အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022)၏ ပထမပတ်လည်ပြိုင်ပွဲသို မြန်မာနိုင်ငံမှ Virtual Online စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်

နေပြည်တော်၊ ဩဂုတ် (၅)ရက်။

အာဆီယံဒေသတွင်း လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိစေရန် ရည်ရွယ်၍ ကမ္ဘောဒီးယားနိုင်ငံ ပညာရေး၊ လူငယ်နှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ စိန်ခေါ်မှုများကို အတူရင်ဆိုင်ဖြေရှင်းကြစို့ (Addressing Challenges Together : ACT) ဆောင်ပုဒ် ဖြင့် ပထမအကြိမ်ကျင်းပပြုလုပ်သည့် အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022) ၏ ပထမပတ်လည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်လူငယ်ကိုယ်စားလှယ်များသည် Virtual Online စနစ် ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်နှင့် တာဝန်ရှိသူများ မှ တက်ရောက်ကြည်ရှုအားပေးခဲ့ပါသည်။

ယနေ့ ပထမပတ်လည် (First Elimination Round)ပွဲစဉ်တွင် ဖိလစ်ပိုင်နိုင်ငံအသင်းမှ “ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အားကောင်းအောင်ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ အတွက် အလုပ်လုပ်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်မည်” (This house believes that improving healthcare outcomes promotes higher labor productivity for women) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံအသင်းမှ “ လုပ်ငန်းခွင်အတွင်း အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းသည် ဝင်ငွေမညီမျှခြင်း၏ အဓိကအကြောင်းအရင်းတစ်ခုဖြစ်သည်” (This house believes that discrimination against women in workplace is major source of income inequality) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံအသင်းမှ “ အာဆီယံအနေဖြင့် ဘုံပညာရေးအရည်အသွေးဆိုင်ရာ စံနှုန်းသတ်မှတ်ချက်နှင့် ခိုင်မာမှုတို့ကိုရရှိနိုင်မည်” (This house believes that ASEAN can achieve a common educational quality standard and assurance) ခေါင်းစဉ်ဖြင့်လည်းကောင်း အဆိုတင်သွင်းခဲ့ကြမှုများအပေါ် မြန်မာနိုင်ငံမှ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့မှ လူငယ်ကိုယ်စားလှယ် (၁၉)ဦးတို့သည် အသင်း(၃)သင်းဖြင့် သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် အသီးသီးပြန်လည်ချေပပြောဆိုခဲ့ကြပါသည်။

ပထမပတ်လည်ပွဲစဉ်ကို ဩဂုတ်လ (၄)ရက်နေ့နှင့်(၅)ရက်နေ့များတွင် အာဆီယံ(၈)နိုင်ငံမှ ကိုယ်စားပြုအသင်း(၂၀)အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ပြိုင်ပွဲများအပြီးတွင် ဒုတိယ ပတ်လည်ပွဲစဉ်သို့ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိသည့် အသင်း(၁၀)သင်းအား ကြေငြာခဲ့ရာ မြန်မာအဖွဲ့(၂)မှ အင်ဒိုနီးရှားနိုင်ငံသင်းနှင့်ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

အဆိုပါ စကားရည်လုပွဲ၏ ဒုတိယပတ်လည်ပွဲစဉ်ကို ဩဂုတ်လ(၂၁)ရက်နေ့၊ ကွာတားဖိုင်နယ် ပွဲစဉ်ကို စက်တင်ဘာလ(၄)ရက်နေ့နှင့် ဆီးမီးဖိုင်နယ်ပွဲစဉ်ကို စက်တင်ဘာလ(၁၈)ရက်နေ့တို့တွင် Virtual Online စနစ်ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲ ပွဲစဉ်ကို အောက်တိုဘာလ (၁၂)ရက်နေ့နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အောက်တိုဘာလ(၁၃)ရက်နေ့များတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။