အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းများနှင့် စားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးး

နေပြည်တော်၊ ဩဂုတ်လ (၂၁)ရက်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက် (၇)နာရီခွဲအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းများနှင့် စားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ လက်ရွေးစင်အားကစားသမားများ၏ စားရိပ်သာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ အားကစားသမားများ၏ လိုအပ်သော အာဟာရပြည့်ဝစွာ (ကယ်လိုရီ)ကျွေးမွေးနိုင်ရေးနှင့် ချက်ပြုတ်ကျွေးမွေးနေမှု၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Fitness Center GYM ခန်းမသို့ ရောက်ရှိလာပြီး ဂျူဒို၊ ဗိုဗီနမ်၊ တိုက်ကွမ်ဒို၊ ဝူရှူး အားကစားသမားများ အားကစားနည်းအလိုက် Physical Fitness လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး၍ နည်းပြများ အားကစားနည်းအလိုက် ကစားသမားများ လေ့ကျင့်နေမှု လိုအပ်ချက်များ လိုက်လံကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ပြေးခုန်ပစ်၊ အမြင့်ခုန် အားကစားသမားများ၏ လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးကာ အားကစားနည်းအလိုက် လိုအပ်ချက်တင်ပြမှုအား ဖြည်းဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွန်းလွှဲ (၁၂)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ ဘက်စုံသုံးစုပေါင်းခန်းမ၌ အားကစားနည်းအလိုက် နည်းပြများအား တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲများ အားကစားကို စိတ်ပါဝင်စား အားပေးနေချိန်တွင် မြန်မာအားကစား အောင်မြင်တိုးတက်မှုရရှိစေရေးအတွက် ဘက်ပေါင်းစုံမှ အားလုံးဝိုင်းဝန်း ပူးပေါင်း ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အားကစားသမားများ တစ်ဦးချင်းတိုးတက်မှု ရှိ/မရှိသည် သက်ဆိုင်ရာနည်းပြ၏ အခန်းကဏ္ဍမှာ အရေးကြီးပါကြောင်း၊ တိုးတက်နေသော အားကစားနည်း အလိုက် နည်းစနစ်နှင့် သင်ကြားမှုပုံစံများကို နိုင်ငံတကာနှင့် ချိတ်ဆက်၍ အမြဲတမ်း တိုးတက်ပြောင်းလဲလာမှုကို မျက်ခြေမပြတ်လေ့လာ၍ ပြန်လည်သင်ကြားပြသနိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာအားကစား တိုးတက်လာစေရေးတွင် နည်းပြများ၏ အရည်အသွေး/အရည်အချင်း တိုးတက်လာမှုနှင့်လည်း သက်ဆိုင်ပါကြောင်း၊ အားကစားသမားများတိုးတက်အောင် နည်းပြရာတွင် Sports Science (အားကစားနှင့် သိပ္ပံနည်းကျလေ့လာပေးနိုင်မှု)၊ Sports Psychology (အားကစားနှင့် စိတ်ပညာ)၊ Sports Nutrition (အားကစားနှင့် အာဟာရ) စသည့်တို့ စနစ်တကျလေ့လာ၍ အားကစားသမားများ တိုးတက်အောင် သိပ္ပံနည်းကျ လေ့လာပေးရန် လိုအပ်ကြောင်း၊ အားကစားသမားများ ပြိုင်ပွဲဝင်ရာတွင် အောင်မြင်မှု၊ စိတ်ဓာတ်မြင့်မားစွာ ရှိစေရေးသည် အထူးအရေးကြီးပြီး ထိုသို့အောင်နိုင်စိတ်ရှိစေရန် အစဉ်တစိုက် ရိုက်သွင်းလေ့ကျင့်ပေးနေရန် နည်းပြများ၏ တာဝန်ပင် ဖြစ်ပါကြောင်း၊ အားကစားသမားများ လေ့ကျင့်မှုပြည့်ဝစေရေး အာဟာရပြည့်စုံစွာ စားသောက်မှု ရှိစေရေး၊ လုံလောက်သော အနားယူမှု ရှိစေရေး၊ အနီးကပ် ကြီးကြပ်လေ့ကျင့်ပေးနေသော နည်းပြများ၏ တာဝန်ဖြစ်ပါကြောင်းပြောကြားကာ မြန်မာအားကစားအောင်မြင်မှု ရရှိစေရေးအတွက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အားကစားအဖွဲ့ချုပ်များ၊ နည်းပြများ၊ အားကစားသမားများ အားလုံး ဟန်ချက်ညီညီ စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် အားကစားနည်းအလိုက် နည်းပြများအား ဒုတိယဝန်ကြီးမှ လက်ရှိ ပြည်ပနိုင်ငံများသို့ သွားရောက်ပူးတွဲလေ့ကျင့်နေမှုအား အားကစားနည်း (၆)နည်းမှ အားကစားသမား (၇၉)ဦး၏ နိုင်ငံတကာ နည်းပြသင်ကြားပြသနေမှု ပုံစံများ၊ အာဟာရကျွေးမွေးမှု ပုံစံများနှင့် နေရာထိုင်ခင်းကို ကိုဗစ်-၁၉ စည်းကမ်းနှင့် အညီ စီစဉ်ဆောင်ရွက်ထားရှိမှုတို့အား Video Files ဖြင့် ပြသ၍ ဒုတိယဝန်ကြီးမှ မိမိတို့နည်းပြများနှင့် ကွာဟချက်ရှိမှုများကို ရှင်းလင်းပြောကြား လမ်းညွှန်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီးနဲ့အတူ ညွန်ကြားရေမှူးချုပ်ဦးထွန်းမြင့်ဦး၊ ဒုတိယညွန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိသူများ နည်းပြများ တက်ရောက်ကြပါသည်။