အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူ မှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ(၂၄)ရက်။

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူ မှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနား ကို ယနေ့နေ့လည်(၁)နာရီအချိန်က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ အပြည်ပြည်ဆိုင်ရာသေနတ်ပစ်အားကစားကွင်း၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မိုးဝင်းနှင့် တာဝန်ရှိသူများတက်ရောက်၍ အမျိုးသမီး (၂၅) မီတာ ပစ္စတိုပြိုင်ပွဲ၊ အမျိုးသား (၅၀)မီတာ စိတ်ကြိုက်ပစ္စတိုပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးခဲ့ပါသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းနားကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာ အကြံပေး ဦးဌေးလင်း က အမျိုးသား(၁၀)မီတာလေပစ္စတို ပြိုင်ပွဲတွင် ပထမဆုရ ရဲထွန်းနောင် ရမှတ် (၅၇၇)မှတ်၊ ဒုတိယဆုရ ကျော်စွာဝင်း ရမှတ် (၅၇၁)မှတ်၊ တတိယဆုရ ဟန်မင်းထက် ရမှတ် (၅၅၉)မှတ် တို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေအကြံပေး ဒေါက်တာထွန်းထွန်းဝင်း က အမျိုးသား (၁၀)မီတာ လေရိုင်ဖယ်ပြိုင်ပွဲတွင် ပထမဆုရ ကောင်းမြတ်စံ ရမှတ် (၆၁၃.၇)မှတ်၊ ဒုတိယဆုရ မင်းဆက်ပိုင် ရမှတ် (၆၀၂.၅)မှတ်၊ တတိယဆုရ အောင်မိုးနိုင် ရမှတ် (၅၈၉.၃)မှတ် တို့အားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က အမျိုးသား(၂၅)မီတာ စံချိန်မီ ပစ္စတိုပြိုင်ပွဲတွင် တတိယဆုရ ဟန်မင်းထက် ရမှတ် (၅၅၄)မှတ်နှင့် အမျိုးသား (၅၀)မီတာ စိတ်ကြိုက်ပစ္စတိုပြိုင်ပွဲတွင် ပထမဆုရ လှိုင်ဝင်းစိုး ရမှတ် (၅၄၅)မှတ်၊ ဒုတိယဆုရ ရဲထွန်းနောင် ရမှတ် (၅၄၂)မှတ်၊ တတိယဆုရ ကျော်စွာဝင်း ရမှတ် (၅၃၈)မှတ် တို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် က အမျိုးသမီး(၁၀)မီတာ လေပစ္စတို ပြိုင်ပွဲတွင် ပထမဆုရ သူဇာဌေး ရမှတ် (၅၆၂)မှတ်၊ ဒုတိယဆုရ ချစ်စိုးနွယ် ရမှတ် (၅၅၆)မှတ်၊ တတိယဆုရ သင်းသင်းဆွေ ရမှတ် (၅၅၅)မှတ် တို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း က အမျိုးသမီး(၁၀)မီတာလေရိုင်ဖယ်ပြိုင်ပွဲတွင် ပထမဆုရ ဧမြတ်ရတနာဦး ရမှတ် (၆၁၁.၄)မှတ်၊ ဒုတိယဆုရ ဥမ္မာခိုင် ရမှတ် (၆၀၉.၃)မှတ်၊ တတိယဆုရ ကေဇင်ဝါဝါကို ရမှတ် (၆၀၄.၉)မှတ် တို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးအောင်သန်းဦး က အမျိုးသမီး(၂၅)မီတာ အားကစားပစ္စတို ပြိုင်ပွဲတွင် ပထမဆုရ သူဇာဌေး ရမှတ် (၅၅၄)မှတ်၊ ဒုတိယဆုရ သင်းသင်းဆွေ ရမှတ် (၅၅၀)မှတ်၊ တတိယဆုရ နီနီဝင်း ရမှတ် (၅၄၁)မှတ် တို့အားလည်းကောင်းဆုများ အသီးသီးချီးမြှင့်ခဲ့ပြီးနောက် မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ပြီး အဆိုပါဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ဆုကြေး ငွေများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်း၍ ချီးမြှင့်ခဲ့ကြောင်းသိရရှိရပါသည်။