အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကျင်းပ

နေပြည်တော် ၊ ဒီဇင်ဘာလ (၂၁) ရက်။

၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ယနေ့ နံနက်(၈) နာရီအချိန်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ B တွင် ကိုဗစ်- ၁၉ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ မြန်မာနိုင်ငံ ယဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးကြီး ဦးစိုးမြင့်ဦး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရူအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ နံနက် (၈) နာရီအချိန်တွင် ပညာရေးဝန်ကြီးဌာန (အမျိုးသမီး)အသင်းနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (အမျိုးသမီး)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာနအသင်းမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၂၅ : ၄၊ ၂၅ : ၃၊ ၂၅ : ၅) မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ နံနက် (၉)နာရီအချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (အမျိုးသမီး)အသင်းနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ (အမျိုးသမီး)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို ရမှတ် ( ၂၅ : ၅၊ ၂၅ : ၀၊ ၂၅ : ၂) မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် နံနက်(၁၀) နာရီအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန (အမျိုးသား)အသင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (အမျိုးသား)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းကို ရမှတ် ( ၂၅ : ၉၊ ၂၅ : ၁၆၊ ၂၅ : ၁၆ ) မှတ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန (အမျိုးသား)အသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (အမျိုးသား)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းကို ရမှတ် (၂၅ : ၂၃၊ ၂၅ : ၂၀၊ ၂၅ : ၁၃) မှတ်တို့ဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြပါသည်။

(၂၂.၁၂.၂၀၂၁) ရက်နေ့ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားရုံ B တွင် နံနက် (၈) နာရီ အချိန်မှစတင်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (အမျိုးသမီး)အသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (အမျိုးသမီး) အသင်းတို့မှလည်းကောင်း၊ နံနက် (၉) နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (အမျိုးသမီး)အသင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (အမျိုးသမီး) အသင်းတို့မှလည်းကောင်း၊ နံနက် (၁၀) နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (အမျိုးသား)အသင်းနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ (အမျိုးသား) အသင်းတို့မှ လည်းကောင်း၊ နံနက် (၁၁)နာရီအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန (အမျိုးသား)အသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (အမျိုးသား)အသင်းတို့မှ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။