အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတက်ရောက် တောင်ကြီး၊ မေလ(၅)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံလမ်းညွှန်မှာကြားသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက အားကစားဆိုင်ရာကိစ္စရပ်များတင်ပြရာ နိုင်ငံတကာအားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ချီးမြှင့်မှုများသည့် ရေကူးအားကစားနည်း သင်တန်းဖွင့်လှစ်နိုင်ရေးနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဌာန၏အားကစားရည်မှန်းချက်များအောင်မြင်ရေးနှင့် ရှမ်းပြည်နယ်၏အားကစား ယခုထက် ပိုမို ဖွံ့ဖြိုးရေးအတွက် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီးအားကစားကွင်းရုံများအား စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ နံနက်(၁၀:၀၀)နာရီအချိန် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် ကမ္ဘောဒီးယား၊ မေ(၅)။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ဒေသစံတော်ချိန်(၅)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Morodok Techo National Stadium ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် President of NOC Cambodia (SEAGF) Dr. Thong Khon နှင့် Cambodia SEA Games Organizing Committee Chairman (CAMSOC) Samdec Puchey Sena Tea […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၆.၅.၂၀၂၃ ရက်နေ့တွင် မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်မည့် ပွဲစဥ်ဇယား
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၆.၅.၂၀၂၃ ရက်နေ့တွင် မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်မည့် ပွဲစဥ်ဇယား
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ မေ (၅)။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နွေရာသီအားလပ်ရက်တွင် လူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်ပြီး အားကစားနည်းအလိုက် နည်းစနစ်များ မှန်ကန်စွာ သိရှိတတ်ကျွမ်းနားလည်လာစေရန်၊ ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ၊ နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အထောက် အကူပြုစေရန်၊ အရည်အချင်းမှီ ကစားသမားများရှာဖွေပြီး နိုင်ငံတော်မှ အားထားရသည့် ရွက်ပုန်းသီး မျိုးဆက်သစ် […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာအားကစားအဖွဲ့များအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာအားကစားအဖွဲ့များအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား ကမ္ဘောဒီးယား၊ မေ(၅)။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှု ဆုတံဆိပ်များ ရရှိစေရန်နှင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များနှင့် ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Hotel Cambodiana ၌ တည်းခိုနေထိုင်လျက်ရှိသည့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ Anik Palace Hotel ၌ တည်းခိုနေထိုင်လျက်ရှိသည့် မြန်မာပီတန်း အားကစားအဖွဲ့၊ Citadines hotel ၌ တည်းခိုနေထိုင်လျက်ရှိသည့် မြန်မာဘော်လီဘော(အမျိုးသား)အားကစားအဖွဲ့တို့မှ […]
(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(Kun Bokator)အားကစားနည်း (အမျိုးသမီး) အခြေခံပြကွက်(လက်)ပြိုင်ပွဲတွင် မနီလာစိုးဦးက မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ငွေတံဆိပ်ဆု ဆွတ်ခူးရရှိသည့်သတင်း

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(Kun Bokator)အားကစားနည်း (အမျိုးသမီး) အခြေခံပြကွက်(လက်)ပြိုင်ပွဲတွင် မနီလာစိုးဦးက မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ငွေတံဆိပ်ဆု ဆွတ်ခူးရရှိသည့်သတင်း
ဗိုဗီနမ် (ခွန်ဘိုကာတာ) အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိ

ဗိုဗီနမ် (ခွန်ဘိုကာတာ) အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၄)။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံရှိ မြို့ကြီး(၅)မြို့တို့တွင် ကျင်းပလျက်ရှိရာ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (C)၌ ကျင်းပသည့် ဗိုဗီနမ်(ခွန်ဘိုကာတာ) အားကစားနည်း (အမျိုးသား/အမျိုးသမီး) အခြေခံပြကွက်(လက်)ပြိုင်ပွဲ၊ ဝါးညှပ်အကပြိုင်ပွဲ၊ လက်သိုင်းအပြပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့မှ အားကစားသမားများ အသီးသီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ (အမျိုးသမီး)အခြေခံပြကွက်(လက်)ပြိုင်ပွဲတွင် မနီလာစိုးဦးက မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ငွေတံဆိပ်ဆုအားလည်းကောင်း၊ မောင်လှိုင်ချစ်ဦးက (အမျိုးသား) အခြေခံ ပြကွက် (လက်) ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ကြေးတံဆိပ်ဆုအားလည်းကောင်း၊ မမြတ်နိုးဝေက (အမျိုးသမီး) ဝါးညှပ်အက ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုအားလည်းကောင်း၊ မောင်ခန့်လွန်းဇော် က (အမျိုးသား)လက်သိုင်းအကပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုအားလည်းကောင်း […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ ရန်ကုန်၊ မေလ (၅) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက် (၁၁:၂၀)နာရီအချိန်၌ လေယာဉ်အမှတ် WE-302 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့တွင် ဘိလိယက်အားကစားနည်းမှ ဥက္ကဌ ဒေါက်တာမင်းနိုင်၊ ဒုတိယဥက္ကဌ ဦးကျော်နိုင်ဦးနှင့် အုပ်ချုပ်/ နည်းပြ (၃)ဦး၊အမျိုးသား အားကစားသမား(၇)ဦး တို့ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ SEAGF Council Meeting နှင့် SEAGF Executive Committee Meeting သို့တက်ရောက်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ SEAGF Council Meeting နှင့် SEAGF Executive Committee Meeting သို့တက်ရောက် ကမ္ဘောဒီးယား၊ မေ (၅)။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာအားကစားအသင်းခေါင်းဆောင် Chief DE Mission(CDM) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ တို့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Garden City Hotel ၌ ဒေသစံတော်ချိန် နံနက်(၉)နာရီမှ (၁၂)နာရီအထိ ကျင်းပပြုလုပ် သည့် SEAGF Medical and […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့မှ ဆုတံဆိပ်ရရှိမှုနှင့် နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုဇယား(၄.၅.၂၀၂၃)
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့မှ ဆုတံဆိပ်ရရှိမှုနှင့် နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုဇယား(၄.၅.၂၀၂၃)