အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်နေကြသည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး လိုက်လံကြည့်ရှုအားပေး

နေပြည်တော်၊ ဒီဇင်ဘာလ (၇)ရက်။

ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်မည့် (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)ရုံ၌  လေ့ကျင့်လျက်ရှိရာ ယနေ့ ညနေ (၄)နာရီအချိန်တွင်  အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်းနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုစစ်ဆေးအားပေးခဲ့ကြပြီး အားကစားသမားများအား ကစားလေ့ကျင့်ရေးဝတ်စုံနှင့် အားကစားပစ္စည်းများ၊ အားဖြည့်အချိုရည်များနှင့် ထောက်ပံ့ကြေးငွေ (၁၀)သိန်းပေးအပ်လှူဒါန်းခဲ့ပြီး အားကစားသမားများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်းများကို အလေးထားဦးစားပေးလိုက်နာသင့်ပါကြောင်း၊လေ့ကျင့်ရေးကာလတွင် တစ်ဦးချင်းကျန်းမာရေးကို အထူးဂရုစိုက်ရန်လိုအပ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် မိမိတို့ လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီတင်ပြနိုင်မှသာ တာဝန်ရှိသူများမှ အမြန်ဆုံးဖြည်းဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားကာ စိတ်ဓာတ်မြှင့်တင်အားပေးစကားပြောကြားခဲ့ပါသည်။