အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားများကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၃)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ နှင့် ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲတို့၏ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့်(၃)တို့ကြား၌ ကျင်းပခဲ့သည်။

ယနေ့ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား) ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအသင်းကို (၂)ပွဲ ၊ (၁)ပွဲဖြင့်လည်းကောင်း၊ (အမျိုးသမီး) ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

ထို့နောက် ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို ရမှတ်(၁၈)မှတ်၊(၁၂)မှတ်ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို (၁၈)မှတ်၊(၁၂)မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ လွန်ဆွဲ(အမျိုးသမီး) ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသင်းကို မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းလင်းသောင်းက ဂုဏ်ပြုဆုငွေ ကျပ်(၅) သိန်းအားလည်းကောင်း၊ တတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် သူရဦးဘိုနီက တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေ (၁၀)သိန်းကျပ်အားလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထောင်စုရာထူးဝန်အသင်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်က တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေ ကျပ် (၁၅)သိန်းအားလည်းကောင်း၊ ပထမဆုရရှိသော အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၂၀)အားလည်းကောင်း၊ လွန်ဆွဲ (အမျိုးသား)ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအသင်းကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အမြဲတမ်းအတွင်းဝန် ဦးလှဌေးက ဂုဏ်ပြုဆုငွေ ကျပ်(၅) သိန်းအားလည်းကောင်း၊ တတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေ ကျပ်(၁၀) သိန်းအားလည်းကောင်း၊ ဒုတိယဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေ ကျပ်(၁၅)သိန်းအား လည်းကောင်း၊ ပထမဆုရရှိသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြု ဆုငွေကျပ်သိန်း(၂၀)အားလည်းကောင်း၊ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းလင်းသောင်း က ဂုဏ်ပြုဆုငွေ ကျပ်(၅)သိန်းအားလည်းကောင်း၊ တတိယဆုရရှိသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေ ကျပ်(၁၀)သိန်းအားလည်းကောင်း၊ ဒုတိယဆုရရှိသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေ ကျပ်(၁၅)သိန်းအားလည်းကောင်း၊ ပထမဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၂၀)နှင့် တံခွန်စိုက်ဆုဖလားအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။