆုံသည့်အခမ်းအနားကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ဂျပန်နိုင်ငံတွင် ပညာသင်ကြားပြီး ပြန်လည်ရောက်ရှိလာသည့် အားကစား နှင့်ကာယပညာသိပ္ပံ (တောင်ကြီး)မှ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲ/ ရုံးခန်း ဖွင့်ပွဲမင်္ဂလာအခမ်းအနား တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲ/ ရုံးခန်း ဖွင့်ပွဲမင်္ဂလာအခမ်းအနားနှင့် အလေးမအားကစားနည်းပြိုင်ပွဲအသွင် ဆန်းစစ်ပြိုင်ပွဲ အခမ်းအနားတက်ရောက် နေပြည်တော် ဧပြီလ(၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်း ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၈:၄၅)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လူငယ်ရေးရာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ပြည်ထောင်စုဝန်ကြီးရုံးမှ အရာထမ်းများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်ခလုတ်နှိပ်၍ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်အား ဖွင့်လှစ်ပေးခြင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပတ်ဖြန်းပေးခြင်းနှင့် ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးခြင်းများ ပြုလုပ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်အမှာစကား ပြောကြားရာတွင်- […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့တွင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်စခန်းဝင်လေ့ကျင့်နေသော အားကစားသမားများအား လိုက်လံကြည့်ရှုအားပေး

ရန်ကုန်၊ ဧပြီလ (၄) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများလိုက်ပါလျက် ယနေ့နံနက်(၇:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ် သို့ ရောက်ရှိပြီး (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်စခန်းဝင်လေ့ကျင့်နေသော ကနူး/ကယက်နှင့် Rowing ကစားသမား(၂၉)ဦး၊ အုပ်ချုပ်/နည်းပြ(၇)ဦးတို့နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားကြရန်နှင့် COVID-19 ရောဂါမဖြစ်ပွားရေးအတွက် သတ်မှတ် စည်းကမ်းနှင့်အညီ သွားလာနေထိုင်စားသောက်ရေးကို အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းလမ်းညွှန်မှာကြားကာ၊ ကစားသမားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး ပြီးနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်လှေလှော်ပြိုင်ပွဲမှ ရွေးချယ်ထားသော မျိုးဆက်သစ် အားကစားသမားများအားလည်း ထူးချွန်သော မြန်မာလက်ရွေးစင်အားကစားသမားများဖြစ်လာ အောင်ကြိုးစားကြဖို့မှာကြားပြီး မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းမှ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးမှ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိရာ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အားက စားကွင်း/ရုံများ လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အားက စားကွင်း/ရုံများ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဧပြီ (၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းအချိန်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေတာရှည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီး ဌာန ဘောလုံးကွင်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်းအတွင်း အရံကစား သမားများထိုင်သည့်ခုံများအား အသစ်ပြန်လည်ပြုပြင်သွားရန်၊ ဘောလုံးကွင်းအား အမြဲတမ်း စိမ်းလန်းစိုပြေစေရေးအတွက် ရေဖျန်းစနစ်များကောင်းမွန်အောင် စီစဥ်ဆောင်ရွက်ထားရှိရန်နှင့် အားကစားကွင်း/အားကစားရုံ ဘေးပတ်ဝန်းကျင်နေရာများအား စဉ်ဆက်မပျက် သန့်ရှင်းသာယာလှပမှုရှိအောင် သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ကြရန် နှင့် ပြည်သူများ စိတ်လက်ပျော်ရွှင်စွာ လာရောက်ကစားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့သို့ရောက်ရှိပြီး ခရိုင်အားကစားရုံအား […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမား များ၏ Test Match Competition သရုပ်ပြလေ့ကျင့်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမား များ၏ Test Match Competition သရုပ်ပြလေ့ကျင့်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး နေပြည်တော်၊ မတ်(၂၆)။ ၂၀၂၂ခုနှစ်၊ မေလတွင် ဗီယက်နမ်နိုင်ငံ၌အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း (Gold Camp) တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းများအနက်မှ ယနေ့ နံနက်(၉) နာရီအချိန်တွင် တိုက်ကွမ်ဒိုအားကစားရုံ၌ မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမား များ၏ Test Match Competition သရုပ်ပြလေ့ကျင့်ယှဉ်ပြိုင်နေမှုများကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးတို့မှ သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးမှ အုပ်ချုပ်/နည်းပြနှင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရုရှား – မြန်မာ ချစ်ကြည်ရေးအဖွဲ့နှင့် အားကစားကဏ္ဍနှင့် လူငယ်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရုရှား – မြန်မာ ချစ်ကြည်ရေးအဖွဲ့နှင့် အားကစားကဏ္ဍနှင့် လူငယ်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ မတ်(၂၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ ရုရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့အား ယနေ့ နေ့လည်(၂)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၃၁) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့မှ Project Manager Mr.Denis DEGTEREV ၊ Executive Director Mr.Ivan IVANOV၊ Chief Executive […]