အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မင်းဘူးခရိုင်နှင့် ကံမမြို့နယ်တို့တွင် “ လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ မတ်(၂၄)ရက်။

လူငယ်များကို အနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် ကျောင်းသား/ ကျောင်းသူ၊ လူငယ်များ အကျင့် စာရိတ္တကျောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန် နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းပြု လုပ်သည့် “ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကို (၂၃.၃.၂၀၂၂)ရက်နေ့တွင် မင်းဘူးခရိုင်၊ အထက(၂) မင်းဘူး ကျောင်းနှင့် သရက်ခရိုင်၊ ကံမမြို့နယ်ရှိ အ-ထ-က (ကံမ) ကျောင်းတို့တွင် ကျင်းပဆောင်ရွက်ခဲ့ပြီး အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။