အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြခန်းအား လာရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ (၄)။

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များပြပွဲကို နေပြည်တော် ဥပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်းအတွင်း၌  ဝန်ကြီးဌာနပေါင်းစုံမှ ပြခန်း(၂၅)ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်း(၁၅)ခန်း၊ တိုင်းရင်းသားရိုးရာအစားအစာ ပြခန်း (၁၅)ခန်း၊ စုစုပေါင်းပြခန်း(၅၅)ခန်းနှင့် ဝန်ကြီးဌာနများအလိုက် ကိုယ်စားပြုဂုဏ်ပြုယာဉ်(၂၆)စီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြုဂုဏ်ပြုယာဉ်(၁၅)စီး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ် (၁)စီး၊ ပြည်ထောင်စုနောက်ပိတ် ဂုဏ်ပြုယာဉ်(၁)စီး၊ တပ်မတော်ကိုယ်စားပြု ဂုဏ်ပြုယာဉ်(၅)စီး၊ စုစုပေါင်း ဂုဏ်ပြုယာဉ်(၄၈)စီးတို့ကို ပြသထားလျက်ရှိပါသည်။

အဆိုပါ ပြပွဲ၌ ပြသထားသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းအား ယနေ့ ညနေ (၁၅:၀၀) နာရီအချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် လာရောက်ကြည့်ရှုအားပေးခဲ့ရာ ပြခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသွားခဲ့သည်။

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များပြပွဲကို ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ တပေါင်းကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ပြည်သူများအားလုံး အခမဲ့ လာရောက်လည်ပတ်လေ့လာနိုင်ကြောင်း သိရသည်။