အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး
ရန်ကုန်၊ မတ်လ(၇)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ မိုးလုံလေလုံအားကစားရုံအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးမှာကြားခဲ့ပါသည်။
ဆက်လက်၍ မအူပင်ခရိုင် အားကစားကွင်း၌ (၅.၃.၂၀၂၅)ရက်နေ့ နံနက်က လှုပ်ခတ်သွားသော ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အုတ်တံတိုင်း ၊ ပွဲကြည့်စင်မျက်နှာကြက်များ ၊ အလေးမ အားကစားရုံအတွင်းရှိ မျက်နှာကြက်များ ၊ အုတ်နံရံများ ပျက်စီးသွားမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အမြန်ဆုံးပြင်ဆင်နိုင်ရေး မှာကြားခဲ့ကြောင်း သိရှိရသည်။


