မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၆)လပတ်အစည်းအဝေးကျင်းပ
![]()
မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၆)လပတ်အစည်းအဝေးကျင်းပ ရန်ကုန် ၊ ဇူလိုင် ၁၄။ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ အချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ်၊ အားကစားနဲ့ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းရှိ၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းရုံး၌ ကျင်းပရာ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း နာယကများဖြစ်ကြသည့် ဦးသက်ဝင်း၊ ဦးတင်အောင်၊ ဦးအုန်းရှိန် ၊ ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ဒုတိယဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်နှင့် လူငယ်ရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူး၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ အမှုဆောင်များနှင့် အသင်းဝင်များတက်ရောက်ကြသည်။ ရှေးဦးစွာ ဥက္ကဋ္ဌ ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ၃.၃.၂၄ရက်နေ့တွင် ကျင်းပခဲ့သော ၂/၂၄ နှင့် ၁၁.၅.၂၄ ရက်နေ့ တွင်ကျင်းပခဲ့သည့် ၃/၂၄ အစည်းအဝေးဆုံးဖြတ်ချက်များအား ပြန်လည်သုံးသပ်အတည်ပြုခြင်းများကိုလည်းကောင်း၊ အထွေထွေအတွင်းရေးမှူးမှ ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်သင့်သည့် လုပ်ငန်းများကိုတင်ပြပြီး ဆပ်ကော်မတီများအလိုက်ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်၍ […]
ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဇူလိုင် ၁၂ရက်။ မြန်မာဘော်လီဘောလူမှုရေးအသင်းအနေဖြင့် မျိုးဆက်သစ်လူငယ်ဘော်လီဘော အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်အတွင်းတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်မြို့များနှင့် နေပြည်တော်၊ ၂၀၂၄ ခုနှစ်တွင် ရွှေတောင်၊ ပဲခူးမြို့များတွင် ဘော်လီဘောပြိုင်ပွဲများကျင်းပပေးခဲ့ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပြိုင်ပွဲများဆက်လက်ကျင်းပပေးလျက်ရှိရာ၊ ယခုအခါ ရန်ကုန်မြို့တွင် ၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ်မြောက်မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက၊ ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ […]
၂၀၂၄ ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပသည့်သတင်း
![]()
၂၀၂၄ ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပသည့်သတင်း
၂၀၂၄ ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ပွဲ နှင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၄ ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၁၁ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းပရိဝုဏ်အတွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ကန်အမှတ်(၁)၌ ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၇၅၀၀ နှင့် ထိုင်းငါးခုံးမသားပေါက်ကောင်ရေ ၇၅၀၀ စုစုပေါင်းငါးသားပေါက်ကောင်ရေ ၁၅၀၀၀ ခန့် စိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများက ငါးသားပေါက်များစိုက်ထည့်ခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ ငါးသားပေါက်များ ဆက်လက်စိုက်ထည့်ခဲ့ကြသည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) (B) (C) ရှေ့၌ ရတနာတန်းဝင်အပင်များဖြစ်သည့် […]
ဇမ္ဗူသီရိမြို့နယ် အထက-၇ ၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
![]()
ဇမ္ဗူသီရိမြို့နယ် အထက-၇ ၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ ဇမ္ဗူသီရိ၊ ဇူလှိုင်လ(၁၀)ရက်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံ ထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်း လူတော်များ ဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။ ဟောပြောပွဲတွင် တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နှင်းမမဦးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏အမြင်များနှင့်ပတ်သက်၍ […]
သာကေတမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
![]()
သာကေတမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ သာကေတ၊ ဇူလိုင်(၁၀)ရက်။ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ အခြေခံပညာဦးစီးဌာနနှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။ ရှေးဦးစွာ သာကေတမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်အေးအေးမွန်က ပြင်းထန်ဝမ်းပျက်/ဝမ်းလျော ရောဂါ ကာကွယ်နည်းများခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီ တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးမှ လူငယ်နှင့်အချိန် ခေါင်းစဉ်ဖြင့်လည်းကောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခင်ကောင်းစံက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်း ကောင်းအသိပညာပေးဟောပြောခဲ့ပါကြောင်းနှင့် လူဦးရေ ၁၀၃ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။
ရုရှားနိုင်ငံ နိုင်ငံတကာ ယဉ်ကျေးမှုနှင့်နဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ဆုရရှိသော မြန်မာ့လက်ရွေးစင်နဂါးလှေလှော်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
![]()
ရုရှားနိုင်ငံ နိုင်ငံတကာ ယဉ်ကျေးမှုနှင့်နဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ဆုရရှိသော မြန်မာ့လက်ရွေးစင်နဂါးလှေလှော်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ ရန်ကုန်၊ ဇူလိုင် (၁၀)။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Barnaul မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် နဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ဆုရရှိသော မြန်မာ့လက်ရွေးစင်နဂါးလှေလှော်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ အင်းယားကန်ရှိ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဌများဖြစ်ကြသ့ ဦးမျိုးဆွေသိမ်း၊ ဦးဇော်ဝိတ်၊ ဦးထွန်းဦး၊ ဦးအုန်းမြင့်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိင်ငံလှေလှော်အဖွဲ့ချုပ်မှအလုပ်အမှုဆောင်များနှင့် ဆုရအားကစားသမားများတက်ရောက်ကြသည်။ ရှေးဦးစွာ မြန်မာနိင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းက ပြိုင်ပွဲဆိုင်ရာနှင့် ဆုချီးမြှင့်ခြင်းဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ပြီး Jewellery […]
ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ အခမ်းအနားကျင်းပ
![]()
ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ အခမ်းအနားကျင်းပ ရပ်စောက်မြို့နယ်၊ ဇူလိုင်လ(၉)ရက်။ ရပ်စောက်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ထီးခမ်း ခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်နွှဲ့နှောင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမြတ်သူက လူငယ်နှင့်အားကစား ဖွံ့ဖြိုးရေး၊ အားကစားစနစ်တကျဆောင်ရွက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုနှင့်ဉာဏ်ရည်ဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒုဦးစီး ဒေါ်ငြိမ်းမွန်မွန်မှ စာဖတ်ပါ ခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြို့နယ်အားကစားမှူးက ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းများပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပါသည်။ အဆိုပါဟောပြောပွဲအခမ်းအနားသို့ ကျောင်းသား(၁၁၅)ဦး၊ ကျောင်းသူ(၁၂၃)ဦး၊ စုစုပေါင်း ကျောင်းသား/သူ အင်အား (၂၃၈)ဦး တက်ရောက်ခဲ့ပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံမှာကြားခြင်းနှင့် FIFA International Women “A” Friendly Matches ပြိုင်ပွဲသို့တက်ရောက်သည့်သတင်း
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံမှာကြားခြင်းနှင့် FIFA International Women “A” Friendly Matches ပြိုင်ပွဲသို့တက်ရောက်သည့်သတင်း
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံမှာကြားခြင်းနှင့် FIFA International Women “A” Friendly Matches ပြိုင်ပွဲသို့တက်ရောက်
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံမှာကြားခြင်းနှင့် FIFA International Women “A” Friendly Matches ပြိုင်ပွဲသို့တက်ရောက် ရန်ကုန်၊ ဇူလိုင်လ(၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အမျိုးသမီး(၄)ထပ်အိပ်ဆောင်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ စားရိပ်သာတွင် သင်တန်းသား/ သင်တန်းသူများကို ရင်းရင်း နှီးနှီလိုက်လံနှုတ်ဆက်ပြီး နေ့လယ်စာကိုအတူတကွ သုံးဆောင်ခဲ့ပါသည်။ အဆိုပါ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် အားကစားနည်း(၁၇)နည်းဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများ၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော် တို့မှ […]