အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး

နေပြည်တော်၊ ဒီဇင်ဘာလ(၁၅)ရက်။

ဗီယကနြမနြိုငငြံတှငြ အိမရြှငအြဖှဈ လကခြံကငွြးပမည့ြ (၃၁) ကှိမမြှောကြ အရှေ့တောငအြာရှ အားကစားပှိုငပြှဲသို့ ဝငရြောကယြှဉပြှိုငရြနအြတှကြ ကှိုတငပြှငဆြငဆြောငရြှကထြားရှိမှု အခှအနေမွေားနှင့ြ ပတသြကပြှီး သကဆြိုငရြာ မှနမြာနိုငငြံ အားကစားအဖှဲ့ခွုပမြွားနှင့ြ ပေါငြးစပညြှိနှိုငြး အစညြးအဝေးကို ယနေ့ နံနကြ (၉)နာရီ (၃၀)မိနဈအခွိနတြှငြ ဝဏျဏသိဒျဓီအားကစားကှငြး အစညြးအဝးခနြးမ၌ Video Conferencing စနဈဖှင့ြ ကငွြးပပှုလုပခြဲ့ရာ အားကစားနှင့ကြာယပညာဦးစီးဌာန၊ ဒုတိယညှှနကြှားရေးမှူးခွုပြ ဦးကွောြဦး၊ ယှဉပြှိုငရြေးနှင့လြေ့ကငွ့ရြေးဌာနခှဲ (၁)မှ ညှှနကြှားရေးမှူး ဦးခှနဂြွာအောငြ၊ ယှဉပြှိုငရြေးနှင့ြ လေ့ကငွ့ရြေးဌာနခှဲ (၂)မှ ညှှနကြှားရေးမှူး ဦးကွောဇြငမြိုးနှင့ြ တာဝနရြှိသူမွား၊ မှနမြာနိုငငြံ အားကစား အဖှဲ့ခွုပမြွားမှ အတှငြးရေးမှူးမွားနှင့ြ အားကစားအဖှဲ့ခွုပအြလိုကြ နညြးပှခွုပြ၊ နညြးပှတဈဦးစီ တကရြောကြ ခဲ့ကှပါသညြ။ ရှေးဦးစှာ ဒုတိယညှှနကြှားရေးမှူးခွုပမြှ အဖှင့အြမှာစကားပှောကှားရာတှငြ

-31th SEA Games ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ မေလ (၁၂) ရက်နေ့မှ မေလ (၂၃) ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည့်အတွက် အမှန်တကယ် Training ပြုလုပ်လေ့ကျင့်မည့်ရက်မှာ (၁၁၅) ရက်သာ ကျန်ရှိတော့မည်ဖြစ်၍ ဘက်ပေါင်းစုံမှ အစစအရာရာ ဂရုစိုက် နေထိုင်လေ့ကျင့်ကြရန် လိုအပ်ကြောင်း၊- Covid-၁၉ ရောဂါပိုးကူးစက်ခံရပါက ပြိုင်ပွဲဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ကူးစက်မခံရအောင် နည်းပြများနှင့် အားကစားသမားများ၏ နေထိုင်စားသောက်မှု၊ လေ့ကျင့်မှုများအား အုပ်ချုပ်ကွပ်ကဲသူများမှ အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊

– (၁၂.၁.၂၀၂၂) ရက်နေ့တွင် Entry By Number နှင့် (၁၂.၃.၂၀၂၂) ရက်နေ့တွင် Entry By Name များအား အိမ်ရှင်ဗီယက်နမ်နိုင်ငံသို့ ပေးပို့ရမည်ဖြစ်ပါသဖြင့် အချိန်မီပေးပို့နိုင်ရေးနှင့် ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် Event များနှင့်ပတ်သက်၍ ဆက်သွယ်စုံစမ်းမေးမြန်းထားရှိမှု အခြေအနေများ အား ဆွေးနွေးတင်ပြပေးရန်လိုအပ်ကြောင်း၊

– လေ့ကျင့်ရေးသုံးပစ္စည်းများ၊ ပြိုင်ပွဲသုံးပစ္စည်းများ ဝယ်ယူပြီးစီးမှုအခြေအနေများအား တင်ပြပေးရန် လိုအပ်ကြောင်း၊- အားကစားသမားတစ်ဦးချင်း၏ လေ့ကျင့်မှုအပေါ် သုံးသပ်ချက်များနှင့် စံချိန်ရှိသည့် အားကစားသမားများ အတွက် စံချိန်/ စံညွှန်းများကို SEA Games Record များနှင့် နှိုင်းယှဉ်ချက်၊ အခြားအားကစားသမားများ အတွက် လက်ရည်တိုးတက်မှုအခြေအနေများအား တင်ပြဆွေးနွေးပေးရန် လိုအပ်ကြောင်း၊

– အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် Event နှင့် အားကစားသမားများ၏ အမည် စာရင်း၊ Event အလိုက် ဆုတံဆိပ် မျှော်မှန်းထားရှိမှုအခြေအနေများအား တင်ပြပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁)၊ (၂) တို့မှ ညွှန်ကြားရေးမှူးများမှ ဆွေးနွေးပြောကြားရာတွင် အားကစားနည်းအလိုက် Technical Handbook များကို အားကစား အဖွဲ့ချုပ်များအား ဖြန့်ဝေပေးထားပြီဖြစ်၍ သေချာဖတ်ကြည့်ပြီး မရှင်းလင်းသည့်အချက်များအား ချက်ချင်းတင်ပြမေးမြန်းရန်နှင့် SEA Games ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ၂၀၂၂ ခုနှစ်၊ မေလ (၁၂) ရက်နေ့နှင့် SEA Games ပိတ်ပွဲအခမ်းအနားအား မေလ (၂၃) ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများအား မြို့ (၅) မြို့တို့တွင် နေရာများခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အုပ်ချုပ်မှုကိစ္စများတွင် လစ်ဟင်းမှုများမရှိအောင် အုပ်ချုပ်သူနည်းပြများမှ လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ အမှန်တကယ် လေ့ကျင့်မည့်ရက်မှာ (၄) လသာ ကျန်ရှိသည်ဖြစ်၍ Covid-၁၉ ဖြစ်ထားသူများနှင့် မဖြစ်ထားသူများကို Training Program စနစ်တကျရေးဆွဲ၍ ခွဲပြီး လေ့ကျင့်ခန်းများ ပြုလုပ်စေလိုကြောင်း၊ By Name နှင့် By Number ကိစ္စများကို ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်ထားရန်နှင့် စာရင်းဇယားတောင်းလာပါက ချက်ချင်းပေးပို့နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါကြောင်း၊ ပြိုင်ပွဲနီးမှ လူချိန်းခြင်းနှင့် Event ချိန်းခြင်းများ ရှောင်ရှားပေးရန်နှင့် ပြိုင်ပွဲဝင်အဆင့်ရှိသူ၊ ဆုတံဆိပ်ရနိုင်မည့်သူများကို ကျစ်ကျစ်လစ်လစ်နှင့် စနစ်တကျ မှန်မှန်ကန်ကန် ရွေးချယ်စာရင်းပေးပို့ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် အားကစားအဖွဲ့ချုပ်များမှ ဆုတံဆိပ်မျှော်မှန်းထားမှုများ၊ လေ့ကျင့်ရေးသုံးနှင့် ပြိုင်ပွဲသုံးပစ္စည်းများ ဝယ်ယူပြီးစီးမှုအခြေအနေများအား By Name စာရင်း ပေးပို့နိုင်ရေးအတွက် လူရွေးချယ်နိုင်ရေးနှင့်ပတ်သက်ပြီး ပြိုင်ပွဲကျင်းပပြုလုပ်မည့်အစီအစဉ်များအား အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး တာဝန်ရှိသူများမှ ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် သတ်မှတ်ထားသည့် ကာလအတွင်း By Name နှင့် By Number များ ပေးပို့နိုင်ရေးအတွက် လက်ရည်စစ်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ နောက်ဆုံးထား၍ကျင်းပပြုလုပ်ပြီး လူရွေးချယ်၍ အမည်စာရင်းများ ပေးပို့သွားရန် လိုအပ်ကြောင်းနှင့် အောင်မြင်မှု ဆုတံဆိပ်ရရှိအောင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အဖွဲ့ချုပ်များအားလုံး ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။