အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ

တောင်ကြီး၊ ဩဂုတ် (၂၇)။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများကို ပြည်နယ်အားကစားကွင်းနှင့် တောင်ကြီးတက္ကသိုလ်ကွင်းများတွင် ဆက်လက်ကျင်းပလျက်ရှိရာ ၂၅-၈-၂၀၂၃ ရက်နေ့ ပွဲစဉ်များတွင် ကချင် ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို(၂)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို(၄)ဂိုး ဂိုးမရှိဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ကြပြီး အကောင်းဆုံးအားကစားသမားဆုများကို ကချင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၁) ဂျာတွယ်ဘောက်နှင့် မကွေးတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၈) မြနှင်း‌ဝေတို့ ရရှိခဲ့ကြသည်။

၂၆-၈-၂၀၂၃ ရက်နေ့ ပွဲစဉ်များတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို(၄)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို(၅)ဂိုး ဂိုးမရှိဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ကြပြီး အကောင်းဆုံးအားကစားသမားဆုများကို ရခိုင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၁) ထက်ထက်ဝင်းနှင့် ရှမ်းပြည်နယ်အသင်းမှ ကျောနံပါတ်(၆) နန်းအေးနန္ဒာဝင်းတို့မှ ရရှိခဲ့ကြသည်။

၂၇-၈-၂၀၂၃ ရက်နေ့ ပွဲစဉ်များတွင်

ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို(‌၆)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို(၁)ဂိုး ဂိုးမရှိဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ကြပြီး အကောင်းဆုံးအားကစားသမားဆုများကို ကရင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၀) ရတနာနှင့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁) ဝိုင်းတုံချစ်တို့မှ ရရှိခဲ့ကြသည်။

အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား ရှမ်းပြည်နယ်အစိုးရအ့ဝင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တောင်ကြီးတက္ကသိုလ် ဒုပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးမှ လည်းကောင်းဆုများပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

(၂၈.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့်တနင်္သာရီတိုင်း‌ဒေသကြီအသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊‌နေပြည်တော်တိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်း တို့က တောင်ကြီးတက္ကသိုလ်အားကစားကွင်းတွင်လည်းကောင်း ဆက်လက်ယှဉ်ပြိုင် ကစား‌ကြမည် ဖြစ်ကြောင်းသိရှိရပါသည်။