အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား) ပြိုင်ပွဲ စတင်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၂4)။

ဂေါက်သီးရိုက်အားကစားနည်း ပိုမိုတိုးတက်လာစေရန်နှင့် ထူးချွန်သော မျိုးဆက်သစ် ဂေါက်သီးရိုက် အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် (၇)နာရီတွင် နေပြည်တော် မြို့တော်ဂေါက်ကွင်း၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံ ဂေါက်သီးရိုက်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးတို့က ဂေါက်သီးရိုက်၍ ဖွင့်လှစ်ခဲ့ပြီးနောက် ပထမနေ့(၁၈) ကျင်း ပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ  အမျိုးသား ပြိုင်ပွဲဝင်အသင်း(၁၅)သင်းမှ အားကစားသမား (၁၀၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် တစ်ဦးချင်း(အကျောပေး) ပြိုင်ပွဲတွင် သီဟစိုး(ကချင်ပြည်နယ်)မှ သတ်မှတ်ရိုက်ချက် (၇၂)ချက်ထက် လျော့ပြီး အကောင်းဆုံးစုစုပေါင်းရိုက်ချက်(၆၉)ချက်ဖြင့် အဆင့်(၁)၊ ကျော်မင်းထွန်း(မကွေး)မှ စုစုပေါင်းရိုက်ချက် (၆၉)ချက်ဖြင့် အဆင့်(၂)၊ ချစ်ရင်ထူး(ပဲခူး)မှ စုစုပေါင်း ရိုက်ချက်(၆၉)ချက်ဖြင့် အဆင့်(၃)၊ ဆိုင်းဒူ(ကချင်ပြည်နယ်)မှ စုစုပေါင်းရိုက်ချက်(၆၉)ချက်ဖြင့် အဆင့်(၄)၊ ဇော်နိုင်(မွန်ပြည်နယ်)မှ စုစုပေါင်းရိုက်ချက်(၇၀)ဖြင့် အဆင့်(၅)တို့အားလည်းကောင်း၊ တစ်ဦးချင်း(အကျောမဲ့)ပြိုင်ပွဲတွင်  ကောင်းထိုက်ဇော်(မန္တလေး)မှ သတ်မှတ်ရိုက်ချက်(၇၂)ချက်တွင် အကောင်းဆုံး စုစုပေါင်းရိုက်ချက်(၇၂)ချက်ဖြင့် အဆင့်(၁)၊ သီဟစိုး(ကချင်ပြည်နယ်)မှ စုစုပေါင်း ရိုက်ချက်(၇၃)ချက်ဖြင့် အဆင့်(၂)၊ ဟံသာအုန်း (ကချင်ပြည်နယ်)မှ စုစုပေါင်းရိုက်ချက်(၇၅)ချက်ဖြင့် အဆင့်(၃)၊ ပြည့်ဖြိုးအောင် (နေပြည်တော်)မှ စုစုပေါင်းရိုက်ချက် (၇၅)ချက်ဖြင့် အဆင့်(၄)၊ ထွန်းနိုင်မင်း (နေပြည်တော်)မှ စုစုပေါင်းရိုက်ချက်(၇၅)ချက်ဖြင့် အဆင့်(၅) တို့အားလည်းကောင်း၊ အသင်းလိုက် (အကျောပေး)ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သီဟစိုး၊ ဆိုင်းဒူ၊ ဟံသာအုန်း၊ ကျော်မျိုးအောင်တို့အတွဲသည် စုစုပေါင်းရိုက်ချက်(၂၀၈)ချက်ဖြင့် အဆင့်(၁)၊ မကွေးမှ ကျော်မင်းထွန်း၊ တင်လင်းကို၊ နေသူရိန်မင်း၊ ချစ်ကောင်းတို့အတွဲသည် စုစုပေါင်းရိုက်ချက်(၂၁၀)ချက်ဖြင့် အဆင့် (၂)၊  ရှမ်းပြည်နယ်မှ ကျော်နိုင်ဦး၊ နေဝင်းသိန်း၊ ကျော်မင်းနိုင်၊ စိုင်းသန်းအောင်တို့အတွဲသည် စုစုပေါင်းရိုက်ချက်(၂၁၁)ချက်ဖြင့် အဆင့် (၃)၊ မန္တလေးမှ ကောင်းထိုက်ဇော်၊ ပြည့်ဖြိုးအောင်၊ ဇော်ဇော်ထွန်း၊ ကိုကိုလတ်တို့အတွဲသည် စုစုပေါင်း ရိုက်ချက်(၂၁၂)ချက်ဖြင့် အဆင့်(၄)၊ နေပြည်တော်မှ ထွန်းနိုင်မင်း၊ မျိုးလင်းအောင်၊ ပြည့်ဖြိုးအောင်၊ ထွန်းမြင့်အောင်တို့အတွဲသည် စုစုပေါင်းရိုက်ချက် (၂၁၂)ချက်ဖြင့် အဆင့်(၅)တို့အားလည်းကောင်း၊ အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သီဟစိုး၊ ဆိုင်းဒူ၊ ဟံသာအုန်း၊ ကျော်မျိုးအောင် တို့အတွဲသည် စုစုပေါင်းရိုက်ချက်(၂၂၃)ချက်ဖြင့် အဆင့်(၁)၊ မန္တလေးမှ ကောင်းထိုက်ဇော်၊ ပြည့်ဖြိုးအောင်၊ ဇော်ဇော်ထွန်း၊ ကိုကိုလတ်တို့အတွဲသည် စုစုပေါင်းရိုက်ချက်(၂၂၄)ချက်ဖြင့် အဆင့် (၂)၊ နေပြည်တော်မှ ပြည့်ဖြိုးအောင်၊ ထွန်းနိုင်မင်း၊ ထွန်းမြင့်အောင်၊ မျိုးလင်းအောင်တို့အတွဲသည် စုစုပေါင်း ရိုက်ချက်(၂၂၇)ချက်ဖြင့် အဆင့်(၃)၊ မကွေးမှ တင်လင်းကို၊ ကျော်မင်းထွန်း၊ နေသူရိန်မင်း၊ ချစ်ကောင်း တို့အတွဲသည် စုစုပေါင်းရိုက်ချက်(၂၂၉)ချက်ဖြင့် အဆင့် (၄)၊ စစ်ကိုင်းမှ လှိုင်မြင့်ဇော်၊ လွင်မိုး၊ ဟိန်းထက်စိုး၊ အောင်လင်းဦးတို့အတွဲသည် စုစုပေါင်းရိုက်ချက်(၂၂၉)ချက်ဖြင့် အဆင့်(၅)တို့အား လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများသည်   ပထမနေ့(၁၈)ကျင်း ပြိုင်ပွဲအပြီးတွင် အဆင့်များ အသီးသီးရရှိခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက် (အမျိုးသား) ပြိုင်ပွဲကို ဒီဇင်ဘာလ(၂၄)ရက်နေ့မှ (၂၆) ရက်နေ့အထိ နေ့စဉ်နံနက် (၇)နာရီတွင် နေပြည်တော် မြို့တော်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။