အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ASIAN GAMES နှင့် SEA GAMES ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံဂုဏ်ဆောင်အားကစားသမားများ ထောက်ပံ့ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တက်ရောက်

Loading

ASIAN GAMES နှင့် SEA GAMES ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံဂုဏ်ဆောင်အားကစားသမားများ ထောက်ပံ့ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တက်ရောက် နေပြည်တော်၊ နိုဝင်ဘာ(၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ Asian Gameနှင့် SEA Games ပြိုင်ပွဲများတွင် ဆုတံဆိပ် ရရှိခဲ့သည့် အသက်(၆၀)နှစ်နှင့်အထက် အားကစားသမားဟောင်းများအား လစဉ်ထောက်ပံ့ကြေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ်(၃၁) ရှိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် တာဝန်ရှိညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ အစီအစဉ်အရ ဒုတိယဝန်ကြီး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ “ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၁)” ဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ “ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၁)” ဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ နိုဝင်ဘာလ(၁) ရက်။ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တက်လာစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြုလုပ်သည့် “ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၁)”  သင်တန်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Multipurpose Hall) ၌ ကိုဗစ်- (၁၉) စည်းကမ်း သတ်မှတ်ချက်နှင့်အညီ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၆)ကြိမ်မြောက် အာဆီယံအားကစားဝန်ကြီးများ အစည်းအဝေးတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၆)ကြိမ်မြောက် အာဆီယံအားကစားဝန်ကြီးများ အစည်းအဝေးတက်ရောက် နေပြည်တော်၊ အောက်တိုဘာ (၂၈) ရက်။ စင်္ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၆)ကြိမ်မြောက် အာဆီယံ အားကစားဝန်ကြီးများ အစည်းအဝေး၊ ASEAN Ministerial Meeting on Sports (AMMS-6) နှင့် Related Meeting ဖြစ်သည့် The 3rd ASEAN Plus Japan Ministerial Meeting on Sports (3rd AMMS+Japan) ကို (၂၈.၁၀.၂၀၂၁) ရက်နေ့တွင် Video Conference စနစ်ဖြင့် ကျင်းပရာ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံ အပါအဝင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံ ဦးဆောင် ၍ အစည်းအဝေးအား မြန်မာစံတော်ချိန် နံနက် (၇)နာရီခွဲတွင် […]

(၂၅) ကြိမ်မြောက် ASSOCIATION OF NATIONAL OLYMPIC COMMITTEES(ANOC) GENERAL ASSEMBLY အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမျိုးလှိုင် တက်ရောက်

Loading

(၂၅) ကြိမ်မြောက် ASSOCIATION OF NATIONAL OLYMPIC COMMITTEES(ANOC) GENERAL ASSEMBLY အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမျိုးလှိုင် တက်ရောက် နေပြည်တော်၊အောက်တိုဘာလ၂၅ရက်။ (၂၅) ကြိမ်မြောက် Association of National Olympic Committees(ANOC) General Assembly အား (၂၅.၁၀.၂၀၂၁) ရက်နေ့၊ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ မြန်မာအိုလံပစ်ကော်မတီကိုယ်စားပြုအဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးခွန်ဂျာအောင် နှင့် MOC ရုံးအဖွဲ့တို့မှ တက်ရောက်ခဲ့ပါသည်။အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် (၁၂) နာရီခွဲတွင်စတင်ခဲ့ပြီး ဒုတိယနေ့အစီအစဉ်များအဖြစ်-(၁) Tokyo 2020 အိုလံပစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီမှ တင်ပြခြင်း(၂) ANOC ယဉ်ကျေးမှုနှင့်ပညာရေးကော်မရှင်မှတင်ပြခြင်း(၃) […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများမှ ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင် ကြရမည့် အရာထမ်းများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မှ တက်ရောက်အမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများမှ ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင် ကြရမည့် အရာထမ်းများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မှ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ အောက်တိုဘာ(၂၅)ရက်။အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများမှ ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင် ကြရမည့် အရာထမ်းများအား ပြည်ထောင်စုဝန်ကြီးမှ ဆုံမဩဝါဒ လမ်းညွှန်စကားပြောကြားခြင်း အခမ်းအနားကို ကိုဗစ်-၁၉သတ်မှတ်ချက်များနှင့်အညီ ယနေ့ နံနက်(၉)နာရီခွဲအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးစိုးအောင် နှင့်ညွှန်ကြားရေးမှူးများ၊ ရာထူးတိုးအဆင့်ဆင့်တိုးမြှင့်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများ တက်ရောက်ကြပါသည်။ ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီးအား ဝန်ထမ်းများ တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် […]

(၂၅) ကြိမ်မြောက် ASSOCIATION OF NATIONAL OLYMPIC COMMITTEES(ANOC) GENERAL ASSEMBLY အား ဂရိနိုင်ငံ၊ ကရိထ်မြို့တွင်ကျင်းပလျက်ရှိပြီး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမျိုးလှိုင် တက်ရောက်

Loading

(၂၅) ကြိမ်မြောက် ASSOCIATION OF NATIONAL OLYMPIC COMMITTEES(ANOC) GENERAL ASSEMBLY အား ဂရိနိုင်ငံ၊ ကရိထ်မြို့တွင်ကျင်းပလျက်ရှိပြီး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမျိုးလှိုင် တက်ရောက် နေပြည်တော်၊အောက်တိုဘာလ ၂၄ရက်။ (၂၅) ကြိမ်မြောက် Association of National Olympic Committees(ANOC) General Assembly အား ဂရိနိုင်ငံ၊ ကရိထ်မြို့တွင် (၂၄.၁၀.၂၀၂၁)နှင့် (၂၅.၁၀.၂၀၂၁) ရက်နေ့တို့တွင် ကျင်းပလျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံ (၂၀၆) နိုင်ငံအပါအဝင် မြန်မာအိုလံပစ်ကော်မတီကိုယ်စားပြုအဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးခွန်ဂျာအောင် နှင့် MOC ရုံးအဖွဲ့တို့မှ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် […]

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစားကွင်းများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစားကွင်းများအား လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန်၊ အောက်တိုဘာလ (၉)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက်(၈)နာရီ(၃၀)တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အားကစားဝန်ကြီးနှင့် တိုင်းဥပဒေချုပ်ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကြည်မြင်တိုင်မြို့နယ်အတွင်းရှိ စလင်းအားကစားကွင်းနှင့် စမ်းချောင်းမြို့နယ်အတွင်းရှိ ပဒုမ္မာအားကစားကွင်းတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အားကစားကွင်း/အားကစားရုံများတွင် အားကစားဝါသနာရှင် လူငယ်လူရွယ်များ စည်းကမ်းရှိစွာ အခမဲ့ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေး သန့်ရှင်းသပ်ရပ် စိမ်းလန်းစိုပြေအောင် ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ အားကစားအထောက်အကူပြု ပစ္စည်းများကိုလည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်အပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ […]

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်မြို့ရှိ အားကစားကွင်း အသီးသီးတွင် လေ့ကျင့်နေသော အားကစားသမားများအား လိုက်လံကြည့်ရှု စစ်ဆေး

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်မြို့ရှိ အားကစားကွင်း အသီးသီးတွင် လေ့ကျင့်နေသော အားကစားသမားများအား လိုက်လံကြည့်ရှု စစ်ဆေး ရန်ကုန်၊ အောက်တိုဘာလ(၈)ရက်။  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည်ယနေ့နံနက်(၇)နာရီ(၃၀)တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူတို့ လိုက်ပါလျက် အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ပြည်ထောင်စုဝန်ကြီးမှ မြန်မာ့အားကစားအောင်မြင်မှုရရှိစေရန် နှင့် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ရေးအတွက် လေ့ကျင့်နေကြသော အားကစားသမားများအား ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယဟူသော ဆောင်ပုဒ်နှင့်အညီ စခန်းဝင် လေ့ကျင့်နေသော အားကစားသမားများကို နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် ယခုလို စခန်းဝင်လေ့ကျင့်နေသည့် စိတ်ဓါတ်ကိုချီးကျူးလိုပါကြောင်း၊ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကျိုက္ကဆံအားကစားဝန်းအား(SPORT COMPLEXES) အဖြစ် လုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး လာရောက် ကြည့်ရှုစစ်ဆေး

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကျိုက္ကဆံအားကစားဝန်းအား(SPORT COMPLEXES)အဖြစ် လုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး လာရောက် ကြည့်ရှုစစ်ဆေး အောက်တိုဘာလ၊၈ရက်၊ ရန်ကုန်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အောက်တိုဘာလ၈ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းသို့ ရောက်ရှိလာပြီး မြန်မာ့အားကစားဖွံဖြိုးတိုးတက်စေရေးအတွက် ကျိုက္ကဆံအားကစားဝန်းအား(Sport Complexes)အဖြစ် အားကစားနည်းများ လေ့ကျင့်ဆောင်ရွက်နိင်စေရေးတွက် လုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး လာရောက် ကြည့်ရှုစစ်ဆေးရာ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးတို့ လိုက်လံရှင်းလင်း တင်ပြခဲ့ကြပါသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရုံးဆင်းချိန် ဝန်ထမ်းများအား ပိုးသတ်ဆေးအငွေ့(DISINFECTION CHANNEL) ပက်ဖျန်းနေမှု ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရုံးဆင်းချိန် ဝန်ထမ်းများအား ပိုးသတ်ဆေးအငွေ့(DISINFECTION CHANNEL) ပက်ဖျန်းနေမှု ကြည့်ရှုစစ်ဆေး နေပြည်တော်၊ အောက်တိုဘာလ(၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းအတွင်းရှိ နေထိုင်ကြသော ဝန်ထမ်းများ၊ အားကစားသမားများ Covid-19 ရောဂါ ကင်းရှင်းစေရေးအတွက် ကာကွယ်မှုနည်းလမ်းအဖြစ် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းအဝင်ဝတွင် ရုံးဆင်းချိန် ဝန်ထမ်းများအား ပိုးသတ်ဆေးအငွေ့(Disinfection Channel) ပက်ဖျန်းပြီး စည်းကမ်းစနစ်တကျ ဆောင်ရွက်နေမှုကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။