အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တောင်ကြီးမြို့ ပြည်နယ်အရံ အားကစားကွင်းမြေနေရာ သွားရောက် ကြည့်ရှုစစ်ဆေး

တောင်ကြီး၊ အောက်တိုဘာ ၁ ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက် မျှော်မှန်းချက်များနှင့်အညီ လူငယ်များသည် နောင်အနာဂတ် တိုင်းပြည်တာဝန်အား ထမ်းဆောင်ကြရမည်ဖြစ်၍ ရေရှည်အနေဖြင့် အားကစားအပိုင်းအား ဆောင်ရွက်နေသော်လည်း လူငယ်များ၏အနာဂတ် ရေရှည်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင် တို့လိုက်ပါလျက် ပြည်နယ်အရံအားကစားကွင်း (ဧက ၂၀) အား မြေနေရာအတည်ပြု သတ်မှတ်ထားသော အမှတ်အသားများအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။