အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရုပ်ရှင်ဂီတသဘင်အနုပညာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အင်အားဖြည့်အစားအစာများ၊ အလှူငွေများ ထောက်ပံ့လှူဒါန်းကူညီဖြည့်ဆည်းပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရုပ်ရှင်ဂီတသဘင်အနုပညာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အင်အားဖြည့်အစားအစာများ၊ အလှူငွေများ ထောက်ပံ့လှူဒါန်းကူညီဖြည့်ဆည်းပေး နေပြည်တော်၊ အောက်တိုဘာ(၂၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် လာရောက်တည်းခိုနေထိုင်လျက်ရှိသည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုပဒေသာကပွဲတွင် ရုပ်ရှင်ဂီတသဘင်အနုပညာရှင်များ ပါဝင်တင်ဆက်မည့် ဒေါ်နွဲ့နွဲ့စန်းဦးဆောင်သည့် အမေများအဖွဲ့နှင့် ဦးဒိန်းဒေါင်ဦးဆောင်သည့် ဟာသလူရွှင်တော်များအဖွဲ့တို့အား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် နေပြည်တော်အားကစားဆေးဘက်ဌာနခွဲမှ ဆရာဝန်၊ သူနာပြုများနှင့်အတူ ဆီးချို၊ သွေးတိုးရောဂါစစ်ဆေးပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ၊ အင်အားဖြည့် အာဟာရဖြစ်စေရန်အတွက် ငှက်ပျောသီး၊ ကြက်ဥ၊ သောက်ရေသန့်များ၊ အလှူငွေများနှင့် အခြားလိုအပ်သည်များအား ကူညီဖြည့်ဆည်းထောက်ပံ့လှူဒါန်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ မိသားစုမိတ်ဆုံညစာစားပွဲတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ မိသားစုမိတ်ဆုံညစာစားပွဲတက်ရောက် ရန်ကုန်၊ နိုဝင်ဘာလ(၂၇)ရက်။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ မိသားစု မိတ်ဆုံညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၅)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ စားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း (၃၅)ဦး ၊ အမှုထမ်း(၃၇)ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အရာထမ်း(၃၀)ဦး၊ အမှုထမ်း (၁၃၅)ဦး ၊ သင်တန်းသား (၁၁၅)ဦးနှင့် သင်တန်းသူ(၁၁၄)ဦး […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း ဆဌမအကြိမ် စုံညီတွေ့ဆုံပွဲအခမ်းအနားတက်ရောက်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း ဆဌမအကြိမ် စုံညီတွေ့ဆုံပွဲအခမ်းအနားတက်ရောက် ရန်ကုန်၊ နိုဝင်ဘာလ(၂၇)ရက်။ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဆဌမအကြိမ် စုံညီတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအာကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ အသင်းမှ ဥက္ကဌ၊ အမှုဆောင်များနှင့် အသင်းဝင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အလှူရှင်များ တက်ရောက်ကြပါသည်။ ရှေးဦးစွာ နိုင်ငံတော်သီချင်းနှင့်အတူ နိုင်ငံတော်အလံအား အလေးပြု၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအဖွဲ့က ပွဲတိုင်းကျော် သီချင်းအား သံပြိုင်သီဆိုကြ၍ အခမ်းအနားအား စတင်ခဲ့ပါသည်။ အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် – […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရှိ (၆)ခန်းတွဲ (၄)ထပ်အိပ်ဆောင် တည်ဆောက်နေမှုအခြေအနေအားကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရှိ (၆)ခန်းတွဲ (၄)ထပ်အိပ်ဆောင် တည်ဆောက်နေမှုအခြေအနေအားကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ ရန်ကုန်၊ နိုဝင်ဘာလ(၂၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိပြီး (၆)ခန်းတွဲ (၄)ထပ်အားကစားသမားအိပ်ဆောင် ဆောက်လုပ်နေမှု အခြေအနေအား လာရောက်ကြည့်ရှုစစ်ဆေး၍ – ယခုဆောက်လုပ်နေသည့်လုပ်ငန်းခွင်ကို အရည်အသွေးပြည့်ဝပြီး အချိန်မီပြီးစီးအောင်ဆောင်ရွက်ပေးရန်နှင့် ဆောက်လုပ်ရေးအဖွဲ့မှ လိုအပ်ချက်များတင်ပြလျှင်လည်း မိမိတို့ ဝန်ကြီးဌာနမှ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ – အဆောက်အဦအနောက်ဘက်ရှိ မြေနံရံပြိုကျမှု မဖြစ်စေရန် မြေကာနံရံနှစ်ဆင့် ပြုလုပ်ပေး၍ သဘာဝဘေးအန္တရာယ်ကိုခံနိုင်ရည်ရှိရန် လိုအပ်ကြောင်း၊ အဆောက်အဦ မျက်နှာစာလှပရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ – တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အကုန်တွင် အပြီးသတ် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)နှင့်(C)တို့၌ လျှာထိုးကြမ်းခင်း ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)နှင့်(C)တို့၌ လျှာထိုးကြမ်းခင်း ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ(၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်(၉:၃၀)နာရီအချိန်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဘတ်ဂျက်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိ(A)ရုံ၌ မဏိကမ္ဘာကုမ္ပဏီနှင့် ဝဏ္ဏသိဒ္ဓိ(C)ရုံ၌ ခန့်တည်ကြည်ကုမ္ပဏီတို့ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လျှာထိုးကြမ်းခင်းပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိမရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ လူငယ်ရေးရာဦးစီးဌာန၊ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂)သင်တန်းဖွင့်ပွဲသို့အခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ လူငယ်ရေးရာဦးစီးဌာန၊ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂)သင်တန်းဖွင့်ပွဲသို့အခမ်းအနားတက်ရောက် နေပြည်တော်၊ နိုဝင်ဘာ(၁၄)။ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းပြည့်ဝစေရန်နှင့် ရုံးလုပ်ငန်းများပိုမိုကျွမ်းကျင်စွာ တတ်မြောက်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံအား သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်လွှဲယူမည့် လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်ရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာနတွင် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပူးတွဲလေ့ကျင့်မှု (Joint Training) ပြုလုပ်ရန်သွားရောက်မည့် အားကစားအဖွဲ့များနှင့်တွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပူးတွဲလေ့ကျင့်မှု (Joint Training) ပြုလုပ်ရန်သွားရောက်မည့် အားကစားအဖွဲ့များနှင့်တွေ့ဆုံ နေပြည်တော်၊ နိုဝင်ဘာ(၁၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက G to G အစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပူးတွဲလေ့ကျင့်မှု (Joint Training)ပြုလုပ်ရန် သွားရောက်မည့် အားကစားအဖွဲ့များနှင့် တွေ့ဆုံသည့်အခမ်းအနားအား ယနေ့နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးအား မြန်မာအားကစားအဖွဲ့များမှ အဖွဲ့လိုက် ဂါရဝပြုမိတ်ဆက်ခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လမ်းညွှန်အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို နေပြည်တော်၌ အားကစားနည်း(၁၁)နည်းနှင့် ရန်ကုန်မြို့၌ အားကစားနည်း(၆)နည်းတို့ဖြင့် စခန်းသွင်းလေ့ကျင့်မှုများကို […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဒေါက်တာစိုးဝင်း ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဒေါက်တာစိုးဝင်း ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ နိုဝင်ဘာ (၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ နှစ်စဉ်နှစ်တိုင်းပြုလုပ်ကျင်းပလျက်ရှိသည့် ဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)ခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်းများတက်ရောက်၍ လှူဖွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဦးစွာ ပျဉ်းမနားမြို့ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာစာရ မထေရ်မြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားသရဇ္စျာယ်တော်မူသော ပရိတ်တရားတော်များကို နာယူခြင်း၊ ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခြင်း၊ ဆရာတော် မထေရ်မြတ်ကြီးထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း […]
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွေကြိမ်း၊ တပ်မတော်မှအရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ရှေးဦးစွာ ဗိုလ်လုပွဲပွဲစဉ်အဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့်ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၄)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အကောင်းဆုံးဂိုးသမားဆုရ မောင်သူရဇော် (တနင်္သာရီတိုင်းဒေသကြီးအသင်း)ကိုလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကရင်ပြည်နယ် ၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်းအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကရင်ပြည်နယ် ၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်းအား လိုက်လံကြည့်ရှုစစ်ဆေး ကရင်ပြည်နယ် ၊ဘားအံမြို့ နိုဝင်ဘာ(၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ကရင်ပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နေ့လယ် (၂)နာရီအချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့ဇွဲကပင် အားကစားကွင်းတွင် တည်ဆောက်ပြီးစီးခဲ့သော ပွဲကြည့်စင်များ၊ ဇွဲကပင်အားကစားကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တည်ဆောက်ရန်လျာထားသည့်မြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။