အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

တောင်ကြီး ဩဂုတ်လ(၂၈)ရက်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ (၂၈.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်း‌ဒေသကြီအသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ နေပြည်တော်တိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့က တောင်ကြီးတက္ကသိုလ်အားကစားကွင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့်တနင်္သာရီတိုင်း‌ဒေသကြီအသင်းကို(‌၄)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ နေပြည်တော်တိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းကို (၆)ဂိုး (၁)ဂိုးဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ကြပြီး အကောင်းဆုံးအားကစားသမားဆုများကို ဧရာဝတီတိုင်း‌ဒေသကြီးအသင်းမှ ကျောနံပါတ်(၇) အင်ကြင်းခိုင်နှင့် နေပြည်တော်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁၁) ဝင်းစန္ဒာတို့မှ ရရှိခဲ့ကြသည်။

အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးနေလင်းဦးနှင့် ရှမ်းပြည်နယ် ဘောလုံးဆပ်ကော်မတီဥက္ကဌ ဦးခင်မောင်လွင်ကြီးမှ လည်းကောင်းဆုများပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

(၂၉.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊‌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့က တောင်ကြီးတက္ကသိုလ်အားကစားကွင်းတွင်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစား‌ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။