အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၂)ကြိမ်မြောက် အာဆီယံအားကစားအရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး (HEAD OF DELEGATE) ဦးဆောင်၍ တက်ရောက်

နေပြည်တော်၊ အောက်တိုဘာလ (၂၇)ရက်။

(၁၂)ကြိမ်မြောက် အာဆီယံအားကစားအရာရှိကြီးများ အစည်းအဝေး၊ Senior Officials Meeting on Sports (SOMS-12)၏ Related Meetings များဖြစ်သည့် The 2nd ASEAN Plus Japan Meeting on Women and Sports နှင့် The 4th ASEAN Plus Japan Senior Officials Meeting on Sports ကို ၂၇.၁၀.၂၀၂၁ ရက်နေ့၊ ဒုတိယနေ့အဖြစ် Video Conference ဖြင့် ဆက်လက်ကျင်းပရာ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံ အပါအဝင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး(Head of Delegate) ဦးဆောင်၍ ညွှန်ကြားရေးမှူး၊ ဦးခွန်ဂျာအောင် နှင့် MOC ရုံးအဖွဲ့တို့မှ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအား မြန်မာစံတော်ချိန် နံနက် (၈)နာရီတွင် စတင်ခဲ့ပြီး ဒုတိယနေ့အစီအစဉ်များအဖြစ်-

(၁) အစည်းအဝေးစတင်ကြောင်းကြေညာခြင်းနှင့် SOMS-12 ဥက္ကဋ္ဌ၊ Ms. Tan Gee Keow, Singapore မှ အဖွင့်အမှာစကားပြောကြားခြင်း

(၂) SOMS-12 ဥက္ကဋ္ဌဖြစ်သည့် စင်ကာပူနိုင်ငံမှ အစည်းအဝေးအစီအစဉ်ပြင်ဆင်ထားရှိ မှုများအား တင်ပြခြင်း

(၃) 1st ASEAN Plus Japan Meeting on Women and Sports ၏ ဆုံးဖြတ်ချက်များအား ဆောင်ရွက်နေမှုအား တင်ပြခြင်း

(၄) ASEAN – Japan အားကစားဆိုင်ရာပူးပေါင်းဆောင်ရွက်နေမှုများအား တင်ပြခြင်း

(၅) အထွေထွေကိစ္စရပ်များဆွေးနွေးခြင်း

(၆) 3rd ASEAN Plus Japan Meeting on Women and Sports အစည်းအဝေးကို ထိုင်းနိုင်ငံတွင် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ၌ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာခြင်း

(၇) 2nd ASEAN Plus Japan Meeting on Women and Sports အစည်းအဝေး၏တင်ပြဆုံးဖြတ်ချက်များအား အတည်ပြုခြင်း

(၈) The 4th ASEAN Plus Japan Senior Officials Meeting on Sports အား ဆက်လက်ကျင်းပရာ SOMS-12 ဥက္ကဋ္ဌ၊ Ms. Tan Gee Keow, Singapore မှ ပြင်ဆင်ထားရှိသည်များကို ရှင်းလင်းတင်ပြခြင်း

(၉) 3rd SOMS+Japan အပါအဝင် အခြားဆက်စပ်အစည်းအဝေးများ၏ ဆုံးဖြတ်ချက် များကို တင်ပြခြင်း

(၁၀) SOMS+Japan ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခြင်း

(၁၁) (၃) ကြိမ်မြောက် အာဆီယံအားကစားဝန်ကြီးများနှင့် Japan ပူးပေါင်း ဆောင်ရွက်မှုအစည်းအဝေး (3rd AMMS+Japan) အားပြင်ဆင်ထားရှိမှုကို တင်ပြခြင်း

(၁၂) အထွေထွေကိစ္စရပ်များဆွေးနွေးခြင်း

(၁၃) The 5th ASEAN Plus Japan Senior Officials Meeting on Sports အား ထိုင်းနိုင်ငံတွင် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ၌ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာခြင်း

(၁၄) The 4th ASEAN Plus Japan Senior Officials Meeting on Sports တွင် ဆွေးနွေးချက်များအားဆောင်ရွက်ရန် အတည်ပြုခြင်း

(၁၅) SOMS-12 ဥက္ကဋ္ဌ၊ စင်ကာပူနိုင်ငံမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းနှင့် အစည်းအဝေး ပြီးမြောက်ကြောင်းကြေညာခြင်း

တို့ဖြစ်ပြီး မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီတွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။