အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အားကစားသရုပ်ပြပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အားကစားသရုပ်ပြပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဩဂုတ် (၃၀)။ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအားကစားသရုပ်ပြပွဲနှင့်အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကို စမ်းချောင်းမြို့နယ်အ.ထ.က(၁)တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ် ဒုဥက္ကဌနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတို့က အားကစားပစ္စည်းများပေးအပ်လှူဒါန်ခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေမှူး၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးတို့က အားကစားနှင့်လူငယ်ရေးရာများဟောပြောခဲ့ကြပါသည်။ ဝူရှူးအားကစားအဖွဲ့နှင့် Fitness Dance အားကစားအဖွဲ့တို့မှ သရုပ်ပြသကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးကသရုပ်ပြအဖွဲ့များအား ထောက်ပံ့ငွေပေးများပေးအပ်ခဲ့ပြီး ကျောင်းသား/သူများအား အားကစားဆိုင်ရာ ဉာဏ်စမ်းမေးခွန်များမေးမြန်းခဲ့ကြပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က(၁၁)၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပသည့်သတင်း

Loading

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က(၁၁)၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပသည့်သတင်း

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၁၁) ၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

Loading

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၁၁) ၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ နေပြည်တော်၊ ဩဂုတ် (၃၀)။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးရဲတင့်၊ ဒေါက်တာ မိုးဇော်ထွန်း၊ ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ကြမည့် […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ တောင်ကြီး၊ ဩဂုတ်လ(၃၀)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ (၃၀.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ရခိုင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့က တောင်ကြီးတက္ကသိုလ် အားကစားကွင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် ရခိုင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို(၄)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းကို (၆)ဂိုး (၅)ဂိုးဖြင့်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး အကောင်းဆုံးအားကစားသမား ဆုများကို ရခိုင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၇) မသဲနုဝေနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၇) မခင်စန်းဝင်းတို့ ရရှိခဲ့ကြသည်။ အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒိုင်(ကြီးကြပ်) ဒေါ်သီတာဦးနှင့် မြန်မာနိုင်ငံဘော့လုံးအဖွဲ့ချုပ် ဒိုင်(ကြီးကြပ်) ဦးလှတင့်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် (၃၁.၈.၂၀၂၃)ရက်နေ့ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်ပြုလုပ်မည့် (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်ပြုလုပ်မည့် (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသည့်သတင်း

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇) ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇) ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ ရန်ကုန်၊ ဩဂုတ်လ(၃၀)ရက်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ (၂)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်မည့် (၇) ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (Seventh ASEAN Ministerial Meeting on Sports AMMS-7 and Related Meetings )သို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်နှင့်အတူ ယနေ့ နေ့လယ်(၁၁း၂၅)နာရီအချိန်၌ လေယာဉ်အမှတ် TG- 302 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) […]

အင်္ဂလိပ်စာဘာသာပြန်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

အင်္ဂလိပ်စာဘာသာပြန်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ သြဂုတ်(၂၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ဖွင့်လှစ်ခဲ့သည့် အင်္ဂလိပ်စာဘာသာပြန်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါ သည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက်နေကြသည့် လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အင်္ဂလိပ်စာဘာသာပြန် အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်စေရန်၊ လုပ်ငန်းသုံးအင်္ဂလိပ်စာ (Departmental English) နှင့် ပတ်သက်သည့် ဝေါဟာရများကြွယ်ဝလာစေရန်နှင့် လူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အာဆီယံ/နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ကိစ္စရပ်များကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ အာဆီယံ/နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရာ၌ ဘာသာစကား အခက်အခဲမရှိစေရေး၊ ခေတ်မီတိုးတက်လာသည့် နည်းပညာများအား ပိုမိုထိရောက်စွာ […]

မိုင်းရှူးမြို့နယ်၊ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

Loading

မိုင်းရှူးမြို့နယ်၊ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ မိုင်းရှူး၊ သြဂုတ် (၂၈)။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာ‌ရေးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းဲ(၁)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယု က လူငယ်နှင့်ရည်မှန်းချက်များ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့ပြီး၊ ‌အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက လူငယ်နှင့်အားကစားနည်းဆိုင်ရာများနှင့် အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့်အကျိုး‌ကျေးဇူးများအကြောင်း ဟောပြောခဲ့ပါသည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက တာဝန်ခံဆရာမ ထံ အားကစားပစ္စည်းများဖြစ်သော ပိုက်ကျော်ခြင်း/ဘောလီဘော များ‌လှူတန်းပေးအပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) မူဘောင် (မူကြမ်း) ပြန်လည်ရေးဆွဲနိုင်ရေး အမျိုးသမီးငယ်ရွယ်များလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Loading

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) မူဘောင် (မူကြမ်း) ပြန်လည်ရေးဆွဲနိုင်ရေး အမျိုးသမီးငယ်ရွယ်များလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ ဩဂုတ်(၂၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) မူဘောင်(မူကြမ်း) ပြန်လည်ရေးဆွဲနိုင်ရေး အမျိုးသမီးငယ်ရွယ်များ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁:၀၀)နာရီ အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ အမျိုးသမီးငယ်ရွယ်များလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း နှင့် အမျိုးသမီးငယ်ရွယ်များလုပ်ငန်းကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ အမျိုးသမီးငယ်ရွယ်များလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား သွားရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား သွားရောက်ကြည့်ရှုအားပေး