အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်၊ မတ်လ(၇)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်း တွင် လှည်းကူးမြို့နယ် ၊ လှည်းကူးအားကစားကွင်းသို့ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကြိုဆို ကြပြီး နွေရာသီဘောလုံး ၊ ပြေးခုန်ပစ် ၊ သိုင်းနှင့် ဘတ်စကက်ဘော အားကစားသင်တန်း တက်ရောက် နေသော သင်တန်းသား/သင်တန်းသူများ၊လှည်းကူးမြို့နယ် U-18 ဘောလုံးအသင်း လေ့ကျင့်နေမှု များကို ကြည့်ရှုအားပေးပြီး အားကစားနည်းအလိုက် အခြေခံနည်းစနစ်ကောင်းမွန်စေရန် ၊ နည်းစနစ် မှန်ကန်စေရန် ၊ ကြံ့ခိုင်မှုနှင့် သက်လုံကောင်းမွန်စေရန် မှာကြား၍ ဘောလုံးကွင်း၊ ပြေးခုန်ပစ် ပြေးလမ်း မိုးလုံလေလုံအားကစားရုံတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်ခရိုင် သီဟဒီပအားကစားကွင်းသို့ ရောက်ရှိရာ တိုက်ကွမ်ဒိုအားကစားခန်းမ၊ရေကူးကန်တို့၌နွေရာသီအားကစားသင်တန်း သင်တန်းသား/ သင်တန်းသူများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အားကစားရုံအပြီးသတ် ဆောက်လုပ်ရန် ၊ ရေကူးကန်ရေသန့်ရေး ထိန်းသိမ်းဆောင်ရွက်ရန် ၊ ဘောလုံးကွင်းအား မြက်ခင်းပြင် စိမ်းစိုလန်းဆန်း ရှိစေရေး သတ်မှတ်ကာလအတိုင်း စနစ်တကျ ဆောင်ရွက်ထားရှိရန် ၊ ပွဲကြည့်စင် ၊ ပြေးလမ်း ဆောင်ရွက်ရန်နှင့် လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် တာမွေမြို့နယ် ကျိုက္ကဆံကွင်း ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ဝင်းအတွင်းရှိ ကရာတေးအားကစားရုံ၌ ပဏာမလက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှု များကို လည်းကောင်း ၊ GYM လေ့ကျင့်ရေးရုံသို့ လည်းကောင်း ၊ ရေကူးကန်သို့လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။